24.11.2018

This afternoon, I attended the “Becoming a Tech Entrepreneur ” event as one of the panelists at “Exuberance Panel” and shared about me , my career life and my future dreams .

There were some girls asked me if the organization I’m participating, Geek Girls runs events and activities as commercial , how Geek Girls is using registration fees from members and so on.

I got shock when I heard these questions.

Actually, Geek Girls is neither a organization nor a commercial business. It’s just a platform to communicate among women working in Myanmar Tech Industry.

We , all the board members , are running our own businesses and have well enough income from each of them. For me , Geek Girls is just for fun not for fund. And the others are same as me. I make money mainly by running my business and sometimes working as consultant for some people secretly , speaker at some events and trainer at some workshops.

So, except some trainer fees for Geek Girls workshop tours , I haven’t get any penny from it. Sometimes, I have to spend from my pocket.

I didn’t explain the girls in detail as it’s too weird . But I told them that I don’t know where they heard such rumors and to ask the ones how much they spent for Geek Girls.

I hate such Dramas a lot. That’s why I quit from Facebook. In Myanmar, Facebook is like a gossip garbage heap and so annoying. People are sharing mostly hate speech ,rumors and gossip mostly there.

They also usually use so rude word shamelessly. I can’t understand such people.

Why they want to creat and share such dramatic rumors a lot? Yes If they don’t like someone, they should just stay away from them or confront with them face to face.

Instead of them , they just do underhand machinations.

And there’s another type of people I can’t understand on Facebook.

That type is people who love to promote themselves with fake things.

For example, although being nothing , they pretend like a successful people. Sometimes, they copy other people ‘s idea without credit and post like their own.

My biggest problem is knowing the truth of whatever they are lying. I want to advise them that if they want to be successful, they should try honestly to be instead of doing such shit things.

But I also understand that’s their rights, they can post anything on their own Facebook wall as they like. That’s why I uninstalled Facebook from my phone as I also have rights to do thus.

Anyway , as I met with many successful and famous CEOs and real (not fake) Entrepreneurs , today has been so meaningful for me.

Thank you so much everyone who made today happened.

#NOe

ဝါသနာ

***တစ်ချို့တွေက သူတို့ ဖတ်ဖုူးခဲ့တဲ့ စာအုပ်ကြီးတွေအကြောင်း ဂုဏ်ယူနေကြတဲ့အချိန်မှာ
ကျုပ်ကတော့ ကျုုပ်ရေးခဲ့ဖူးတဲ့ စာလုံးလေးတွေတစ်လုံးစီတိုင်းအတွက် ကျေနပ်မိလို့မဆုံးဘူး။***
ကျုပ်က စာရေးဆရာတော့မဟုတ်ပါဘူး။ဒါပေမယ့် စာရေးရတာတော့ ဝါသနာပါတယ်။

မှတ်မိနေပါသေးတယ်။
ကျုပ် စာစရေးတုန်းက ၃ တန်းပဲ ရှိဦးမယ်။
ဘယ်ကမှန်းမသိရလာတဲ့ မှတ်စုစာအုပ်ဟောင်းအနီရောင်လေးမှာ
“အရင်ကျောင်းက သူငယ်ချင်းကောင်လေးအကြောင်း”ကို
ခဲတံလေးနဲ့ စာ ၅ ကြောင်းလောက်ရေးရာကနေ ရောဂါစတော့တာပဲ။
အိမ်ကလူတွေတွေ့သွားတော့”ရည်းစားအကြောင်းကိုရေးနေတာလား”ဆိုပြီး လှောင်ကြတယ်။
ဒါပေမယ့် ကျုပ်မရှက်ခဲ့ဘူး။ကျုပ်မဟုတ်တာလုပ်တာမှမဟုတ်ပဲ။

နောက်ပြီး ကျုပ်ကအရမ်းပျင်းတဲ့ကောင်။
ကျောင်းကခိုင်းလို့ စာစီစာကုံးရေးရပြီးဆိုရင်လည်း
စာစီစာကုံးစာအုပ်ကြီးတွေရှေ့ချပြီး ၏ / သည် မလွဲ ကူးရေးရမှာအရမ်းပျင်းတော့
စိတ်ထဲရှိတာတွေလျှောက်ရေးမိလို့ ကျောင်းက ဆရာမရဲ့ အမှတ်လျှော့တာတွေလည်းခံခဲ့ရဖူးတယ်။

၇ တန်းလောက်မှာ သီးသန့် ဗလာစာအုပ်လေးတွေလုပ်ပြီး
ကဗျာမဟုတ်၊ စာမဟုတ် တဲ့ ရေးချင်တာလေးတွေ ချရေးလို့
ကျောင်းက ဘော်ဒါတွေကို ပေးဖတ်ဖူးတယ်။

