” မည်သူမပြု မိမိမှု “လို့ဆိုသော်ငြားလည်း
ဟိုးးးးးးးးးးဘက် ကမ္ဘာတစ်ခြမ်းက
လိပ်ပြာလေးရဲ့တောင်ပံတစ်ချက်အခတ်မှာ
ဒီဘက်ကမ္ဘာတစ်ခြမ်းက
ဘဝတွေအများကြီး(ဘုမသိဘမသိ)
မရှုမလှ ဆုံးရှုံးလိုက် ရတဲ့
အမှန်တရားခါးခါးတွေ (တကယ်) ရှိတယ်ဗျ။
ပစ္စုပ္ပန်ကို အနိုင်ယူလို့မရတဲ့အဆုံး
ကျုပ်တို့ခမျာလည်း အတိတ်ကိုပဲ ရှူံးမဲ မဲလိုက်ကြရတယ်။
ကံကြမ္မာဆိုတာကလည်း
ပေါက္ခရဝဿ မိုး မှ မဟုတ်လေတော့
“စိုချင်ပါတယ် မစိုချင်ပါဘူး”
ရွေးချယ်ခွင့်မရှိဘူးလေ။
ရာဇဝင်ထဲက စကားတစ်ခွန်းကတော့
အထပ်ထပ် အဖန်ဖန် သတိပေးနေလေရဲ့။
ဘာတဲ့?
“သူ့ကြွေးရှိက ဆပ်ရ၏”တဲ့။
ဒါပေမယ့်
မမြင်နိုင်တဲ့ အတိတ်အတွက်
ဆပ်စရာရှိတာလည်းဆပ်တာပေါ့။
ကြိုတင်ပြင်ဆင်ခွင့်ရှိတဲ့ အနာဂတ် အတွက်
ပစ္စုပ္ပန်မှာ အကောင်းဆုံးကြိုးစားရှင်သန်နေထိုင်နေပါတယ်
#NOe