အခုတစ်လော မြန်မာအဆိုတော် အသစ်တွေထဲမှာ Shine ကိုသဘောကျတယ်

အခုတစ်လော မြန်မာအဆိုတော် အသစ်တွေထဲမှာ Shine ကိုသဘောကျတယ်။ပထမဆုံးနားထောင်ဖူးတဲ့”The Old You”ကတည်းက စ သဘောကျတာပဲ။”ARIAN” ဆိုလည်း လန်ထွက်နေတာပဲ။ခဏခဏနားထောင်မိတာကတော့ “ချစ်တေးသံသာ”။အခုနောက်ဆုံးထွက်တဲ့ 1990 လည်းကြိုက်တယ်။ဘာလို့ကြိုက်လဲဆိုတော့ … သူက သူများတွေမရေးတဲ့ အကြောင်းအရာလေးတွေကို သီချင်းလုပ်ဆိုတတ်တယ်။အကြောင်းအရာတူရင်တောင် မတူတဲ့ရှု့ထောင့်လေးတွေကနေဖန်တီးတာတွေ့ရတယ်။ဥပမာ 1990 အဖေအကြောင်းရေးထားတာ။Drama တွေမပါဘူး။ကြေကွဲ ကြွေမွနေခြင်းတွေမပါဘူး။But ရင်ထဲထိတယ်။ပြီးတော့ သူ့သီချင်းလေးတွေက (မိမိအတွက်)လှတယ်။အခုနောက်ပိုင်းထွက်လာတဲ့ သီချင်းလေးတွေမှာ လှတဲ့သီချင်းလေးတွေရှားတယ်။(ခပ်ရိုင်းရိုင်းနဲ့ မှောင်နေတာတွေပိုများတယ်။)Shine သီချင်းလေးတွေက လှတယ်။”အပိုတွေမပြောပါနဲ့ ။ ရခိုင် အချင်းချင်းဖြစ်လို့ သဘောကျတာမလား?” လို့အသားလွတ်ကြီးလာရွဲ့လို့ကတော့ အားမနာတမ်း ပြန်ဆဲမှာ။တကယ်ဆဲမှာ။အနုပညာကိုမကြည့်ဘဲ ကိုယ်နဲ့လူမျိုးချင်းတူတိုင်း ၊ ရခိုင်ဖြစ်တိုင်းသဘောကျရအောင် မိမိသည် ဦးနှောက်ပျက်နေတာလည်းမဟုတ်။ စိတ်ခံစားမှု ချို့တဲ့နေတာလည်းမဟုတ်။နောက်တစ်ခုက ရခိုင်ဖြစ်တိုင်းကြိုက်ရကြေးဆို နေတိုးကို မိမိကြိုက်နေမှာပေါ့။နေတိုးကို မိမိ မကြိုက်ဘူး။စပေါ်တုန်းကလည်းမကြိုက်ဘူး။အခုလည်းမကြိုက်ဘူး။ဒါဟာ ရခိုင်ဖြစ်နေလို့တမင်မကြိုက်တာမဟုတ်ဘူး။သူရဲ့ အနုပညာဟာ ကိုယ်နဲ့ အဆင်မပြေနေမှုကြောင့်ပဲ။Shine ကိုသဘောကျတာက သူ့ဖန်တီးမှုတွေက ကိုယ်တွေရဲ့ ခံစားသက်ဝင်တတ်မှုနဲ့ ကိုက်ညီနေလို့ပဲ။ပြောချင်တာက အခုတစ်လော မြန်မာအဆိုတော် အသစ်တွေထဲမှာ Shine ကိုသဘောကျတယ်။

#NOe

Leave a Reply

Your email address will not be published. Required fields are marked *