မကြာခင် ၁၀ တန်းအောင်စာရင်းထွက်တော့မယ်

အိမ်း….ထုံးစံအတိုင်းမြင်ရ ၊ ကြားရဦးမှာပေါ့။စာမေးပွဲကျတဲ့သူတွေနဲ့ အမှတ်နည်းတဲ့သူတွေကို နှစ်သိမ့်သလိုလိုနဲ့ စာမေးပွဲအောင်တဲ့သူတွေနဲ့ဂုဏ်ထူးပါတဲ့သူတွေကိုပါ ပါးပါးလေး နှိပ်ကွတ်တဲ့ အကွက်တွေ။“၁၀ တန်းအောင်ပြီးအမှတ်များတော့ရော ဘာသုံးစားရမှာလဲကွာ” ဆိုတာမျိုးတွေပေါ့။တစ်ချို့ကျတော့ တစ်ဖက်ကို တကယ့်စိတ်ရင်းနဲ့နှစ်သိမ့်ကြရင်း နောက်တစ်ဖက်ကို မသိဘဲနှိပ်ကွတ်မိကြတာဆိုပေမယ့် တစ်ချို့ကျတော့လည်း ဒါကြီးကိုအခွင့်ကောင်းယူပြီးတော့ တမင်ကြီးကို နှိပ်ကွတ်ကြတာပါ။အခုနောက်ပိုင်း အဲလို case တွေက နေရာစုံမှာတွေ့လာရတယ်။ဥပမာ – Single Mom တွေကို အားပေးသလိုလိုနဲ့ ကိုယ်ကြည့်မရတဲ့ လင်ရှိကလေးအမေ တွေကိုခပ်ပါးပါးလေး လှောင်တာမျိုး။အပြင်ထွက်အလုပ်လုပ်ပြီးပိုက်ဆံရှာတဲ့အမျိုးသမီးတွေကို ထောက်ခံသလိုလိုနဲ့ အိမ်တွင်းအောင်းပြီး အိမ်အလုပ်လုပ်နေတဲ့ အမျိုးသမီးတွေကို မသိမသာ နှိမ့်ချလိုက်တာမျိုး။လူပျို ၊အပျိုတွေဖက်ကရပ်တည်သလိုလိုနဲ့ သမီးရည်းစားတွေ ၊ လင်မယားတွေကို “စောက်ပိုတွေပါကွာ” ဆိုတဲ့အချိုးတွေချိုးသွားတာမျိုး။စွန့်ဦးတီထွင်သမားတွေကို စိတ်ခွန်အားပေးသလိုလိုနဲ့ အစိုးရဝန်ထမ်းတွေ Company ဝန်ထမ်းတွေကို “အသုံးမကျတဲ့ကောင်တွေ”ဆိုပြီးသွယ်ဝိုက်ပြောဆိုသွားတာမျိုး ။အများကြီးပဲ။လူတွေက ဘာလဲ?မုဒိတာတရားခေါင်းပါးလာကြတာလား?ဒါမှမဟုတ် “ငါနဲ့မတူ ငါ့ရန်သူ” ဆိုတာမျိုးတွေချည်းလား?တစ်ဖက်နဲ့ အမြင်မတူခြင်းဟာ စော်ကားပိုင်ခွင့်မှမဟုတ်တာ

#NOe

Leave a Reply

Your email address will not be published. Required fields are marked *