“ Kapoor and Sons “ ဆိုတဲ့ ကုလားကားလေး မနေ့ကကြည့်ဖြစ်တယ်

“ Kapoor and Sons “ ဆိုတဲ့ ကုလားကားလေး မနေ့ကကြည့်ဖြစ်တယ်။ငိုရပြန်တယ်။နိုင်ငံခြားမှာနေတဲ့မြေး ၂ ယောက်ကို အသက် ၉၀ ကျော်အဖိုးက Video ဖိုင်လေးပို့လိုက်တဲ့အခန်းမှာ စငိုမိတာပဲ။အရှေ့မှာကတည်း က ငို ဖို့တာစူနေရသမျှ အဲဒီအခန်းမှာ ထိန်းမရတော့။တကယ်တမ်းက အဖွားကို လေဆိပ်သွားပို့ကတည်းက ငိုချင်နေတာ။အဖွားကိုလေဆိပ်သွားပို့ရတိုင်း “ငါ အဖွားနဲ့ နောက်ထပ်တွေ့ရပါဦးမလား?” ဆိုတဲ့စိတ်အမြဲဖြစ်တယ်။အဲဒါ ၅ တန်း / ၆ တန်းလောက်ကတည်းကပဲ။လူ့သက်တမ်းဟာ အရမ်းတိုတယ်။“ကိုယ် ချစ်ရတဲ့သူတွေနဲ့ တွေ့ဆုံရခြင်းဟာ အချိန်မရွေးနောက်ဆုံးတွေ့ဆုံမှု ဖြစ်သွားနိုင်တယ်”ဆိုတဲ့ စိတ်နဲ့အသက်ရှင်နေရခြင်း ဟာ ကောင်းလည်းကောင်းတယ်။ မကောင်းလည်းမကောင်းပြန်ဘူး။အခြေအနေပေးရင်ရခိုင်ကိုသွားဖို့ ကထွင်းနဲ့(မနေ့ညက)တိုင်ပင်ဖြစ်ကြတယ်။(ထိုင်ငိုနေတဲ့ မိမိကိုချော့ရင်း သူလည်း စိတ်မကောင်းဖြစ်သွားတယ်နဲ့တူပါ့။”ရခိုင်သွားကြမယ်လေ” တဲ့။)အဖိုးနဲ့အဖွား ကျန်းကျန်းမာမာရှိနေတုန်း ရခိုင်ကအိမ်ကို တစ်ခေါက်လောက်တော့ ရောက်အောင်သွားဦးမယ်။ကိုယ် ချစ်ရတဲ့သူတွေနဲ့ တွေ့ဆုံရခြင်းဟာ အချိန်မရွေးနောက်ဆုံးတွေ့ဆုံမှု ဖြစ်သွားနိုင်တာကြောင့် သူတို့အတွက် ကိုယ်လုပ်ပေးနိုင်တာလေးတွေကိုအကောင်းဆုံးလုပ်ပေးနိုင်ဖို့ပိုအာရုံစိုက်ဖြစ်တယ်။

#NOe

Leave a Reply

Your email address will not be published. Required fields are marked *