အခုတစ္ေလာ ႏိုး စိတ္ထဲ သေဘာမေတြ႕တဲ႕ကိစၥတစ္ခုရွိတယ္။
ဘာလဲဆိုေတာ႕ ႏိုးနဲ႕ လက္ထပ္ေတာ႕မယ္႕ သတို႕သားေလာင္းကို “သားႀကီးမွားမယ္ေနာ္။” “မိုက္ေတာ႕မလို႕လား” ဘာညာနဲ႕ ပတ္ဝန္းက်င္ (အထူးသျဖင္႕ အမ်ိဳးသားေတြအခ်င္းခ်င္း) က လာလာစေနာက္ေနၾကတဲ႕ ကိစၥပဲ။
စစခ်င္းေတာ႕ ဘာမွမျဖစ္ေပမယ္႕ တစ္ရက္လည္းမဟုတ္ ၊ ႏွစ္ရက္လည္းမဟုတ္ ၊ တစ္ခါလည္းမဟုတ္ ၊ ႏွစ္ခါလည္းမဟုတ္ အားအားရွိဒါပဲထပ္တလဲလဲၾကားရတာၾကာေတာ႕ လူကစိတ္နည္းနည္းေတာ႕ရႈပ္လာတယ္။
ႏိုးကခ်ည္း တစ္ဖက္သတ္ အတင္းအဓမၼစီစဥ္တာလည္းမဟုတ္ပါဘဲ ႏွစ္ဦးသေဘာတူလက္ထပ္ၾကမွာကို ဘာလို႕ ဒီလိုေတြလာလာေျပာၾကလဲဆိုတာေတာ႕ စဥ္းစားမရႏိုင္ဘူး။
ကိုယ္႕ကိုယ္ကိုလည္း ေတြးတယ္။
ငါကတကယ္ကို သူ႕ဘဝအတြက္ အခ်ဳပ္အေႏွာင္တစ္ခုျဖစ္သြားေတာ႕မွာလား ? ေပါ႔။
ႏိုးနဲ႕လက္ထပ္လိုက္လို႕ သူ႕ဘဝကတစ္ကယ္ကို အခ်ဳပ္အေႏွာင္ထဲေရာက္သြားမယ္ဆိုတာ ေသခ်ာတယ္ဆိုရင္ ႏိုးသူ႕ကို လက္မထပ္ခ်င္ပါဘူး။
ခ်စ္တာေတြ ႀကိဳက္တာေတြအသာထားပါ။
၈ ႏွစ္ေလာက္နီးပါး ကိုယ္႕အနားမွာရွိလာတဲ႕ သူတစ္ေယာက္ စိတ္ဆင္းရဲမွာ ၊ ဒုကၡေရာက္မွာ ႏိုးမလိုလားဘူး။ အထူးသျဖင္႕ ႏိုးေၾကာင္႕ သူ အဆင္မေျပျဖစ္မွာ ၊ ေနာက္ဆံတင္းရမွာ ေတြ ပိုေၾကာက္တယ္။ ဒါဟာ သူ႕ကို ခ်စ္လို႕ ႀကိဳက္လို႕ ဆိုတာ ထက္ “ဘယ္သူတစ္ဦးတစ္ေယာက္ရဲ႕ ဝန္ထုတ္ဝန္ပိုးမွ မျဖစ္ခ်င္ဘူး” ဆိုတဲ႕ ႏိုးရဲ႕မာနေၾကာင္႕ဆို ပိုမွန္မယ္။ ႏိုးကိုယ္တိုင္လည္း ဝန္ထုတ္ဝန္ပိုးေတြသယ္ထမ္းထားရတာကိုမႀကိဳက္ဘူး။ ဒီေတာ႕ သူမ်ားေတြကိုလည္း ဝန္ထုတ္ဝန္ပိုးေတြမေပးခ်င္ဘူး။ ဘယ္ကိစၥမွာမဆို ႏိုးကို ငဲ႕လိုက္ရတယ္ ဆိုတာမ်ိဳး ၊ ႏိုးကို ၫွာလိုက္ရတယ္ဆိုတာမ်ိဳးေတြ ပိုမၾကားခ်င္ဘူး။
အထူးသျဖင္႕ ႏိုးလက္ထပ္မယ္႕ေယာက္က်ားတစ္ေယာက္က အစစအရာရာ ႏိုးကို ငဲ႕ေနရတာ ၊ ႏိုးအတြက္နဲ႕တာဝန္ေတြပိုထမ္းရတာ ၊ ႏိုးအတြက္နဲ႕ သူႀကိဳက္တဲ႕ အျခားအရာေတြကို စြန္႕လႊတ္လိုက္ရတယ္ဆိုတာမ်ိဳးဆို လံုးဝ (လံုးဝ) မၾကားခ်င္ ၊ မျဖစ္ေစခ်င္ ၊ မရွိေစခ်င္တဲ႕ ကိစၥေတြပါပဲ။
