‘My Life, My Choice ‘

မတွေ့တာအတော်ကြာပြီဖြစ်သော အသိရခိုင်အဒေါ်ကြီးတစ်ယောက်နှင့်တည့်တည့်တိုးသည်။“ဟဲ့ နိုးနိုးရယ် ဝပြဲနေတာပဲ” ဆိုတာနဲ့ သူ့ဖက်မှစတင်နှုတ်ဆက်စကားဆိုတယ်။မိမိ ဘာမှပြန်မပြောဖြစ်။(စိတ်ထဲမှာတော့ ဆဲချင်တာမှအရမ်းပဲ။)“အိမ်ထောင်တွေ ဘာတွေ ကျပြီလား” ဆက်မေးလို့“ဟုတ်ကဲ့” ဆိုပြီးဖြေလိုက်တယ်။“ငါ့ဘာလို့မဖိတ်တာလဲ?” တဲ့။လခွမ်း။“အန်တီမို့ တမင်မဖိတ်တာ” လို့ဖြေရင်လည်း “နိူးနိူးကရိုင်းတယ်” ဖြစ်မှာမို့ ဘာမှမပြောဘဲရီနေလိုက်တယ်။အဲ့လောက်နဲ့ရပ်မသွားသေးဘူး။“ဟဲ့ ကောင်လေးကဗမာလား? ရခိုင်လား?” တဲ့။“ဗမာပါ” ဆိုတော့ မဲ့ကာရွဲ့ကာနဲ့ “ဘာလို့ ဗမာယူတာလဲ? ကိုယ့်ရခိုင်ချင်းယူတာမဟုတ်ဘူး။….” အစချီပြီးဘာတွေဆက်ပြောမှန်းမသိတော့…..“သွားစရာရှိသေးလို့ နောက်မှတွေ့တာပေါ့” ဆိုပြီး စကားဖြတ်ထွက်လာခဲ့ရတယ်။နို့မို့ရင် ပြီးတော့မှမဟုတ်ဘူးလေ။Body Shaming လုပ်တတ်တဲ့ လူမျိုးရေးခွဲခြားသူတစ်ယောက်နဲ့တွေ့ဆုံရခြင်းဟာ မိမိအတွက်တော့ အဆင်မပြေလှဘူး။စောစောစီးစီး အင်မတန်မှစိတ်ပျက်ဖို့ကောင်းတယ်။မိမိလည်းတမင်တကာကြီးကို ဗမာကိုမှယူပါမယ်ဆိုပြီး ယူခဲ့တာလည်းမဟုတ်။(ရခိုင်ကိုမှရွေးယူရအောင်လည်း ဘယ်ရခိုင်သားကမှလည်း ကိုယ့်လာမကြိုက်ခဲ့။လာကြိုက်တဲ့ရခိုင်ရှိခဲ့ရင်လည်း ကိုယ်ကပြန်ကြိုက်ဦးမှ။ ကိုယ်နဲ့သဘောထားချင်းတိုက်ဆိုင်ဦးမှ။)ဒါပေမယ့်လည်း ဒါမျိုးတွေအမြဲကြုံ နေရတာပါပဲ။နောက်လည်းကြုံနေရဦးမှာပါပဲ။ဗမာတစ်ယောက်နဲ့ အိမ်ထောင်ကျခြင်းကို ရွံစရာ မသတီစရာလို့ ခံယူထားတဲ့ သူတွေအရမ်းများတဲ့လူမှုအသိုင်းအဝိုင်းတစ်ခုမှာ လူလာဖြစ်တာကို။

ရခိုင်အချင်းချင်းတောင် ရခိုင်စကားမပြောတတ်တဲ့သူတွေကိုဆို နှိမ့်ချချင်ကြသူတွေနဲ့လည်း ကြုံဖူးပါရဲ့။(ပညာတတ်တာ ၊ စိတ်သဘောထားပြည့်ဝတာ ၊ အမြင်ကျယ်တာ ၊ အမျှော်အမြင်ကြီးတာ … စတာတွေ ဘာမှထည့်မတွက်ဘဲ ရခိုင်စကားမပြောတတ်တာတစ်ခုတည်းနဲ့ တန်းနှိမ်တာပါနော်)ဒါတောင်မိမိဟာ အရမ်းကံကောင်းတယ်လို့ဆိုရမယ်။အဖိုး၊ အဖွား ၊ ကြီးတော်တွေ ၊ ဘကြီးတွေ ၊ ဦးလေးတွေ ၊ အဒေါ်တွေ၊ မောင်နှမတွေနဲ့အမျိုးအရင်းတွေက ဘာမှမပြောတဲ့အပြင် ကိုယ့်ယောက်ကျားကို ကောင်းကောင်းမွန်မွန် လက်ခံကြိုဆိုကြလို့ ။(အဖွားဆို ကထွင်းကို သူ့မြေးအရင်းလိုကိုချစ်တာ။)ပြောချင်တာကမိမိဟာ ရခိုင်မတစ်ယောက်ပါ။ဗမာကိုလင်တော်ထားတဲ့ရခိုင်မတစ်ယောက်ပါ။မိမိ သားသမီးတွေမွေးလာရင် ရခိုင်-ဗမာ ကပြားလေးတွေဖြစ်မှာပါ။ဒါကိုမှ မကျေနပ်ကြလည်း မတတ်နိုင်ဘူး ။

#NOe

Leave a Reply

Your email address will not be published. Required fields are marked *