လူတစ်ယောက်ဟာ ကိုယ့်ဘဝမှာဇာတ်ဆောင်ဆိုပေမယ့် သူများတွေရဲ့ဘဝမှာ ဇာတ်ပို့တစ်ယောက်ထက်မပိုဘူး

လူတစ်ယောက်ဟာ ကိုယ့်ဘဝမှာဇာတ်ဆောင်ဆိုပေမယ့် သူများတွေရဲ့ဘဝမှာ ဇာတ်ပို့တစ်ယောက်ထက်မပိုဘူး။တစ်ချို့လူတွေဘဝမှာဆို ကိုယ်တွေဟာ ဇာတ်ရံ (သို့မဟုတ်) ဖြတ်လျှောက်အဆင့်လောက်ပဲရှိတာပါ။အဲဒါကို နားမလည်ဘဲ “လူတိုင်းရဲ့ဘဝထဲမှာ ကိုယ်ဟာ ဇာတ်ဆောင်ဖြစ်ချင်တယ်။လူတိုင်းဟာ ကိုယ့်ကိုချည်းပဲ ဗဟိုပြုနေရမယ်။ “ဆိုတာမျိုး လောဘတက်လို့မရဘူး။ဒါကို ကောင်းကောင်းကြီးနားလည်လက်ခံနိုင်လိုက်တဲ့အခါ (မိမိအနေနဲ့)ဘဝမှာနေထိုင်လို့တော်တော်အဆင်ပြေတယ်။နားလည်လွယ်အောင်ပြောရရင်ဗျာ “ကိုယ့်နေရာကိုယ်သိဖို့လိုတယ်”။ဇာတ်ဆောင်နေရာမှာ ဇာတ်ဆောင်လိုနေ ၊ဇာတ်ပို့နေရာဆိုလည်း ဇာတ်ပို့လိုနေ ၊ ဇာတ်ရံနေရာဆိုလည်း ဇာတ်ရံလို…၊ ဖြတ်လျှောက်ဆိုလည်း ဖြတ်လျှောက်လို…ကျရာနေရာမှာ ကျတဲ့ဇာတ်ရုပ်နဲ့အကောင်းဆုံး နေနိုင်မှ အကယ်ဒမီမရရင်တောင် ၊ ပြောစမတ်မကျန်ရင်တောင် ကိုယ့်လုပ်ရပ်ဟာ သက်ဆိုင်သူတွေရဲ့ စိတ်ထဲစွဲကျန်ခဲ့မှာပါပဲ။အဲလိုမဟုတ်ဘဲ အလကားနေ ဇာတ်ဆောင်နေရာချည်းနေချင်ပြီး မလိုအပ်ဘဲနဲ့ အိုဗာအိုက်တင်ကြီးတွေချိုးနေရင် မြန်မာပေါကားတွေထဲက ပေါကောင်တွေလိုဖြစ်နေမှာပဲ။လောကဟာ ဇာတ်ခုံတစ်ခုသာဖြစ်တယ်။အချိန်တန်ရင် အကုန်ပြီးသွားမှာပဲ။လူတစ်ယောက်ဟာ ကိုယ့်ဘဝမှာဇာတ်ဆောင်ဆိုပေမယ့် သူများတွေရဲ့ဘဝမှာ ဇာတ်ပို့တစ်ယောက်ထက်မပိုဘူး။တစ်ချို့လူတွေဘဝမှာဆို ကိုယ်တွေဟာ ဇာတ်ရံ (သို့မဟုတ်) ဖြတ်လျှောက်အဆင့်လောက်ပဲရှိတာပါ။အဲဒါကို နားမလည်ဘဲ “လူတိုင်းရဲ့ဘဝထဲမှာ ကိုယ်ဟာ ဇာတ်ဆောင်ဖြစ်ချင်တယ်။လူတိုင်းဟာ ကိုယ့်ကိုချည်းပဲ ဗဟိုပြုနေရမယ်။ “ဆိုတာမျိုး လောဘတက်လို့မရဘူး။ဒါကို ကောင်းကောင်းကြီးနားလည်လက်ခံနိုင်လိုက်တဲ့အခါ (မိမိအနေနဲ့)ဘဝမှာနေထိုင်လို့တော်တော်အဆင်ပြေတယ်။#NOe

Leave a Reply

Your email address will not be published. Required fields are marked *