ကိုယ့်လူမျိုးကိုယ်ချစ်တယ်ဆိုတာ အခြားလူမျိုးတွေကိုမုန်းတီးနေဖို့မှမဟုတ်ဘဲဗျာ

အသက် ၂ နှစ်ကျော်ကတည်းက ရန်ကုန်ရောက်တယ်။
အသက် ၂၅ နှစ်ကျော်တဲ့အထိ ဗမာတွေအများစုရှိတဲ့ပတ်ဝန်းကျင်မှာ ကြီးပြင်းလာတယ်။
ဒါပေမယ့်
ငယ်ငယ်တုန်းက အတန်းထဲမှာ အသင်းခေါင်းဆောင်လုပ်တယ်။အတန်းခေါင်းဆောင်လုပ်တယ်။
နှစ်တိုင်းဆုပေးပွဲတွေတက် ဆုယူတယ်။
ကျောင်းကပွဲတွေမှာ ပါလေရာဖြစ်တယ်။
အားကစားမှာတော့မထူးချွန်ဘူး။

အရွယ်ရောက်လာတော့ စီးပွားရေးလောကထဲဝင်တယ်။
ကိုယ်ပိုင် Company ထောင်တယ်။
Vice President နေရာမှာထိုင်တယ်။
ဟောပြောပွဲတွေမှာ အထိုက်အလျောက်လူလက်ခံတဲ့ Public Speaker ဖြစ်လာတယ်။
ဆွဲဆောင်မှုရှိတဲ့ အလှဘုရင်မတစ်ပါးတော့မဖြစ်နိုင်ခဲ့ဘူး။

ပြောချင်တာကအခုမှစမှာ။
ဒီလိုဖြတ်သနး်လာတဲ့ တစ်လျှောက်မှာ ကိုယ့်ကိုယ်ကို ရခိုင်ဖြစ်ပါတယ်ဆိုတာကို ဘယ်တုန်းကမှ သိုဝှက်ထားတာမရှိခဲ့သလို ကြွားဝါခြင်းလည်းမရှိခဲ့ဘူး။
ဒါပေမယ့် ဘယ်တုန်းကမှ “ရခိုင်ဖြစ်လို့”ဆိုပြီး အနှိမ်ခံခဲ့ရတာမျိုးမရှိခဲ့ဘူး။
“ရခိုင်ဖြစ်လို့”ဆိုပြီး နေရာပေးမခံရတာမရှိခဲ့ဘူး။
“ရခိုင်ဖြစ်လို့”ဆိုပြီး လှောင်ပြောင်ဝိုင်းဟားခံခဲ့ရတာမျိုးမရှိခဲ့ဘူး။
(ဗမာတွေကို”အောက်သား၊×င်မာ၊သတောင်းစာမျိုးတွေ”ဆိုပြီးနှိမ်ခေါ်တတ်ကြတဲ့ ရခိုင်တွေတော့တွေ့ဖူးတယ်။)
ဆိုလိုတာက ဘဝတစ်လျှောက် ကြုံတွေ့ခဲ့ရသမျှ အခက်အခဲတွေ နဲ့ အခွင့်အလမ်းတွေဟာ
“ငနိုး ရခိုင်ဖြစ်ခြင်း မဖြစ်ခြင်း “နဲ့ လားလားမှ မသက်ဆိုင်ခဲ့ဘူး။
ဘယ်သူမဆို ကိုယ့်အရည်အချင်းနဲ့ ကိုက်ညီပြီး ကိုယ်တကယ်ကျွမ်းကျင်တဲ့ နယ်ပယ်ဆိုရင်တော့နေရာတစ်ခုရနိုင်ကြတာချည်းပဲ။
အရည်အချင်းလည်းမရှိ ၊ ကျွမ်းကျင်မှုလည်းမရှိလို့ကတော့ ရခိုင်တွေ ဗမာတွေမပြောနဲ့ ဘာလူမျိုးပဲဖြစ်ဖြစ် ဘာနေရာမှမရနိုင်ဘူးလေ။
ဒါကြောင့်
ရခိုင်ဖြစ်လို့
ဗမာတွေကဝိုင်းနှိမ်လို့
ဘာညာနဲ့ ဆင်ခြေတွေပေးနေမယ့်အစားကိုယ့်ကိုယ်ကို အသုံးကျအောင်အရင်ကြိုးစားကြတာပိုကောင်းပါလိမ့်မယ်။
(ကိုယ့်လူမျိုးကိုယ်ချစ်တယ်ဆိုတာ အခြားလူမျိုးတွေကိုမုန်းတီးနေဖို့မှမဟုတ်ဘဲဗျာ။)
#NOe

Leave a Reply

Your email address will not be published. Required fields are marked *