ေနာက္ၿပီး ႏိုးတို႕ ၂ ေယာက္ရဲ႕ လက္ထပ္ျခင္းက လက္ထပ္ျခင္းသီးသန္႕ပါပဲ။
တစ္ေယာက္နဲ႕တစ္ေယာက္ မခြဲႏိုင္ေတာ႕လို႕ တို႕ ၊
မ်က္စိေအာက္ကအေပ်ာက္မခံ ခ်စ္ၾကလြန္းလို႕တို႕ ၊
စီးပြားေရးေၾကာင္႕တို႕ ၊
မိဘေတြေၾကာင္႕တို႕ ၊
ပတ္ဝန္းက်င္ေၾကာင္႕တို႕ ဘာတစ္ခုမွမဟုတ္ဘူး။
အျခားဘာအေၾကာင္းျပခ်က္မွမရွိဘူး။ အတူရွိခဲ႕တဲ႕ ႏွစ္ေတြၾကာလို႕ အလိုလိုျဖစ္လာတဲ႕ သံေယာဇဥ္ကလြဲရင္ ဘာေႏွာင္ႀကိဳးနဲ႕မွလည္း ခ်ဳပ္ေႏွာင္ ခ်ည္တုတ္ထားတာ မရွိဘူး။
ႏိုးတို႕ လက္ထပ္ခ်င္တယ္ ၊ ဒါေၾကာင္႕ လက္ထပ္တယ္။
ဒီေလာက္ပဲ။
က်န္တာႏိုးတို႕ၾကားမွာ ဘာအကန္႕မွမရွိဘူး။
လက္ထပ္ၿပီးရင္လည္း ဘယ္သူက ဘာလုပ္ရမယ္ ၊ ဘယ္သူကေတာ႕ ဘာတာဝန္ယူပါ ဆိုတာမ်ိဳးလည္း မရွိပါဘူး။
ဥပမာ – ထမင္းခ်က္တဲ႕ကိစၥမ်ိဳးဆို သူအားသူခ်က္ ၊ ကိုယ္အားကိုယ္ခ်က္ပဲ။ ၂ ေယာက္လံုးမအားေတာ႕လည္း ဝယ္စား(ဒါမွမဟုတ္)မစားနဲ႕ေပါ႔။ ဒီလိုပဲသြားၾကမွာ။
ပြင္႕ပြင္႕လင္းလင္းေျပာရရင္ လက္ထပ္ၿပီးမွ အဆင္မေျပလည္း ႏွစ္ဦီးႏွစ္ဖက္သေဘာတူ ျပတ္စဲသြားႏိုင္တယ္ဆိုတာကို ႏိုးတို႕ ၂ ေယာက္လံုး နားလည္လက္ခံထားၿပီးသားမို႕ ေရွ႕ေလွ်ာက္လည္း တစ္ေယာက္ကိုတစ္ေယာက္ ခ်ည္ေႏွာင္သြားဖို႕မရွိပါဘူး။
ကုန္ကုန္ေျပာမယ္။
ေငြေရးေၾကးေရး အစ ၊ ကိုယ္ေရးကိုယ္တာ အဆံုး ဘာတစ္ခုမွ ခ်ဳပ္ေႏွာင္ထိန္းခ်ဳပ္ဖို႕ အစီအစဥ္ကိုမရွိတာ။
ဒီီေနရာမွာ ေႏွာင္ႀကိဳးေလးတစ္မွ်ဥ္ေတာ႕မျဖစ္မေနထားရမယ္ လို႕ ကတ္သီးကတ္သတ္ေျပာလာရင္ေတာ႕ “သစၥာတရား”နဲ႕ေႏွာင္ဖြဲ႕ဖို႕ပဲရွိတယ္။
ဒါေပမယ္႕ ဒီသစၥာတရားကလည္း”တစ္သက္မွာ တစ္ေယာက္ပဲခ်စ္ၿပီး တစ္ေယာက္ပဲေပါင္းရမယ္ ” ဆိုတာမ်ိဳး (လံုးဝ) မဟုတ္ျပန္ဘူး။
ေနာင္တစ္ခ်ိန္ တစ္ေယာက္အနားမွာတစ္ေယာက္ေနလို႕အဆင္မေျပေတာ႕တဲ႕အခါ (ဒါမွမဟုတ္) ပိုအဆင္ေျပေစမယ္႕ ေနာက္တစ္ေယာက္ရွိလာတဲ႕အခါ တစ္ေယာက္ကိုတစ္ေယာက္ပြင္႕လင္းမွန္ကန္စြာ အသိေပးရမယ္ဆိုတဲ႕ သစၥာပဲ။
သစၥာ ဆိုတာကိုက အမွန္ လို႕ အဓိပၸာယ္ရတာေၾကာင္႕ အဆင္မေျပတာကို အဆင္ေျပပါတယ္ ဟန္ေဆာင္ၿပီး ဖံုးကြယ္ထားစရာမလိုဘူးေလေနာ္။
