ဒေါသဟာ ရှက်ခြင်းကလာသတဲ့

ဒေါသဟာ ရှက်ခြင်းကလာသတဲ့။ဒါ မိမိပြောတာမဟုတ်ဘူး။ ကထွင်းပြောတာ။မိမိတို့ ရန်ဖြစ်ပြီး မခေါ်မပြောနေကြတဲ့ ၃ ရက်တာကာလအတွင်းမှာ ကထွင်းဟာ သူဒေါသကြီးရတဲ့ အကြောင်းတရားကို လိုက်ရှာဖြစ်သတဲ့လေ။သူ့ပြောပုံအရဆိုရင် ဒေါသဟာ ရှက်ခြင်းကလာသတဲ့။ရှက်တယ်ဆိုတာကလည်း ဒီနေရာမှာ “ဟီရိဩတပ္ပ”(မကောင်းမှုလုပ်ရမှာကို ရှက်ခြင်း ၊ကြောက်ခြင်း ) မဟုတ်ဘူး။ကိုယ့်ရဲ့ မပြည့်စုံမှုတွေအပေါ်မှာ ရှက်တာ။ဒီ ရှက်ခြင်းဟာ စိတ်မလုံခြင်းကြောင့်ဖြစ်သတဲ့။ဥပမာ -ကိုယ့်ရဲ့ မပြည့်စုံခြင်းတွေကိုလူတွေသိသွားမလား?သိသွားရင် ငါ့ကိုဘာပြောကြမှာလဲ ?လှောင်ကြမှာလား?ဟားကြမှာလား? ဆိုတာမျိုးတွေ။“ငါ့ကိုမို့တမင်ဒုက္ခပေးတာ။ငါ့ကိုမို့နှိမ်ကြတာ။ငါ့ကိုဘာထင်နေလဲ” ဆိုတဲ့ပုံစံမျိုးတွေ ။အဲဒါကြောင့် ပြဿနာတော်တော်များများမှာ ဒေါသထွက်သူအများစုဟာ “ငါမှန်တယ်။ငါကောင်းတယ်။ငါဟာပြည့်စုံသူ” ဆိုတဲ့ အခြေအနေတစ်ခုကို မရမကဖန်တီးယူကြရင်း ရုန်းရင်းဆန်ခတ်တွေဖြစ်ကုန်ကြတယ်။ကြောက်ကန်ကန်တယ်ဆိုရမလားပဲ။တကယ်တော့ လောကကြီးမှာ ဘယ်သူမှပြီးပြည့်စုံမနေဘူး။အမြဲမှန်မနေဘူး။လိုအပ်ချက်ဆိုတာကတော့ လူတိုင်းမှာ အနည်းနဲ့အများရှိကြတာချည်းပဲ။ဒါကိုအမြဲသတိရနေဖို့လိုတယ်။တကယ်တော့ ဒေါသရဲ့ဘေးထွက်ဆိုးကျိုးဟာ အရမ်းများတာကြောင့် ဒေါသကို ထိန်းနိုင်လေကောင်းလေပါ။ဒါပေမယ့် ကထွင်းလို ဒေါသကြီးတတ်သူအတွက်ကတော့ ထွက်လာတဲ့ဒေါသကိုထိန်းရတာဟာ ဆင်ရိုင်းကိုလိုက်ထိန်းရတာထက် ပိုခက်ခဲပါတယ်။ဒီတော့ သူ့အနေနဲ့ ဒေါသကိုပယ်သတ်နိုင်ဖို့ ကြိုးစားတာက ပိုမှန်ကန်မယ်လို့ဆိုရမှာပဲ။အလွယ်ပြောရင်တော့ အကြောင်းတရားကိုပယ်သတ်တာပေါ့။ဒေါသရဲ့အကြောင်းတရားကို အရင်းစစ်ကြည့်တော့ဒေါသဟာ ရှက်ခြင်းကလာသတဲ့။ဒါ မိမိပြောတာမဟုတ်ဘူး။ ကထွင်းပြောတာ။မိမိတို့ ရန်ဖြစ်ပြီး မခေါ်မပြောနေကြတဲ့ ၃ ရက်တာကာလအတွင်းမှာ ကထွင်းဟာ သူဒေါသကြီးရတဲ့ အကြောင်းတရားကို လိုက်ရှာဖြစ်သတဲ့လေ။

