ဗိုလ်အောင်ဒင် နဲ့ စပ်မိစပ်ရာ

Image result for ဗိုလ်အောင်ဒင်
Photo : Google

ပြောမယ်ပြောမယ်နဲ့ အလုပ်တွေများလွန်းလို့ မပြောဖြစ်ဘူး။
အခုတော့နည်းနည်းလေးအားလို့ ပြောချင်တာနည်းနည်းတော့ ပြောချင်တယ်။

ဒီလိုဗျ

အခုတစ်လော ဗိုလ်အောင်ဒင် သီချင်းနဲ့ ပတ်သတ်ပြီး facebook လူမှုကွန်ရက်ပေါ်မှာ တော်တော်များများပြောကြဆိုကြတာကိုတွေ့ရတယ်။
အများစုကတော့ ဝေဖန်တိုက်ခိုက်မှုတွေပေါ့ဗျာ။
တစ်ချို့ကျတော့လည်း တောကြိုက်ဆိုပြီးလှောင်ကြတာကိုတွေ့ရတယ်။

ကျုပ်အမြင်ကိုပြောရရင် ဒီသီချင်းဟာ ကထိန်အလှူ ခံ မဏ္ဍပ်တွေက ဖန်တစ်ရာတေအောင်ဖွင့်တဲ့အခါ စိတ်ညစ်စရာကောင်းနေတာကလွဲလို့ နားထောင်လို့ကောင်းတဲ့ သီချင်းတစ်ပုဒ်ပါ။

သီချင်းရဲ့ အကြောင်း အရာက သာမန် ချစ် ၊ ကြိုက် ၊ ကွဲ ၊ ညား ၊ လွမ်း ၊ ဆွေး ဆိုတာတွေကနေခွဲထွက်ထားတယ်။
တီးလုံးလေးလည်းမိုက်တယ်။လိုက်ဆိုလို့ကောင်းတယ်။

အနည်းဆုံးတော့ ဒီသီချင်းရဲ့ကျေးဇူးနဲ့ ဒီနှစ်မြန်မာ့ ကထိန်မှာ ဘာမဆိုင်ညာမဆိုင်တဲ့ ကိုရီးယားသီချင်းတွေ စားခွက်ပျောက်တယ် ၊ DJ တွေ EDM တွေ နေရာမရဖြစ်ကြတာ မြင်ရတော့ စိတ်ချမ်းသာတယ်။

ဖြစ်နိုင်ရင် ဒီသီချင်းကို ကမ္ဘာတောင်ကျော်စေချင်တာ။

ကျုပ်ကတော့ မြန်မာ့ယဉ်ကျေးမှုတွေ ကမ္ဘာကိုထိုးဖောက်တာပဲမြင်ချင်တယ်။

သို့သော်ငြားလည်း မြန်မာတော်တော်များများကို က ဂန္တဝင် အနုပညာရှင်ကြီးတွေဖြစ်တဲ့ ဦးဝင်းဦးတို့ တွံတေးဦးသိန်းတန်တို့ ဆိုရင် လှောင်စရာလို့ပဲမြင်နေကြတာ ခက်တယ်။ ခက်တယ်။

Leave a Reply

Your email address will not be published. Required fields are marked *