ဒီအေၾကာင္းေတြကို အခုလို ဖြင္႕ဟတယ္ဆိုတာကလည္း စေနာက္တာေတြမလုပ္ပါနဲ႕တားတာမဟုတ္ပါဘူး။
စိတ္သေဘာမေတြ႕ဘူးဆိုတာကို အသိေပးတာပါ။စိတ္လည္းမဆိုးပါဘူး။
စတာေနာက္တာလည္းသူတို႕လြတ္လပ္ခြင္႕ျဖစ္သလို ၊ စိတ္သေဘာမေတြ႕တာကလည္း ႏိုးလြတ္လပ္ခြင္႕ပဲေလ။
လူတစ္ေယာက္နဲ႕တစ္ေယာက္အယူအဆေတြ ခံယူခ်က္ေတြမတူညီႏိုင္တာမို႕ ႏိုးတို႕ႏွစ္ေယာက္ရဲ႕ ဆက္ဆံေရးက အျခားသူေတြအတြက္ သူစိမ္းဆန္တယ္လို႕ ထင္ခ်င္ထင္ၾကမယ္ ဆိုေပမယ္႕ အခုအခ်ိန္ထိေတာ႕ ႏိုးတို႕ ၂ ေယာက္လံုးက အဆင္ေျပေျပပါပဲ။
အတၱအရမ္းႀကီးတဲ႕ မိန္းမတစ္ေယာက္အေနနဲ႕ “ကိုယ္လက္ထပ္မယ္႕ေယာက္က်ားတစ္ေယာက္ကို ကိုုယ္႕ေၾကာင္႕ စိတ္မဆင္းရဲေစရေအာင္၊ဒုကၡမေရာက္ရေအာင္ ၊ မ်က္ႏွာမငယ္ေစရေအာင္ ကိုယ္စြမ္းရွိသမွ် ၊ ဉာဏ္စြမ္းရွိသမွ် ႀကိဳးစားမယ္”ဆိုတာကေတာ႕ ဘဒၵကမၻာမွာ အမွန္ကန္ဆံုးေသာ မာနလွလွတစ္ခုပဲ။
#NOe
(Unicode)
အခုတစ်လော နိုး စိတ်ထဲ သဘောမတွေ့တဲ့ကိစ္စတစ်ခုရှိတယ်။
ဘာလဲဆိုတော့ နိုးနဲ့ လက်ထပ်တော့မယ့် သတို့သားလောင်းကို “သားကြီးမှားမယ်နော်။” “မိုက်တော့မလို့လား” ဘာညာနဲ့ ပတ်ဝန်းကျင် (အထူးသဖြင့် အမျိုးသားတွေအချင်းချင်း) က လာလာစနောက်နေကြတဲ့ ကိစ္စပဲ။
စစချင်းတော့ ဘာမှမဖြစ်ပေမယ့် တစ်ရက်လည်းမဟုတ် ၊ နှစ်ရက်လည်းမဟုတ် ၊ တစ်ခါလည်းမဟုတ် ၊ နှစ်ခါလည်းမဟုတ် အားအားရှိဒါပဲထပ်တလဲလဲကြားရတာကြာတော့ လူကစိတ်နည်းနည်းတော့ရှုပ်လာတယ်။
နိုးကချည်း တစ်ဖက်သတ် အတင်းအဓမ္မစီစဉ်တာလည်းမဟုတ်ပါဘဲ နှစ်ဦးသဘောတူလက်ထပ်ကြမှာကို ဘာလို့ ဒီလိုတွေလာလာပြောကြလဲဆိုတာတော့ စဉ်းစားမရနိုင်ဘူး။
ကိုယ့်ကိုယ်ကိုလည်း တွေးတယ်။
ငါကတကယ်ကို သူ့ဘဝအတွက် အချုပ်အနှောင်တစ်ခုဖြစ်သွားတော့မှာလား ? ပေါ့။
နိုးနဲ့လက်ထပ်လိုက်လို့ သူ့ဘဝကတစ်ကယ်ကို အချုပ်အနှောင်ထဲရောက်သွားမယ်ဆိုတာ သေချာတယ်ဆိုရင် နိုးသူ့ကို လက်မထပ်ချင်ပါဘူး။
ချစ်တာတွေ ကြိုက်တာတွေအသာထားပါ။
