စာမေးပွဲအောင်တယ်…

စာမေးပွဲအောင်တယ်။

နောက်လဆို ဘွဲ့ယူရမယ်။ ဘွဲ့နှင်းသဘင် တက်ဖြစ် မတက်ဖြစ်ကတော့မသေချာသေးဘူး။

ကိုထွန်းလင်းနဲ့အတူတူတက်ယူရမယ်ဆိုရင်တော့ တက်နိုင်အောင်ကြိုးစားမယ်။

အမေကတော့ ထုံးစံအတိုင်းလိုက်မှာလည်းမဟုတ်ပါဘူး။

ရှေ့က ၂ ဘွဲ့လည်းလိုက်ပေးခဲ့တာမှမဟုတ်တာ။

အေးပေါ့… နိုင်ငံခြားကရတဲ့ဘွဲ့မှ ဘွဲ့ထင်နေတဲ့ ၊ နိုင်ငံခြားမှာ သင်မှ ပညာတတ်တယ်ထင်နေတဲ့ လူတန်းစားတစ်ရပ်ထဲ အမေဟာ ထိပ်ဆုံးကပဲဟာ။

ကိုယ်တွေဆိုသည်မှာလည်း ကိုယ်သတ်မှတ်ထားတဲ့ တက္ကသိုလ်အချို့ကလွဲရင် ဘယ်နိုင်ငံခြားတက္ကသိုလ်တွေကိုမှ အထူးတလည် စိတ်ဝင်စားအထင်ကြီးနေတဲ့အထဲမပါဝင်။

စိတ်ဝင်စားတဲ့တက္ကသိုလ်တွေကျပြန်တော့လည်း လောလောဆယ် ကိုယ့်အနေအထားနဲ့ဆို အနားတောင်မကပ်နိုင်သေး။

အမေအထင်ကြီးတဲ့ နိုင်ငံခြားတက္ကသိုလ်မှာကျောင်းပြီးတဲ့ကောင်ဖြစ်ပြီးရောဆိုပြီး နိုင်ငံခြားက So Called တက္ကသိုလ် တောကျောင်း တောင်ကျောင်းတွေ မှာ အဆင့် ခပ်နိမ့်နိမ့်နဲ့အောင် ၊ ခနော်နီ ခနော်နဲ့ So Called ဘွဲ့လက်မှတ်လေးကိုင်ပြီး ခပ်တည်တည်နဲ့ ပြန်လာရအောင်လည်း ကိုယ်တွေက အဲ့လောက်ထိ မျက်နှာမပြောင်တတ်။

အမှန်အတိုင်းပြောရရင် လွန်ခဲ့တဲ့ ၄ နှစ်လောက်က ရတဲ့ ဂျပန်ပညာတော်သင်ကို မသွားဘဲနေလိုက်တာ အဲဒါတွေကြောင့်ပဲ။

I want to be Myself…

စိတ်မပါရင် ရေတောင်ထမသောက်တတ်သူမို့ လူအထင်ကြီးခံရဖို့ ပညာသင်တယ်ဆိုတာကတော့ ဝေလာဝေးပါ။

ခက်တာတော့ ခက်တယ်။

ဒါပေမယ့်လည်းမတတ်နိုင်ဘူး။

ယုံကြည်ရာလုပ်နေဖို့ပဲလိုတယ်။

ဘဝက Frozen ထဲက Let it Go လိုပဲ။

အစတုန်းကတော့

“Don’t let them in, don’t let them see
Be the good girl you always have to be
Conceal, don’t feel, don’t let them know”ပေါ့

အခုတော့ “Well, now they know” မို့ “Let it go” ပဲ။

Mommy’s Good Girl ဖြစ်ဖို့ထက် ကိုယ့်လိပ်ပြာကိုယ်လုံနေဖို့ပဲလိုတယ်လို့ ယုံကြည်တယ်။

အခုအချိန်ထိ တက်ခဲ့တဲ့ကျောင်းတွေ သင်ခဲ့တဲ့ပညာတွေထဲမှာ အဝေးသင်တစ်ခုကလွဲရင် ကျန်တာတွေအကုန်ဟာ ကိုယ်တကယ်စိတ်ဝင်တစားနဲ့ စိတ်ပါဝင်စားတာတွေချည်းပဲ။

မင်္ဂလာပွဲပြီးရင် ကျောင်း ၂ နှစ်နားမယ် စိတ်ကူးတယ်။ ၂နှစ်ပြည့်ရင် ဟိမဝန္တာဘက်ကို ခရီးရှည်ထွက်မယ်။

ပြန်လာရင် မာစတာတစ်ခုလုပ်မယ်။ ဘာနဲ့ပတ်သတ်ပြီးလုပ်မယ်ဆိုတာတော့ အခုလောလောဆယ်မှာ မပြောနိုင်သေး။ အဲဒီအချိန်မှာ စိတ်ပါရာကို လုပ်မယ်။

မာစတာလုပ်ရင်းနဲ့ ကလေးယူရင်လည်းယူဖြစ်မယ်။ သူများတွေကတော့ မဖြစ်နိုင်လောက်ဘူး ပြောနေကြလွန်းလို့ လက်တည့်စမ်းချင်တာလည်းဖြစ်မယ်။ မသိသေးဘူး။

အမေနဲ့ပတ်သတ်သမျှကိုတော့ လွှတ်ချလိုက်ပြီ။

ဘာမှလည်းမမျှော်လင့်တော့ …

#NOe

Leave a Reply

Your email address will not be published. Required fields are marked *