နိုး ငယ်ငယ်တုန်းကပေါ့ဗျာ။(၁)

ပြောရရင်တော့ ဇာတ်လမ်းတစ်ပုဒ်ဗျ။
ကျုပ်ကိုမွေးတော့ နယ်မှာမွေးတာ။
စစ်တွေကနေဆိုရင် ကားနဲ့ ၂ နာရီလောက်သွားရတဲ့ ပုဏ္ဏားကျွန်းဆိုတဲ့ မြို့လေးပေါ့။
ကျုပ်အသက် (၂) နှစ် ခွဲ အရွယ်မှာ ကျုပ်အမေရဲ့”ပိုကောင်းတဲ့ ပညာရေးအတွက်”ဆိုတဲ့ အကြောင်းပြချက်နဲ့
တစ်မိသားစုလုံး ရန်ကုန်ပြောင်းလာခဲ့ရတယ်။
ရန်ကုန်ရောက်တော့ ကြည့်မြင်တိုင်က ထီးတန်းလမ်းမှာ နေတယ်။
ရန်ကုန်ရောက်တော့ ကျုပ်ကိုထိန်းတာ ဦးလေးအရင်းတွေရော ၊ အဖျားတွေရော
၁၀ ယောက်ကျော်လောက်ရှိတယ်။
သူတို့ က အဲဒီတုန်းက အသက် ၂၀ ကျော် လူပျိုလေးတွေချည်းပဲ။
သူတို့ ကကျောင်းတက်တဲ့ သူက တက်။ အလုပ်လုပ်တဲ့ သူကလုပ်နဲ့ ပြန်လာရင်တော့
အားလုံးစုပြီး ဂိမ်းဆော့ကြတယ်။
အဲ့တုန်းက အိမ်မှာ Family Game စက်တစ်လုံးရှိတာကိုး။
အဲဒီမှ ဇာတ်လမ်းကစတော့တာပဲ။
သူတို့ နဲ့ နေရင်း ၂ နှစ်ခွဲသား ငနိုး Game စ စွဲတော့တာပဲ။
ညဘက်ဆို သူတို့အလှည့်ကျ ဆော့တာ ထိုင်ကြည့်။တစ်ခါတစ်လေ ဂျီကျပြီး ဝင်ဆော့။
နေ့လည်ဆိုရင်တော့ ငနိုး တစ်ကိုယ်တော် Game Show။

ဒီလိုနဲ့ တစ်လလောက်နေတော့ပျင်းလာတာနဲ့
အမေ့ကို အတင်းပူဆာပြီး မူကြိုလိုက်အပ်ခိုင်းတာ
မူကြို ကျောင်းသား ငနိုး ဖြစ်သွားပါလေရော။

ကြည့်မြင်တိုင် အိမ်က ကျဉ်းပြီး နွေရာသီဆို အရမ်းပူတော့
ကျုပ် သူငယ်တန်းမတက်ခင် တောင်ဒဂုံကိုပြောင်းတယ်။
တောင်ဒဂုံ အိမ်က ၂ ထပ်ဆိုတော့
အပေါ်ထပ်မှာ တခြားသူတွေ TV ကြည့်ရင်
ကျုပ်က အောက်ထပ်မှာ Black and White TV လေးနဲ့ Game ဆော့တယ်။
အံမယ် ။
Game ဆော့နေတာပဲဆိုပြီး အထင်မသေးနဲ့နော်။
သူငယ်တန်းကတည်းက Top 1 to 3 က မဆင်းတာ။
ကျုပ်မှာ ကောင်းတဲ့ အကျင့်လေးတစ်ခုက
ဘယ်လောက်ပဲ ပေပေတေတေနေ
အချိန်တန်ရင် ကိုယ့်စာကိုယ်လုပ်တယ်။
ကျောင်း / ကျူရှင် ဘယ်တော့မှ မပြေးဘူး။

တောင်ဒဂုံမှာ ၂ တန်းအောင်တော့
၃ တန်းမတက်ခင် တာမွေကိုပြောင်းတယ်။
နွေရာသီကျောင်းပိတ်ရက်မှာ
Summer English School တက်ရတယ်။
ပန်းချီသင်ရတယ်။
မြန်မာ အဆို ၊ အက ၊ အတီး သင်ရတယ်။
ကာတွန်းစာအုပ်ကစလို့
ဝတ္ထုစာအုပ်အလယ်
ရာဇဝင်သမိုင်းအဆုံး စာအုပ်တွေလိုက်ဖတ်ရတယ်။
လာမယ့် စာသင်နှစ်အတွက် ကျူရှင်ကြိုတက်ရတယ်။

ဒီကြားထဲက အချိန်ရရင် ရသလို Game ဆော့တယ်။

ဒီလိုနဲ့ပဲ ကျုပ် ဆယ်တန်းအောင်ပါရောလား။

(အချိန်ရရင် ဆက်ရေးပါဦးမည်။)

Posted in NOe

Leave a Reply

Your email address will not be published. Required fields are marked *