၈တန်းလောက်မှာ ဝတ္ထုတိုလေးတွေစရေးဖြစ်ခဲ့တယ်။

၁၀ တန်းမှာ အရမ်းတော်ပြီး တကယ်တတ်တဲ့ မြန်မာစာ ဆရာ နဲ့ တွေ့ရတာက
ကျုပ်အတွက် အဖိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံပဲ။
တစ်ပတ် ၂ ပုဒ် တင်ရတဲ့ စာစီစာကုံးတွေမှာ ၈ မှတ် က ဆရာ့ရဲ့ အမြင့်ဆုံး စကေးဆိုပေမယ့်
ကျုပ်ကတော့ စိတ်ထဲတွေ့တာ ရေးရင်း ၁၃ မှတ်ထိ ရခဲ့ဖူးတယ်။
(အဲဒီ စာစီစာကုံးစာအုပ်တွေကတော့ တပည့်ကျော်တစ်ယောက်ကောင်းမှုနဲ့ အမျှဝေလိုက်ရတာတော့ နှမြောမဆုံး)

၁၀ တန်းပြီးလို့ တစ်နှစ်လောက်အကြာမှာ
တာမွေ ၅ က သုညတို့ အုပ်စုနဲ့ ပေါင်းပြီး ကဗျာစာအုပ်ထုတ်တာ
ဘာရောင်းကောင်းသလဲမပြောနဲ့။ :3
ဝယ်သူမရှိသလောက်ကိုရောင်းကောင်းလွန်းလို့
ရှုံးလိုက်တာမှ သောက်သောက်လဲ။

(အဲဒီရောင်းမကုန်တဲ့ ကဗျာစာအုပ်တွေကို
အရင်းလေးပြန်ရလိုရငြားနဲ့
ကန်တော်ကြီးထဲ သွားပတ်ရောင်းလို့
Security ရုံးခန်းရောက်တဲ့အကြောင်းတော့ နောက်ကြံုမှရေးမယ်ဗျာ။)

အခုလည်း ကျုပ်စာရေးတယ်။
အလွယ်ဆုံးကတော့ Facebook Status တွေပေါ့။
ကျုပ်ရဲ့ Official Website လေးပြီးသွားရင်တော့ အဲဒီ Website မှာပဲရေးတော့မယ်လို့တွေးထားတယ်။
စာရေးတာက ကျုပ်ရဲ့ အသက်မွေးမှုမဟုတ်ဘူး။
စာရေးပြီးထမင်းစားနေတာလည်းမဟုတ်လို့ ကျုပ်ရေးတဲ့ စာတွေက
ဘာစာပေ ၊ ညာ စာပေ ၊ ဘာအရေးသား ၊ ညာ အရေးသားတွေ ခေါင်းစဉ်တပ်မရဘူး။
(စာလုံးပေါင်းနဲ့ သဒ္ဒါတော့မှန်အောင် သတိထားတယ်။)
“ဒါဆို ဘာလို့စာရေးလဲ?”လို့မေးလာရင်တော့ ကျုပ်မှာအဖြေမရှိဘူး။
စိတ်ဝိညာဉ်နဲ့ဆက်နွယ်နေတဲ့ ကိစ္စတွေမှာ စကားလုံးတွေက မသုံးမဝင်ဘူးလေ။

“ဘယ်သူ့အတွက်ရေးတာလဲ”ဆိုရင်တော့
“ကျုပ်အတွက်ကျုပ်ရေးတာ” လို့ဖြေရမှာပဲ။

ကျုပ်စာလည်းဖတ်ပါတယ်။
ဝါသနာအရဆိုတာထက် စာရေးဖို့အတွက် အထောက်အပံ့အနေနဲ့ဖတ်တာ။
ဒါပေမယ့် ဦးနှောက်သန်မာစေမယ့် သုတ စာပေတွေထက်
နှလုံးသား ကျန်းမာရေးအတွက် အနုပညာမြောက်တဲ့ ရသစာပေတွေ ဖတ်တာပိုများတယ်။
နောက်ပြီး ကျုပ် တက်ကျမ်းတွေကို မုန်းတယ်။ အတွေးအခေါ်စာအုပ်တွေဆို ပိုတောင်မုန်းသေး။
ဒါကြောင့် ကျုပ်ရေးတဲ့ စာတွေမှာလည်း
ဗဟုသုတ မပါသလောက်ဖြစ်နေတတ်တယ်။
မှတ်သားစရာမရှိသလောက်ရှားနေတတ်တယ်။

ဒါပေမယ့် ကိစ္စမရှိပါဘူး။
တစ်ချို့တွေက သူတို့ ဖတ်ဖုူးခဲ့တဲ့ စာအုပ်ကြီးတွေအကြောင်း ဂုဏ်ယူနေကြတဲ့အချိန်မှာ
ကျုပ်ကတော့ ကျုုပ်ရေးခဲ့ဖူးတဲ့ စာလုံးလေးတွေတစ်လုံးစီတိုင်းအတွက် ကျေနပ်မိလို့မဆုံးဘူး။

ကျုပ်က စာရေးဆရာတော့မဟုတ်ပါဘူး။ဒါပေမယ့် စာရေးရတာတော့ ဝါသနာပါတယ်။