အလှမပြင်လို့မလှတာဟာ အလှတွေမတရားပြင်နေပြီးမလှတာထက်တော့ အများကြီးအဆင်ပြေပါတယ်

ပုံမှန်နေ့ရက်တွေဆို မနက်မိုးလင်းကတည်းက ညမိုးချုပ်တဲ့အထိ အလုပ်အရမ်းများတယ်။အဲဒီများလွန်းလှတဲ့အလုပ်တွေထဲမှာ ကိုယ့်အလှအပအတွက်လုပ်ဆောင်ရတဲ့ အလုပ်ဆိုလို့ တစ်ခုတစ်လေလေးတောင်မပါဘူး။အရင်ကဆိုရင်တောင် သနပ်ခါးပုံမှန်လိမ်းဖြစ်သေးတယ်။အခုကမလိမ်းဖြစ်တော့…Meeting ရှိလို့ မိတ်ကပ်လိမ်းတယ်ဆိုတာကလည်း အလုပ်ကိစ္စသပ်သပ်သာဖြစ်တယ်။ဒါကလည်း ဆယ်ခါမှတစ်ခါရယ်။အိပ်ခါနီးစကွင်းကဲရတာတို့ ၊ ရေချိုးနေရင်း စခွပ်တိုက်ရတာတို့ ၊ ရေချိုးပြီး လိုးရှင်းလိမ်းရတာတို့ … ဘာမှမလုပ်ဘူး။မျက်ခွက်လှဖို့ပဖို့ပဲမလုပ်တာလားဆို ခန္ဓာကိုယ်အတွက်လည်းဘာမှမလုပ်ဘူး။တစ်ရက် ၁၅ မိနစ်လောက်လုပ်ရတဲ့ လေ့ကျင့်ခန်းတောင်မလုပ်ဘူး။ကုန်ကုန်ပြောရရင် စိတ်မပါတဲ့အခါဆို ရေတောင်ထမသောက်ဘူး။ပြောချင်တာက …မိမိဘာသာမိမိအလှမပြင်ချင်လို့မပြင်တာပါ။လှချင်တာ ၊ မလှချင်တာထက် ဒီကိစ္စတွေကို စိတ်ကိုမဝင်စားလို့ ဒီအတိုင်းအေးဆေးနေနေတာပါ။

(စိတ်ဝင်စားတဲ့အချိန်ကျရင် ဘယ်သူမှပြောနေစရာမလိုဘဲကိုပြင်ပါတယ်။ပြင်လည်းပြင်ခဲ့ဖူးပါတယ်။)အခုအချိန်မှာ ကိုယ်ဘာလုပ်နေလဲ ကိုယ်ကောင်းကောင်းသိပါတယ်။အကြောင်းအရင်းနှင့်တကွကိုသိတာပါ။ကိုယ့်မျက်ခွက်ကို ဘယ်လိုပြင်ရင် ဘယ်လိုဖြစ်မယ်ဆိုတာလည်း မိမိသိပါတယ်။(မိမိသူငယ်ချင်းတွေတောင်သိတယ်။)မသိလည်း ဒီခေတ်မှာ Internet ရှိတာမို့ မိမိအတွက်သိပ်ပြီးခက်ခဲလှတဲ့ကိစ္စတွေမဟုတ်ပါဘူး။အလှပြင်ချင်လို့ပြင်နေကြသူတွေကိုလည်း မိမိအနေနဲ့ ဘာမှမပြောပါဘူး။ဝေလည်မဝေဖန်ဘူး။မိမိခံစားလို့ရတဲ့အလှတရားပိုင်ရှင်တွေတွေ့ရင် လိုက်ကြည့်ပါတယ်။ရင်းနှီးတဲ့သူတွေကိုဆို “လှနေလိုက်” ဆိုပြီးကိုသွားပြောတာပါ။အဲဒါကို လာလာပြီး “လောကကြီးမှာ မလှတဲ့မိန်းမမရှိဘူး။ပျင်းတဲ့မိန်းမပဲရှိတယ်”တို့ဘာတို့ ပြောလည်း မိမိအတွက် သိပ်ပြဿနာမရှိလှ။အရင်ကတည်းက မိမိဘယ်လောက်ပျင်းတယ်ဆိုတာ အလျဉ်းသင့်ရင်သင့်သလိုပြောပြနေကျပါ။ငယ်ငယ်ကဆို ကြံစားရင်တောင်ဝါးရမှာပျင်းလို့ အဖွားကိုဝါးကျွေးခိုင်းတာပါဆို။ထပ်ဆောင်းပြောရရင် “မလှဘူးပြောရင် ငိုလိုက်မယ်…”ဆိုတဲ့သီချင်းစာသားဟာ မိမိအတွက်မဟုတ်ခဲ့ပါ။အလှမပြင်လို့မလှတာဟာ အလှတွေမတရားပြင်နေပြီးမလှတာထက်တော့ အများကြီးအဆင်ပြေပါတယ်။

#NOe

Posted in NOe

Leave a Reply

Your email address will not be published. Required fields are marked *