မိဘတွေအတွက် သမီးကောင်းတစ်ယောက်မဖြစ်ခဲ့ဘူး

မိဘတွေအတွက် သမီးကောင်းတစ်ယောက်မဖြစ်ခဲ့ဘူး။ဖြစ်အောင်လည်း တစ်ခါမှ မကြိုးစားခဲ့ဘူး။( သေအောင် ကြိုးစားလည်း ဘယ်တော့မှဖြစ်လာမှာမဟုတ်မှန်းသိလို့ )

အစ်မကောင်းတစ်ယောက်လည်းမဟုတ်ခဲ့ဘူး။“ အကြီးဖြစ်ပါစေ “ဆိုပြီး ကိုယ်ရွေးချယ်ခဲ့တာမဟုတ်လို့ အငယ်တွေကိုလည်း မညှာချင်ဘူး။ညှာလည်းမညှာခဲ့ဘူး။ညှာရမယ့်တာဝန်လည်း မရှိဘူးလို့ ခံယူတယ်။(ရက်သားကလေးလေးကို ဗိုက်တက်နင်းရတာနဲ့ ၊ အလယ်တန်းအရွယ်လေးကို ကုတင်ပေါ်က ကန်ချရတာနဲ့ …. )

အိမ်ထောင်ကျတယ်။ဇနီးကောင်းတို့ ၊ မယားအလိမ္မာလေးတို့ ဂုဏ်ပုဒ်တွေ မမက်ဘူး။ဂရုလည်းမစိုက်ဘူး။အတတ်နိုင်ဆုံးတော့ ကိုယ့်ဝတ္တရားမပျက်အောင်နေတယ်။ ဒီလောက်ပဲ။အဲ … အမေ ကောင်းတော့ဖြစ်ချင်မိသား။ရွေးချယ်ခွင့်မရဘဲ ကိုယ့်သားသမီးဖြစ်လာကြမယ့် ပုဂ္ဂိုလ်လေးတွေကို ကိုယ့်ကြောင့်တော့ စိတ်မညစ်စေချင်ဘူး။မျက်နှာမပျက်စေချင်ဘူး။အားမငယ်စေချင်ဘူး။တစ်ခါတစ်လေ အချို့ကိစ္စတွေမှာ ဦးနှောက်နဲ့ စိတ်ဆန္ဒလွန်ဆွဲပြီး ဝေခွဲမရဖြစ်တဲ့အခါ “မိမိလုပ်ရပ်တွေဟာ မိမိသားသမီးဖြစ်လာမယ့် ကလေးတွေအပေါ်မှာ ဘယ်လိုသက်ရောက်နိုင်မလဲ” ဆိုတာအမြဲတွေးပြီး ဆင်ခြင်သုံးသပ် ဆုံးဖြတ်တာ အကျင့်တောင်ဖြစ်နေပြီ။“သူတို့အမေက ….” ဆိုတဲ့အနောက်မှာဆက်ပါလာမယ့်ဝေါဟာရတွေဟာ သူတို့အတွက်နာကျင်စရာမဖြစ်စေချင်ဘူး။အမှန်အတိုင်း ဝန်ခံရရင် ဒါဟာ မိမိအတွက်တော့ မိဘမေတ္တာမဟုတ်ဘူး။ချစ်ခြင်းလည်းမဟုတ်ဘူး။မိမိရဲ့ အတ္တ မူကွဲတစ်ခုပဲ။ကိုယ်ကမွေးမှ လူဖြစ်လာမယ့် သူတွေရဲ့ဘဝမှာ ကိုယ်ဟာ အမည်းစက်မဖြစ်လို ….

#NOe

Leave a Reply

Your email address will not be published. Required fields are marked *