မနက်က လဝကရုံးသွားတော့ ဆိုက်ကားစီးဖြစ်တယ်

မနက်က လဝကရုံးသွားတော့ ဆိုက်ကားစီးဖြစ်တယ်။မိမိရဲ့ ထုံးစံအတိုင်း ဆိုက်ကားဆရာနဲ့ စကားစမြည်ပြောဖြစ်တော့ ဆိုက်ကားမှာတပ်ထားတဲ့ ပါတီတစ်ခုရဲ့အလံအကြောင်းစကားရောက်သွားရော။ဒီအလံရဲ့ပါတီကို သူဘယ်လောက် ယုံကြည်ကြောင်း ၊ ထောက်ခံကြောင်းပြောနေတာနဲ့ မိမိက “ဒီအလံကဘယ်လောက်ပေးရလဲ?” လို့မေးတော့ “ခရီးသည်တစ်ယောက်လက်ဆောင်ပေးသွားတာပါ” တဲ့။“မဲစာရင်းရောစစ်ပြီးပြီလား?”ဆိုတော့ “သူတို့စစ်ပြီးပြီလေ”တဲ့ ။“ဘယ်သူတို့လဲ?” လို့ထပ်မေးတော့ “အစိုးရလေ။Facebook မှာလည်းကြေညာတယ်။” တဲ့။အခြေအနေမဟန်တာနဲ့မဲစာရင်းဆိုတာ ရပ်ကွက်ရုံးမှာ ကိုယ့်မှတ်ပုံတင်နဲ့ကိုယ်ကိုယ်တိုင်သွားစစ်ရတာဖြစ်ကြောင်း ၊မဲစာရင်းမှာကိုယ့်နာမည်မပါရင် ကိုယ်ကြိုက်တဲ့ ဘယ်ပါတီကိုမှမဲပေးလို့ရမှာမဟုတ်ကြောင်း စဆရက နည်းနည်းလုပ်လိုက်မိတယ်။တလက်စတည်း “အကိုက ရန်ကုန်ကပဲလား?” ဆိုပြီးထပ်မေးမိတော့မှ “ရန်ကုန်ကမဟုတ်ဘဲ နယ်ကဖြစ်ကြောင်း” ပါသိရ။ရန်ကုန်မှာသန်းခေါင်စာရင်းမရှိဘူး ဆိုပဲ။အိမ်း….အဲဒါတကယ့်မြေပြင်အနေအထားပဲ။ရွေးကောက်ပွဲရက်ကြေညာပြီးကတည်းက လမ်းကြုံသမျှ မိမိစကားပြောကြည့်တဲ့ ဆိုက်ကားဆရာအစ ၊ ခေါင်းရွက်ဗျက်ထိုးလမ်းလျှောက် စျေးသည်အလယ် ၊ အိမ်မှာ မော်တာလာပြင်တဲ့သူအဆုံး အခြေခံလူတန်းစား ၉၀ ရာခိုင်နှုန်းလောက်ရဲ့အနေအထားဟာ ဒီအတိုင်းချည်းပဲမို့ မိမိအတွက်တော့ သိပ်မထူးဆန်းလှ။ဒီလို အူလည်လည်ဖြစ်နေတဲ့အထဲ မိမိမိတ်ဆွေအချို့တောင်ပါနေသေးလို့ မိမိတတ်သလောက်သိသလောက် ရှင်းပြပေးဖြစ်တယ်။ပြောချင်တာက တစ်ချို့ကိစ္စတွေက Facebook မှာ Boost လုပ်ရုံ ၊ TikTok မှာ Challenge လုပ်ရုံ ၊ရပ်ကွက်ထဲမှာ လော်နဲ့လှည့်အော်နေရုံ ၊ ရပ်ကွက်ရုံးကနေဘစပီကာနဲ့ သီချင်းအကျယ်ကြီးထိုင်ဖွင့်နေရုံ နဲ့ တကယ်အလုပ်မဖြစ်ကြောင်း …။တစ်ခါတစ်လေ လှည်းနေလှေအောင်းမြင်းစောင်းမကျန် စနည်းနာရင်ပိုအဆင်ပြေကြောင်း …။ တလက်စတည်းပြောရရင် တစ်ချို့ကိစ္စတွေကယူနီဖောင်းတကားကားနဲ့ လူစုလူဝေးလုပ်တာထက်စာရင် ခရီးသွားဟန်လွှဲပုံစံက အလုပ်ပိုဖြစ်ကြောင်းပါ လက်တို့လို

#NOe

Leave a Reply

Your email address will not be published. Required fields are marked *