အဖွားပြန်ပြီ

အဖွားပြန်ပြီ ။အသက် ၇၆ မှာ တစ်ယောက်တည်း လေယာဉ်စီးပြီးရန်ကုန်နဲ့ရခိုင်ကို အသွားအပြန်လုပ်ဖို့ဆိုတာ တော်ရုံ စိတ်ဓာတ်နဲ့တော့မရဘူးရယ်။မြို့ပေါက်စကအတော်လေးဝေးသေးတဲ့ ရွာလေးမှာမွေးတယ်။ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကျတယ်။အဖိုးရဲ့ အစိုးရဝန်ထမ်းလစာနဲ့ သားသမီး ၆ ယောက်ကိုလူလားမြောက်စေတယ်။အမျိုး ၄ ပါးကိုစောင့်ရှောက်တယ်။အတန်းပညာအများကြီးမရောက်ခဲ့ပေမယ့် စာဖတ်အားအရမ်းကောင်းတယ်။လေ့လာမှုမြင့်တယ်။ခေတ်ကိုမျက်ခြေမပြတ်ဘူး။(ငနိုး ၅ တန်းလောက်တုန်းက အဖွားကို Family Game စက်နဲ့ ဂိမ်းဆော့နည်းသင်လိုက်လိ့ အဖွားတစ်ယောက်ဂိမ်းစွဲသွားတာ ကိုယ်တွေနဲ့ ဂိမ်းစက်လုရတဲ့အထိပဲ။ညညတွေ တစ်ယောက်တည်း ထထဆော့နေလိုက်သေး

စိတ်ထားနူးညံ့တယ်။ဆုံးဖြတ်ချက်ပြတ်သားတယ်။ရဲရင့်တယ်။ချောတယ်။ငနိုးကို အချစ်ဆုံးဖြစ်တယ်။

#NOe

Posted in NOe

Leave a Reply

Your email address will not be published. Required fields are marked *