ဟူး…
ဒီရက်ပိုင်းမှာ သက်ပြင်းတွေခဏခဏချဖြစ်နေတယ်။
သူလည်း ကဗျာတွေအများကြီးရေးနေတာတွေ့တယ်။
“ချစ်ခြင်းမေတ္တာကို ဘယ်လိုနားလည်လဲ?” လို့ ညီမဝမ်းကွဲတစ်ယောက်ကလာမေးတော့ ကိုယ့်မှာဖြေရာမဲ့။
အရိုးသားဆုံးဝန်ခံရရင် လူတွေကို ဘယ်လိုချစ်ရမလဲ အခုထိမသိသေး။
(တစ်ယောက်သော)သူပြောနေကျစကားအတိုင်းပဲ “ကိုယ်ဟာ မချစ်တတ်တဲ့သူ”။
မချစ်တတ်သေးတာလည်းဖြစ်နိုင်ပါတယ်။
သေချာတာတစ်ခုကတော့ သူ့ကြောင့်ကိုယ်ပျော်ရွှင်ရတယ်။
အဆိုးဝါးဆုံးအချိန်တွေမပြောနဲ့ သူနဲ့ရန်ဖြစ်နေတဲ့အခါတွေမှာတောင် ကိုယ်ဟာ နာကြင်စွာပျော်ရွှင်နေရတတ်တယ်။
မချစ်ဘူးလို့ခဏခဏတော့ပြောနေပေမယ့် … လောလောဆယ်ထိတော့ သူဟာကိုယ့်အတွက် တစ်ခုတည်းသော ငြိမ်းအေး ပျော်ရွှင်ဖွယ်ရာ …
#NOe