“ေၿမနိမ္႔ရာ လွံစိုက္” တဲ႕ ေလာကနိယာမ

ဥႆာ ကဆက္သလိုက္တဲ႕ မြန္မင္းသမီးခင္ဦး (ေခၚ)မဏိစႏၵာ က က်န္စစ္သားနဲ႕ ( အထင္လြဲရံုမဟုတ္ ၊ တကယ္ၾကီး )ရည္ငံေတာ႕ေပါကံၠၿပည္႔ရွင္ အေနာ္ရထာဘုရင္မင္းၿမတ္က က်န္စစ္သားကို ပဲ အရိႏၷမာ လံွ နဲ႕
( မထိေအာင္ )ထိုးၿပီး အၿပစ္ေပးခဲ႕႔တယ္။
(လက္ေခ်ာ္ၿပီးမထိတာလည္း ၿဖစ္နိုင္တာေပါ႔ေလ)
သူကိုယ္တိုင္ေတာင္းဆိုခဲ႕တာမဟုတ္ေပမယ္႕ တစ္ဖက္ကခ်စ္ၾကည္ေရးအရဆက္သလိုက္တဲ႕ မင္းသမီးခင္ဦးကို
ေတာ႕ သူ႕မိဖုရားေနရာမွာ ေနၿမဲရွိေစခဲ႕တယ္။

ဓညဝတီ ေရႊေၿမာက္ဦးဘုရင္ မင္းဗာၾကီးကေတာ႕
ပတၱၿမားရွင္ကို အေၾကာင္းၿပဳလို႕ ကိုယ္႕ဆႏၵအရ အစီစဥ္တက် သိမ္းပိုုက္ေတာ္မူခဲ႕တဲ႕ မိဖုရားေစာမဲက်ီ ကို
သူ႕ငယ္ခ်စ္ဦး နဲ႕ အထင္လြဲေလာက္တဲ႕ ကိစၥေလးကို အေၾကာင္းၿပဳၿပီး အမ်က္ရွေတာ္မူလို႕ ႏွစ္ေယာက္စလံုးကို
ေသဒဏ္ေပးခဲ႔တယ္။
ပိုဆိုးတာက ” ေတြ႔ရာသခ်ိဳၤင္း ဓားမဆိုင္း သတ္ေစ ” ဆိုတဲ႕ အားေကာင္းေမာင္းသန္ ေယာက်ၤားရင္႔မာ ေမာင္ေရႊသီးက်ခံရမယ္႕ ၿပစ္ဒဏ္ထက္ “၇ ရက္ အစာၿဖတ္လို႕ ဝါးညွပ္သတ္ေစ ” ဆိုတဲ႕ မဲက်ီမအတြက္စီရင္ခ်က္က ပိုလို႕ေတာင္ ၿပင္းထန္ရက္စက္ပါေသးတယ္။

ဒီကိစၥ ၂ ခု ကိုအေၿခခံၿပီးေတြးမိတာေလးေတြရွိတယ္ဗ်။

၁ ။ ခင္ဦးက မင္းသမီးဆိုေတာ႕ ေနာက္ခံ Background ေတာင္႔တယ္ေလ။
သူ႕အၿပစ္ေပးရင္ ၂ နိုင္ငံစစ္ၿဖစ္နိုင္တဲ႕ အေၿခအေနေတြၿဖစ္သြားနိုင္တယ္။
မဲက်ီမကေတာ႕ ေက်းေတာသူမ။ မုဆိုးမ သမီး ။ ပတၱၿမားလိုခ်င္လို႕ သိမ္းပိုက္ခံထားရသူ။

၂ ။ က်န္စစ္သားက စစ္သူၾကီးဆိုေတာ႕ သူ႕မွာကလည္း လက္နက္ကိုင္ တပည္႔ေက်ာ္ေတြကမ်ားသား။
သူ႕ေသေအာင္သတ္ၿပန္ရင္လည္း ပုန္ကန္မယ္႕ ေကာင္ေတြက ရွိေသး။
ေမာင္ေရႊသီးက်ေတာ႕ ပန္းရံဆရာ ဆိုေတာ႕ သူ႕အသိုင္းအဝိုင္းမွာက အုတ္စီ ေက်ာက္ထြင္္း ပညာသည္ေတြပဲရွိမွာပါ႔။

၃။ အေနာ္ရထာထက္ မင္းဗာၾကီးက အမ်က္ ေဒါသပိုၾကီးတယ္။
(အခ်စ္ၾကီးလို႕ အမ်က္ၾကီးတာလည္းၿဖစ္နိုင္ပါတယ္။)

၄။ အကုန္ၿခံဳၿပီးၾကည္႔ရင္ေတာ႕ “ေၿမနိမ္႔ရာ လွံစိုက္” တဲ႕ ေလာကနိယာမပါပဲ။
မဲက်ီမသာ ခင္ဦးလို႕ မင္းသမီးတစ္ပါးၿဖစ္ခဲ႔ရင္ ေသာ္လည္းေကာင္း
ေမာင္ေရႊသီးသာ က်န္စစ္သားလို စစ္သူၾကီးတစ္ပါးၿဖစ္ခဲ႕ရင္ေသာ္လည္းေကာင္း
အေၿခအေနေတြဟာ တစ္မ်ိဳးတစ္ဖံုေၿပာင္းလဲသြားနုိင္ပါတယ္။

ေနာက္တစ္ခုေျပာခ်င္တာက မိဘမ်ိဳး႐ိုးေကာင္းတယ္ဆိုတာကလည္း ေမြးရာပါအရည္အခ်င္းတစ္ခုျဖစ္တယ္ဆိုတာပါပဲ။

ဘာပဲျဖစ္ျဖစ္
လက္ရွိမွာ
အတိတ္ေတြက သင္ခန္းစာယူတတ္ရင္
အနာဂတ္ေတြ အဆင္ေၿပပါတယ္။
(ဤကား စကားခ်ပ္တည္း။)
#NOe

ဥဿာ ကဆက်သလိုက်တဲ့ မွန်မင်းသမီးခင်ဦး (ခေါ်)မဏိစန္ဒာ က ကျန်စစ်သားနဲ့ ( အထင်လွဲရုံမဟုတ် ၊ တကယ်ကြီး )ရည်ငံတော့ပေါက္ကံပြည့်ရှင် အနော်ရထာဘုရင်မင်းမြတ်က ကျန်စစ်သားကို ပဲ အရိန္နမာ လံှ နဲ့
( မထိအောင် )ထိုးပြီး အပြစ်ပေးခဲ့တယ်။
(လက်ချော်ပြီးမထိတာလည်း ဖြစ်နိုင်တာပေါ့လေ)
သူကိုယ်တိုင်တောင်းဆိုခဲ့တာမဟုတ်ပေမယ့် တစ်ဖက်ကချစ်ကြည်ရေးအရဆက်သလိုက်တဲ့ မင်းသမီးခင်ဦးကို
တော့ သူ့မိဖုရားနေရာမှာ နေမြဲရှိစေခဲ့တယ်။

ဓညဝတီ ရွှေမြောက်ဦးဘုရင် မင်းဗာကြီးကတော့
ပတ္တမြားရှင်ကို အကြောင်းပြုလို့ ကိုယ့်ဆန္ဒအရ အစီစဉ်တကျ သိမ်းပိုက်တော်မူခဲ့တဲ့ မိဖုရားစောမဲကျီ ကို
သူ့ငယ်ချစ်ဦး နဲ့ အထင်လွဲလောက်တဲ့ ကိစ္စလေးကို အကြောင်းပြုပြီး အမျက်ရှတော်မူလို့ နှစ်ယောက်စလုံးကို
သေဒဏ်ပေးခဲ့တယ်။
ပိုဆိုးတာက ” တွေ့ရာသချိုၤင်း ဓားမဆိုင်း သတ်စေ ” ဆိုတဲ့ အားကောင်းမောင်းသန် ယောင်္ကျားရင့်မာ မောင်ရွှေသီးကျခံရမယ့် ပြစ်ဒဏ်ထက် “၇ ရက် အစာဖြတ်လို့ ဝါးညှပ်သတ်စေ ” ဆိုတဲ့ မဲကျီမအတွက်စီရင်ချက်က ပိုလို့တောင် ပြင်းထန်ရက်စက်ပါသေးတယ်။

ဒီကိစ္စ ၂ ခု ကိုအခြေခံပြီးတွေးမိတာလေးတွေရှိတယ်ဗျ။

၁ ။ ခင်ဦးက မင်းသမီးဆိုတော့ နောက်ခံ Background တောင့်တယ်လေ။
သူ့အပြစ်ပေးရင် ၂ နိုင်ငံစစ်ဖြစ်နိုင်တဲ့ အခြေအနေတွေဖြစ်သွားနိုင်တယ်။
မဲကျီမကတော့ ကျေးတောသူမ။ မုဆိုးမ သမီး ။ ပတ္တမြားလိုချင်လို့ သိမ်းပိုက်ခံထားရသူ။

၂ ။ ကျန်စစ်သားက စစ်သူကြီးဆိုတော့ သူ့မှာကလည်း လက်နက်ကိုင် တပည့်ကျော်တွေကများသား။
သူ့သေအောင်သတ်ပြန်ရင်လည်း ပုန်ကန်မယ့် ကောင်တွေက ရှိသေး။
မောင်ရွှေသီးကျတော့ ပန်းရံဆရာ ဆိုတော့ သူ့အသိုင်းအဝိုင်းမှာက အုတ်စီ ကျောက်ထွင်း ပညာသည်တွေပဲရှိမှာပါ့။

၃။ အနော်ရထာထက် မင်းဗာကြီးက အမျက် ဒေါသပိုကြီးတယ်။
(အချစ်ကြီးလို့ အမျက်ကြီးတာလည်းဖြစ်နိုင်ပါတယ်။)

၄။ အကုန်ခြုံပြီးကြည့်ရင်တော့ “မြေနိမ့်ရာ လှံစိုက်” တဲ့ လောကနိယာမပါပဲ။
မဲကျီမသာ ခင်ဦးလို့ မင်းသမီးတစ်ပါးဖြစ်ခဲ့ရင် သော်လည်းကောင်း
မောင်ရွှေသီးသာ ကျန်စစ်သားလို စစ်သူကြီးတစ်ပါးဖြစ်ခဲ့ရင်သော်လည်းကောင်း
အခြေအနေတွေဟာ တစ်မျိုးတစ်ဖုံပြောင်းလဲသွားနိုင်ပါတယ်။

နောက်တစ်ခုပြောချင်တာက မိဘမျိုးရိုးကောင်းတယ်ဆိုတာကလည်း မွေးရာပါအရည်အချင်းတစ်ခုဖြစ်တယ်ဆိုတာပါပဲ။

ဘာပဲဖြစ်ဖြစ်
လက်ရှိမှာ
အတိတ်တွေက သင်ခန်းစာယူတတ်ရင်
အနာဂတ်တွေ အဆင်ပြေပါတယ်။
(ဤကား စကားချပ်တည်း။)
#NOe

Leave a Reply

Your email address will not be published. Required fields are marked *