“အားတင်းထားရန်ကုန် ၊ ရန်ကုန် အားတင်းထား။”

First Wave တုန်းကအခြားဒေသက COVID -19 လူနာတွေကို ရန်ကုန်ကိုရွှေ့တုန်းက ရန်ကုန်သူ/သား ဘယ် နှယောက်ကများ ဆဲခဲ့ဖူးလဲ? ပြည်တော်ပြန်တွေရော ၊ အခြားဒေသပြန်တွေရော သေသေချာချာလက်ခံခဲ့ကြတာပဲ။ ဘယ်နေရာ ဘယ်ဒေသမှာ ဘယ်သူတွေပဲ ဒုက္ခရောက်ရောက် လူမျိုးဘာသာဆင်းရဲချမ်းသာမခွဲခြားဘဲ လှုစရာရှိတာ လှူ ၊ ကူစရာရှိတာကူနဲ့ အားလုံးကို တန်းတူဆက်ဆံကြတာလည်း “ဆန်မရှိဘဲအစားကြီးတဲ့ကောင်တွေပါ”လို့အပြောခံရတဲ့ ရန်ကုန်သားတွေပဲ။

အခုလည်း Second Wave မှာ အထိဆုံးက ရန်ကုန်ပဲဖြစ်ဖို့များနေ။ဘာပဲဖြစ်ဖြစ် ယုံကြည်နေတယ်။အဆိုးဆုံးအခြေအနေတစ်ရပ်ဖြစ်သွားခဲ့ရင်တောင် ရန်ကုန်ဟာ ပြန်လည်စိုပြည်လာဦးမှာ ယုံကြည်တယ်။ပြာပုံကခဏခဏ ပြန်လည်ရှင်သန်ထမြောက်ခဲ့တဲ့ သမိုင်းတွေ ရန်ကုန်မှာအများကြီးရှိခဲ့တာပါ။ရန်ကုန်ဟာ Phoenix ပဲ။”အားတင်းထားရန်ကုန် ၊ရန်ကုန် အားတင်းထား။”

#NOe

Leave a Reply

Your email address will not be published. Required fields are marked *