၈ နှစ်လောက်နီးပါး ကိုယ့်အနားမှာရှိလာတဲ့ သူတစ်ယောက် စိတ်ဆင်းရဲမှာ ၊ ဒုက္ခရောက်မှာ နိုးမလိုလားဘူး။ အထူးသဖြင့် နိုးကြောင့် သူ အဆင်မပြေဖြစ်မှာ ၊ နောက်ဆံတင်းရမှာ တွေ ပိုကြောက်တယ်။ ဒါဟာ သူ့ကို ချစ်လို့ ကြိုက်လို့ ဆိုတာ ထက် “ဘယ်သူတစ်ဦးတစ်ယောက်ရဲ့ ဝန်ထုတ်ဝန်ပိုးမှ မဖြစ်ချင်ဘူး” ဆိုတဲ့ နိုးရဲ့မာနကြောင့်ဆို ပိုမှန်မယ်။ နိုးကိုယ်တိုင်လည်း ဝန်ထုတ်ဝန်ပိုးတွေသယ်ထမ်းထားရတာကိုမကြိုက်ဘူး။ ဒီတော့ သူများတွေကိုလည်း ဝန်ထုတ်ဝန်ပိုးတွေမပေးချင်ဘူး။ ဘယ်ကိစ္စမှာမဆို နိုးကို ငဲ့လိုက်ရတယ် ဆိုတာမျိုး ၊ နိုးကို ညှာလိုက်ရတယ်ဆိုတာမျိုးတွေ ပိုမကြားချင်ဘူး။
အထူးသဖြင့် နိုးလက်ထပ်မယ့်ယောက်ကျားတစ်ယောက်က အစစအရာရာ နိုးကို ငဲ့နေရတာ ၊ နိုးအတွက်နဲ့တာဝန်တွေပိုထမ်းရတာ ၊ နိုးအတွက်နဲ့ သူကြိုက်တဲ့ အခြားအရာတွေကို စွန့်လွှတ်လိုက်ရတယ်ဆိုတာမျိုးဆို လုံးဝ (လုံးဝ) မကြားချင် ၊ မဖြစ်စေချင် ၊ မရှိစေချင်တဲ့ ကိစ္စတွေပါပဲ။
နောက်ပြီး နိုးတို့ ၂ ယောက်ရဲ့ လက်ထပ်ခြင်းက လက်ထပ်ခြင်းသီးသန့်ပါပဲ။
တစ်ယောက်နဲ့တစ်ယောက် မခွဲနိုင်တော့လို့ တို့ ၊
မျက်စိအောက်ကအပျောက်မခံ ချစ်ကြလွန်းလို့တို့ ၊
စီးပွားရေးကြောင့်တို့ ၊
မိဘတွေကြောင့်တို့ ၊
ပတ်ဝန်းကျင်ကြောင့်တို့ ဘာတစ်ခုမှမဟုတ်ဘူး။
အခြားဘာအကြောင်းပြချက်မှမရှိဘူး။ အတူရှိခဲ့တဲ့ နှစ်တွေကြာလို့ အလိုလိုဖြစ်လာတဲ့ သံယောဇဉ်ကလွဲရင် ဘာနှောင်ကြိုးနဲ့မှလည်း ချုပ်နှောင် ချည်တုတ်ထားတာ မရှိဘူး။
နိုးတို့ လက်ထပ်ချင်တယ် ၊ ဒါကြောင့် လက်ထပ်တယ်။
ဒီလောက်ပဲ။
ကျန်တာနိုးတို့ကြားမှာ ဘာအကန့်မှမရှိဘူး။
လက်ထပ်ပြီးရင်လည်း ဘယ်သူက ဘာလုပ်ရမယ် ၊ ဘယ်သူကတော့ ဘာတာဝန်ယူပါ ဆိုတာမျိုးလည်း မရှိပါဘူး။
ဥပမာ – ထမင်းချက်တဲ့ကိစ္စမျိုးဆို သူအားသူချက် ၊ ကိုယ်အားကိုယ်ချက်ပဲ။ ၂ ယောက်လုံးမအားတော့လည်း ဝယ်စား(ဒါမှမဟုတ်)မစားနဲ့ပေါ့။ ဒီလိုပဲသွားကြမှာ။
