ပုတ်သင်ညိုတစ်ကောင်နှင့်ဆုံဖူးသည်။
ဆုံဖူးသည် ဆိုသည်ထက် သူက ကျွနု်ပ်ကို လာဆုံသည်ဆိုပိုမှန်မည်။
ဟုတ်သည်။
ပုတ်သင်ညိုတစ်ကောင်လာဆုံဖူးသည်။
ထိုစဉ်က ကျွနု်ပ်သည် တောင်တန်းတွေဖက် ခရီးသွားရန်ပြင်ဆင်နေခဲ့သည်။
ပုတ်သင်ညိုက ကျွနု်ပ် နှင့်လိုက်ချင်သည်ဆို၍ အိတ်ကပ်ထဲထည့်ခေါ်သွားခဲ့ဖူးသည်။
ခရီးလမ်းတစ်လျှောက်မှာ ပုတ်သင်ညိုက သူ့မိသားစုအကြောင်းတွေပြောပြသည်။
ခက်ခဲကြမ်းတမ်းလှ၍ဆွေမျိုးတွေမျက်နှာကြည့်နေရသည့်အဖြစ်အပျက်များပါသလို ချမ်းသာလွန်း၍ အရပ်ထဲတွင် ဘယ်သူကမှမနာလိုကြသည့်အကြောင်းများလည်းပါသည်။
ကျွနု်ပ်မှာလည်း ဘာပြန်ပြောရမှန်းမသိ၍ နှုတ်ဆိတ်၍သာနားထောင်ပေးခဲ့ရသည်။
တစ်ချက်တစ်ချက် ပုတ်သင်ညိုက မိကျောင်းမျက်ရည်တွေကျသည်။
ခရီးကပြန်လာပြီးနောက်ပိုင်း ပုတ်သင်ညိုက ကျွနု်ပ် နေရာတွင် နေခွင့်ပေးရန်တောင်းလာ၍ တစ်နေရာစာပေးနေခဲ့မိသည်။
ကျွနု်ပ်နေရာတွင် အနေကြာပြီး ကျွနု်ပ်၏ အစာတော်တော်များများစားပြီးနောက် ပုတ်သင်ညိုက ကျွနု်ပ်တွင် ရွှေဆွဲကြိုးများမှ တစ်ကြိုးကို သူ့လည်ပင်းတွင် ဆွဲလိုကြောင်း ငိုယိုပြလာသည်။
ဤသို့ဖြင့် ………
(ဆက်ရန်)