သဇင်ရိုင်း(သို့)ချိုချိုထွန်း

Royalရခိုင်ရိုးမရဲ့တဖက်ခြမ်းမှှာ ပန်းရိုင်းလှလှလေးတွေ ခေတ် အဆက်ဆက် ပွင့်ပါတယ်။
ထာင်သောင်းမက ပွင့်ခဲ့တဲ့ ပန်းရိုင်းလေးတွေမှာမှ ထူးထူးခြားခြား
သဇင်ရိုင်းလေးတစ်ပွင့်ဟာ ထင် ပေါ်လို့ စင်တော်ရောက်လာပြီး
အခုဆိုရင် မြန်မာနိုင်ငံ အနှံ့အပြားက ပရိတ်သတ်တွေရဲ့ ချစ်ခင်နှစ်သက်မှုသာမက
International Pageant Fan
တော်တော်များများရဲ့ သဘောကျအားပေးမှုကိုပါ အပြည့်အဝရရှိထားပါပြီ။
ဒီ သဇင် လေးက တော့ Miss Universe Sittwe 2015 ,
Miss Universe Myanmar 2015 & 2016 Second Runner-Up,
Miss Famous Title များပိုင်ရှင် “ချိုချိုထွန်း”ပါပဲ။
သူမဟာ ဝေဖန်မှုတွေ ၊ ထိုးနှက်မှုတွေ ၊ တိုက်ခိုက်မှုတွေ များစွာ
ကြားထဲကနေ မှ
ဝင့်ကြွားတောက်ပလာတဲ့
ကြယ်တစ်ပွင့်လို ဂုဏ်တင်ရင်
လည်း လွန်မယ်မထင်ပါဘူး။
သူမရဲ့ ချစ်လှစွာသော Fan များက “ချိုကြီး” လို့ ချစ်စနိုးခေါ်ကြတဲ့ “ချိုချိုထွန်း” ဟာ တက္ကသိုလ်နောက်ဆုံးနှစ်ကို ပြီးဆုံးအောင်တက်ဖို့ အခုဆိုရင် သူမရဲ့ဇာတိ ရခိုင်ပြည်နယ်ကိုပြန်လည် ရောက်ရှိနေပါတယ်။
“ကျောင်းပြီးအောင် အရင်ကြိုးစားစေချင်တဲ့ သူမ မိသားစု ရဲ့ဆန္ဒကြောင့် ” သမီးလိမ္မာလေး ” ချို “ဟာ သူ့ပရိတ်သတ်တွေအတွက် ရန်ကုန်မှာနေပြီး Miss တစ်ယောက်အနေနဲ့ ရပ်တည်ပေးချင်ပေမယ့် လောလောဆယ်မှာတော့ သူမ ပညာရေး ကိုပဲ ဦးစားပေးဖြစ်နေဦးမှာပါတဲ့။
ဒါပေမယ့်လည်း အချိန်ရရင်ရသလောက် သူ့ပရိတ်သတ်တွေအတွက် စေတနာထားပြီး အလုပ်တွေလုပ်နေတယ်ဆိုတာကတော့ Facebook မှာတစ်ခါဆိုဆိုသလောက် ရှားရှားပါးပါးထွက်လာတတ်တဲ့ သူမရဲ့ ဓါတ်ပုံတွေက သက်ဝင်လှပစွာ သက်သေခံနေပါတယ်။
“Hot Pot နဲ့ ရခိုင်သဘောင်္သီးထောင်း” ကြိုက်တဲ့ ချိုချိုထွန်းကို သူမရဲ့ Fan တွေ က
သူမရဲ့ “ရိုးသားပွင့်လင်းမှု၊ ဟန်မဆောင်တတ်မှု ၊ သနားကြင်နာတတ်မှု နဲ့ ဘယ်အချိန်ကြည့်ကြည့် မပြောင်းလဲပဲ လှနေတဲ့ အပြုံးလေးတွေ”ကြောင့် ချစ်ကြတာလို့လည်းသိရပါတယ်။
ပြိုင်ပွဲအတွက် Camp သွင်းခါနီးမှ ရန်ကုန်ကို ပထမဆုံးရောက်ဖူးခဲ့ရတဲ့ သူမဟာ 2015 – 2016 Miss Universe Myanmar ပြိုင်ပွဲကြီးမှာ အလှပဆုံးနဲ့ အကောင်းဆုံး ယှဉ်ပြိုင်နိုင်ခဲ့ပြီး ပရိတ်သတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေအပြည့်အဝရရှိခဲ့သော်လည်း 2nd Runner –Up သာရခဲ့တာကြောင့် Myanmar သာမက International က သူမရဲ့ Fan တွေကပါ မကျေမနပ်ဖြစ်ခဲ့ကြပါတယ်။
ဒါပေမယ့်လည်း အသက် ၂၀ အရွယ်သာရှိသေးတဲ့ သူမ ကတော့ ကျောင်းပြီးလို့ ဘွဲ့ရတာနဲ့ နောက်ထပ်ပြိုင်ပွဲတစ်ခုဝင်ပြိုင်ပြီး International Winner ဖြစ်တဲ့အထိတက်လှမ်းသွားဖို့ အစီအစဉ်တွေရှိနေပြီလို့လည်းသိရပါတယ်။
သူမရဲ့ Fan တွေကတော့ပင်ကိုယ်အလှတရားနဲ့ ပြည့်စုံနေပြီးသား သူမကို ရုပ်ပိုင်းဆိုင်ရာအလှတရားထက် English Skill နဲ့ International Knowledge ပိုပြီးကြိုးစားလေ့လာဖို့တိုက်တွန်းနေကြပါတယ်။
Miss Universe 2015 Winner ဖြစ်သူ ဖိလစ်ပိုင်မယ် Pia လိုသာ မလျော့သောဇွဲနဲ့ (၃) နှစ်လောက် အထောက်အပံ့ကောင်းကောင်းနဲ့ အချိန်ယူ ကြိုးစားပြင်ဆင်မယ်ဆိုရင် မြန်မာမယ် ချိုချိုထွန်းဟာလည်း
Miss Universe Winner တစ်ယောက်ထိဖြစ်လာနိုင်တယ်ဆိုတဲ့ သူမ Fan တွေရဲ့ သက်ဝင်ယုံကြည်မှုဟာ ဘယ်လောက်ထိ ရုပ်လုံးပေါ်လာမလဲဆိုတာတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *