“Report ထုပါမယ်။”

Facebook မှာ အခုတစ်လော (COIVD-19 ကိုအကြောင်းပြုပြီးဖြစ်ဖြစ်) မည်သည့်ကိစ္စကိုအကြောင်းပြုပြီးဖြစ်ဖြစ် လူမျိုးရေးကိစ္စနဲ့ပတ်သတ်ပြီး အမုန်းစကား ပါသော ၊ ခွဲခြားဆက်ဆံ ၊ အထင်အမြင်လွဲမှားစေသော အကြောင်းအရာတစ်စုံတစ်ရာတွေ့ရင် Report ထုပါမယ်။မိမိအနေနဲ့ အသက် ၂ နှစ်ကျော်ကတည်းက အခု ၂၉ နှစ်အထိ ရန်ကုန်မှာနေလာတဲ့ အနှစ် ၂၀ ကျော် ၃၀ နီးပါး တစ်လျှောက်လုံးမှာလည်း ရခိုင်မဟုတ်တဲ့အခြား ဘယ်လူမျိုးကမှ မိမိကို “ရခိုင်မ မို့လို့ “ဆိုပြီး တမင်တကာဖြစ်စေ ၊ မတော်တဆဖြစ်စေ နှိမ်ချဆက်ဆံခြင်း ခွဲခြားဆက်ဆံခြင်းလည်း တစ်ခါမှမကြုံဖူးပါ။ကျောင်းတက်နေစဉ်မှာလည်းမကြုံဖူးသလို ၊ လုပ်ငန်းခွင်ထဲရောက်လာတဲ့အချိန်မှာလည်း မကြုံဖူးပါ။အခုရခိုင်ဒေသမှာ COIVD -19 ပြန့်နှံ့မှုများသွားတဲ့ ကိစ္စအပေါ်မှာလည်း မိမိရဲ့ မိတ်ဆွေအသိုင်းအဝိုင်းထဲက ဘယ်သူတစ်ဦးတစ်ယောက် ဘယ်လူမျိုးကမှ ရခိုင်လူမျိုးတွေအပေါ်အထူးတလည် အပြစ်တင်ရှုံ့ချ နှိပ်ကွပ်နေတာမျိုးမရှိပါ ။ မတွေ့ရပါ။အဲလိုတွေ အပြစ်တင်ရှုံ့ချ နှိပ်ကွပ်နေရမယ့်ကိစ္စမဟုတ်တာကိုလည်းအကုန်သဘောပေါက်ကြတာမို့ ရန်ကုန်မှာ COVID-19 တွေ တွေ့တုန်းကလိုပဲ လှုစရာရှိတာလှု ၊ ကူစရာရှိတာကူနေကြသူတွေချည်းပါပဲ။အခုရခိုင်ပြန်ကိစ္စနဲ့ပတ်သတ်ပြီး တာဝန်ရှိသူတွေ ၊ တာဝန်ယူထားသူတွေက လုပ်စရာရှိတာကိုလုပ် ၊ ထိန်းစရာရှိတာကို ထိန်းနေကြတဲ့ အပေါ်မှာလည်းပူးပေါင်းပါဝင်ကြစေချင်ပါတယ်။မပူးပေါင်းနိုင်ရင်တောင် အဆိုးဖက်ကိုဦးတည်စေနိုင်တဲ့ Post တွေတင်နေကြတာ ၊ သတင်းအမှားတွေဖြန့်ဝေနေကြတာကို(နည်းနည်းဖြစ်ဖြစ်)လျှော့စေချင်ပါတယ်။“ရခိုင်ပြန်”လို့ပြောတာသည် ရခိုင်လူမျိုးတွေလို့ပြောတာမဟုတ်ပါဘူး။ရခိုင်လူမျိုးတွေကိုခွဲခြားဆက်ခံနေတာလည်းမဟုတ်ပါဘူး။ရခိုင်ပြန်လာတဲ့ မည်သူ့ကိုမဆို “ရခိုင်ပြန်” လို့ခေါ်တာပါ။ရခိုင်တွေမို့လို့တမင်ကို လိုက်ထိန်းချုပ်နေတာလည်းမဟုတ်ပါဘူး။နိုင်ငံခြားပြန်တွေ ကိစ္စတုန်းကလည်း ဒီလိုကိုင်တွယ်ခဲ့ ၊ ထိန်းချုပ်ခဲ့ကြတာပါပဲ။မနက်ကဆို Post တစ်ခုဖတ်လိုက်ရတယ်။ဒေသအသီးသီးမှာ ”ရခိုင်ပြန်”တွေကို လက်ခံစီစစ်တဲ့အပေါ် တော်တော်ဆိုးဆိုးဝါးဝါးအမြင်မျိုးနဲ့ ရေးထားတာပါ။ဒီကြားထဲ ရခိုင်ဖက်ကို လိုအပ်တဲ့ဆေးဝါးနဲ့ အကူအညီပစ္စည်းတွေပို့ပေးလို့မရဘူး၊လက်မခံဘူးဆိုတဲ့ Post တွေလည်းတွေ့ရပါသေးတယ်။ဒီကိစ္စတွေနဲ့ပတ်သတ်ပြီးမှန်တယ် ၊ မှားတယ် ။ ဟုတ်တယ် ၊ မဟုတ်ဘူး ငြင်းမနေချင်တော့ပါ။အဲလိုပို့မရ ၊ လှူမရဖြစ်နေရင် မိမိကို Messager မှာလာပြောကြပါ။မိမိချိတ်ဆက် စီစဉ်ပေးပါ့မယ်။Facebook မှာ အခုတစ်လော (COIVD-19 ကိုအကြောင်းပြုပြီးဖြစ်ဖြစ်) မည်သည့်ကိစ္စကိုအကြောင်းပြုပြီးဖြစ်ဖြစ် လူမျိုးရေးကိစ္စနဲ့ပတ်သတ်ပြီး အမုန်းစကား ပါသော ၊ ခွဲခြားဆက်ဆံ ၊ အထင်အမြင်လွဲမှားစေသော အကြောင်းအရာတစ်စုံတစ်ရာတွေ့ရင် Report ထုပါမယ်။

#NOe

Leave a Reply

Your email address will not be published. Required fields are marked *