ဒေါသဟာ ရှက်ခြင်းကလာသတဲ့

ဒေါသဟာ ရှက်ခြင်းကလာသတဲ့။ဒါ မိမိပြောတာမဟုတ်ဘူး။ ကထွင်းပြောတာ။မိမိတို့ ရန်ဖြစ်ပြီး မခေါ်မပြောနေကြတဲ့ ၃ ရက်တာကာလအတွင်းမှာ ကထွင်းဟာ သူဒေါသကြီးရတဲ့ အကြောင်းတရားကို လိုက်ရှာဖြစ်သတဲ့လေ။သူ့ပြောပုံအရဆိုရင် ဒေါသဟာ ရှက်ခြင်းကလာသတဲ့။ရှက်တယ်ဆိုတာကလည်း ဒီနေရာမှာ “ဟီရိဩတပ္ပ”(မကောင်းမှုလုပ်ရမှာကို ရှက်ခြင်း ၊ကြောက်ခြင်း ) မဟုတ်ဘူး။ကိုယ့်ရဲ့ မပြည့်စုံမှုတွေအပေါ်မှာ ရှက်တာ။ဒီ ရှက်ခြင်းဟာ စိတ်မလုံခြင်းကြောင့်ဖြစ်သတဲ့။ဥပမာ -ကိုယ့်ရဲ့ မပြည့်စုံခြင်းတွေကိုလူတွေသိသွားမလား?သိသွားရင် ငါ့ကိုဘာပြောကြမှာလဲ ?လှောင်ကြမှာလား?ဟားကြမှာလား? ဆိုတာမျိုးတွေ။“ငါ့ကိုမို့တမင်ဒုက္ခပေးတာ။ငါ့ကိုမို့နှိမ်ကြတာ။ငါ့ကိုဘာထင်နေလဲ” ဆိုတဲ့ပုံစံမျိုးတွေ ။အဲဒါကြောင့် ပြဿနာတော်တော်များများမှာ ဒေါသထွက်သူအများစုဟာ “ငါမှန်တယ်။ငါကောင်းတယ်။ငါဟာပြည့်စုံသူ” ဆိုတဲ့ အခြေအနေတစ်ခုကို မရမကဖန်တီးယူကြရင်း ရုန်းရင်းဆန်ခတ်တွေဖြစ်ကုန်ကြတယ်။ကြောက်ကန်ကန်တယ်ဆိုရမလားပဲ။တကယ်တော့ လောကကြီးမှာ ဘယ်သူမှပြီးပြည့်စုံမနေဘူး။အမြဲမှန်မနေဘူး။လိုအပ်ချက်ဆိုတာကတော့ လူတိုင်းမှာ အနည်းနဲ့အများရှိကြတာချည်းပဲ။ဒါကိုအမြဲသတိရနေဖို့လိုတယ်။တကယ်တော့ ဒေါသရဲ့ဘေးထွက်ဆိုးကျိုးဟာ အရမ်းများတာကြောင့် ဒေါသကို ထိန်းနိုင်လေကောင်းလေပါ။ဒါပေမယ့် ကထွင်းလို ဒေါသကြီးတတ်သူအတွက်ကတော့ ထွက်လာတဲ့ဒေါသကိုထိန်းရတာဟာ ဆင်ရိုင်းကိုလိုက်ထိန်းရတာထက် ပိုခက်ခဲပါတယ်။ဒီတော့ သူ့အနေနဲ့ ဒေါသကိုပယ်သတ်နိုင်ဖို့ ကြိုးစားတာက ပိုမှန်ကန်မယ်လို့ဆိုရမှာပဲ။အလွယ်ပြောရင်တော့ အကြောင်းတရားကိုပယ်သတ်တာပေါ့။ဒေါသရဲ့အကြောင်းတရားကို အရင်းစစ်ကြည့်တော့ဒေါသဟာ ရှက်ခြင်းကလာသတဲ့။ဒါ မိမိပြောတာမဟုတ်ဘူး။ ကထွင်းပြောတာ။မိမိတို့ ရန်ဖြစ်ပြီး မခေါ်မပြောနေကြတဲ့ ၃ ရက်တာကာလအတွင်းမှာ ကထွင်းဟာ သူဒေါသကြီးရတဲ့ အကြောင်းတရားကို လိုက်ရှာဖြစ်သတဲ့လေ။

#NOe

Leave a Reply

Your email address will not be published. Required fields are marked *