ပွင့်ပွင့်လင်းလင်းပြောရရင် လက်ထပ်ပြီးမှ အဆင်မပြေလည်း နှစ်ဦးနှစ်ဖက်သဘောတူ ပြတ်စဲသွားနိုင်တယ်ဆိုတာကို နိုးတို့ ၂ ယောက်လုံး နားလည်လက်ခံထားပြီးသားမို့ ရှေ့လျှောက်လည်း တစ်ယောက်ကိုတစ်ယောက် ချည်နှောင်သွားဖို့မရှိပါဘူး။
ကုန်ကုန်ပြောမယ်။
ငွေရေးကြေးရေး အစ ၊ ကိုယ်ရေးကိုယ်တာ အဆုံး ဘာတစ်ခုမှ ချုပ်နှောင်ထိန်းချုပ်ဖို့ အစီအစဉ်ကိုမရှိတာ။
ဒီနေရာမှာ နှောင်ကြိုးလေးတစ်မျှဉ်တော့မဖြစ်မနေထားရမယ် လို့ ကတ်သီးကတ်သတ်ပြောလာရင်တော့ “သစ္စာတရား”နဲ့နှောင်ဖွဲ့ဖို့ပဲရှိတယ်။
ဒါပေမယ့် ဒီသစ္စာတရားကလည်း”တစ်သက်မှာ တစ်ယောက်ပဲချစ်ပြီး တစ်ယောက်ပဲပေါင်းရမယ် ” ဆိုတာမျိုး (လုံးဝ) မဟုတ်ပြန်ဘူး။
နောင်တစ်ချိန် တစ်ယောက်အနားမှာတစ်ယောက်နေလို့အဆင်မပြေတော့တဲ့အခါ (ဒါမှမဟုတ်) ပိုအဆင်ပြေစေမယ့် နောက်တစ်ယောက်ရှိလာတဲ့အခါ တစ်ယောက်ကိုတစ်ယောက်ပွင့်လင်းမှန်ကန်စွာ အသိပေးရမယ်ဆိုတဲ့ သစ္စာပဲ။
သစ္စာ ဆိုတာကိုက အမှန် လို့ အဓိပ္ပာယ်ရတာကြောင့် အဆင်မပြေတာကို အဆင်ပြေပါတယ် ဟန်ဆောင်ပြီး ဖုံးကွယ်ထားစရာမလိုဘူးလေနော်။
ဒီအကြောင်းတွေကို အခုလို ဖွင့်ဟတယ်ဆိုတာကလည်း စနောက်တာတွေမလုပ်ပါနဲ့တားတာမဟုတ်ပါဘူး။
စိတ်သဘောမတွေ့ဘူးဆိုတာကို အသိပေးတာပါ။စိတ်လည်းမဆိုးပါဘူး။
စတာနောက်တာလည်းသူတို့လွတ်လပ်ခွင့်ဖြစ်သလို ၊ စိတ်သဘောမတွေ့တာကလည်း နိုးလွတ်လပ်ခွင့်ပဲလေ။
လူတစ်ယောက်နဲ့တစ်ယောက်အယူအဆတွေ ခံယူချက်တွေမတူညီနိုင်တာမို့ နိုးတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက အခြားသူတွေအတွက် သူစိမ်းဆန်တယ်လို့ ထင်ချင်ထင်ကြမယ် ဆိုပေမယ့် အခုအချိန်ထိတော့ နိုးတို့ ၂ ယောက်လုံးက အဆင်ပြေပြေပါပဲ။
မာနအရမ်းကြီးတဲ့ မိန်းမတစ်ယောက်အနေနဲ့ “ကိုယ်လက်ထပ်မယ့်ယောက်ကျားတစ်ယောက်ကို ကိုယ့်ကြောင့် စိတ်မဆင်းရဲစေရအောင်၊ဒုက္ခမရောက်ရအောင် ၊ မျက်နှာမငယ်စေရအောင် ကိုယ်စွမ်းရှိသမျှ ၊ ဉာဏ်စွမ်းရှိသမျှ ကြိုးစားမယ်”ဆိုတာကတော့ ဘဒ္ဒကမ္ဘာမှာ အမှန်ကန်ဆုံးသော အတ္တလှလှတစ်ခုပဲ။
#NOe