“ခင်သစ်ဖြူ၊ပွေပွေနောက်ပါလို့
လင်ဖြစ်သူ၊ဖေတစ်ယောက်ကယ်ကြောင့်
သေမလောက်လွမ်းရပြီ။”
(ဦးကြော့)
“သေမလောက်လွမ်းရပြီ” ဆိုတာ “သေလုနီးပါလွမ်းရတယ်”လို့ပြောတာမဖြစ်နိုင်ဘူး။
“လွမ်းရတဲ့ နာကျင်မှုက ပြင်းထန်လွန်းတာမို့ သေလို့တောင်မလောက်ဘူး” လို့ဆိုလိုတာပဲနေမှာ။
(ဘယ်တော့မှန်းမသိတဲ့ )
“တစ်ချိန်ချိန်မှာ ခွဲခွါကြတဲ့အခါ…” ဆိုတဲ့အသိနဲ့အသက်ဆက်လာခဲ့တာဟာ သူနဲ့ချစ်သူရည်းစားစဖြစ်ကတည်းက အခုအချိန်အထိပဲ။
သူနဲ့အတူပျော်စရာတွေကြုံတဲ့အခါ၊ ကြည်နူးရတဲ့အခါ “ဒါတွေဟာအမြဲမရှိနိုင်ဘူး” ဆိုတဲ့ အချက်ပေးခေါင်းလောင်းသံဟာ ခေါင်းထဲမှာ အမြဲလိုလို ဆူညံလာတတ်တယ်။
အဲဒီစိတ်နဲ့ပဲ အတူတူရှိနေရခြင်းကို ပိုတန်ဖိုးထားတတ်လာခဲ့တယ်။
တိုက်တိုက်ဆိုင်ဆိုင်ပါပဲ။
မင်္ဂလာဆောင်တဲ့နေ့က Dinner မှာ ဂိမ်းတွေဆော့ကြတော့ သူ့သူငယ်ချင်းတစ်ယောက်ကထမေးတယ်။
“၂ယောက်ထဲက၁ယောက်သေရမယ်ဆိုရင် ဘယ်သူအရင်သေချင်လဲ” တဲ့။
အို ….!
သာယာခြင်းဟာလည်း မသာယာခြင်းပါတကား။
ပျော်ရွှင်ရခြင်းဟာလည်း မပျော်ရွှင်ရခြင်းပါတကား။
ကြည်နူးနေရခြင်းကား ကြည်နူးနေရခြင်းအမှန်မဟုတ်။
“ပိတ်တွယ်မှောင်ကာ၊အဝိဇ္ဇာနှင့်၊
တဏှာမူလ၊ဖြတ်ခဲ့ကြကာ၊
ဘဝညာဆန် ၊ ပြည်နိဗ္ဗာန်ကို ၊
ဧကန်ထုတ်ချောက် ၊ အပြီးရောက်ပြီ။” လို့ ဥဒါန်းကျူးနိုင်အောင်ပဲ …
#NOe