#NOe

Gangs of Wasseypur ဆိုတဲ့ ကုလားကား ရှိတယ်။

Gangs of Wasseypur ဆိုတဲ့ ကုလားကား ရှိတယ်။ဇာတ်ကောင်အများကြီးပါပြီးဇာတ်အိမ်တော်တော်ခိုင်တဲ့ နာမည်ကြီး ဂန်းစတားကားပဲ။Part 1 -2 ၂ ပိုင်းရှိတာမို့ အစအဆုံး တစ်ခါတည်းကြည့်မယ်ဆို အစအဆုံးကြည့်မယ်ဆို အချိန် ၇ နာရီလောက်ပေးရတယ်။မိမိအရမ်းကြိုက်တဲ့ ကားထဲမှာ တစ်ကားအပါအဝင်ပေါ့။အဲဒီထဲမှာ အကြိုက်ဆုံးအခန်းက လူမိုက်ဆရာကြီးပေါက်စ Sandar Khan ကိုသူ့မိန်းမ ဗိုက်ကြီးသည်ကပြည့်တန်ဆာအိမ်မှာ သွားရှာတဲ့အခန်းပဲ။လက်ထဲမှာလည်း ဓားတစ်ချောင်းနဲ့နော်။ပါးစပ်ကလည်း အော်အော်ဆဲပြီး တစ်ခန်းဝင် တစ်ခန်းထွက်ရှာတာ။အခန်းတစ်ခန်းထဲ ပြည့်တန်ဆာတစ်ယောက်နဲ့ပက်ပင်းမိတော့ လက်ထဲက ဓားနဲ့လိုက်ထိုးတာ။ဟိုက လူမိုက်ဆရာကြီးပါဆိုတဲ့တစ်ယောက်သူ့မိန်းမလည်းမြင်ရော တောင်းပန်တာတွေရောရှင်းပြတာတွေရော အထစ်ထစ်အငေါ့ငေါ့တွေဖြစ်ပြီးပြေးတာမှ တန်းနေတာပဲ။အဲ့ကတည်းက ပျောက်သွားလိုက်တာသူ့မိန်းမကလေးမွေးမှ အိမ်ပေါ်ပြန်တက်ရဲတယ်။ဒါတောင် ဟိုက ကလေးမွေးနေရင်း သူ့လင်ကိုတွေ့တော့ ဒေါသထွက်ပြီး နီးရာပစ္စည်းတွေနဲ့ကောက်ပေါက်သေးတာ။ဆရာကြီးခမျာ အသံတောင်မထွက်ရဲဘူး။

နောက်တစ်ခန်းက အဲ့ လူမိုက်ဆရာကြီးမယားငယ်အိမ်ကနေ မယားကြီးအိမ်ပြန်ရောက်လာတဲ့အခန်းပဲ။အသေးစိတ်သိချင်ရင်တော့ ကိုယ်တိုင်သာရှာကြည့်ကြပေတော့ …အဲ့ကားကြည့်ပြီး ဘာသွားတွေ့လဲဆိုတော့“ယောက်ကျားတွေမှာ သူတို့ အားကိုးပြီး ကြောက်ရတဲ့ မိန်းမတစ်ယောက်တော့ရှိကြတယ်” ဆိုတာဖြစ်နိုင်တယ်။ဥပမာ – မင်းတုန်းမင်းတရားကြီးလိုပဲပေါ့။မယားတွေ ဘယ်လောက်များများ စကြ်ာဒေဝီမိဖုရားကြီးကိုတော့ အခြားမိဖုရားတွေထက် တလေးတစားနဲ့ အားကိုးပြီးတန်ဖိုးထားတယ်ဆိုတာမျိုးပေါ့။သူ့ကိုခေါင်းဖြီးပေးပိုင်ခွင့်ကည်း စကြ်ာဒေဝီမိဖုရားကြီးပဲရှိတာလို့တောင်ကြားဖူးတယ်။ အိမ်း….ပြောချင်တာက Gangs of Wasseypur ဆိုတဲ့ ကုလားကား ရှိတယ်။ဇာတ်ကောင်အများကြီးပါပြီးဇာတ်အိမ်တော်တော်ခိုင်တဲ့ နာမည်ကြီး ဂန်းစတားကားပဲ။Part 1 -2 ၂ ပိုင်းရှိတာမို့ အစအဆုံး တစ်ခါတည်းကြည့်မယ်ဆို အစအဆုံးကြည့်မယ်ဆို အချိန် ၇ နာရီလောက်ပေးရတယ်။မိမိအရမ်းကြိုက်တဲ့ ကားထဲမှာ တစ်ကားအပါအဝင်ပေါ့။အဲဒီထဲမှာ အကြိုက်ဆုံးအခန်းက လူမိုက်ဆရာကြီးပေါက်စ Sandar Khan ကိုသူ့မိန်းမ ဗိုက်ကြီးသည်ကပြည့်တန်ဆာအိမ်မှာ သွားရှာတဲ့အခန်းပဲ။

#NOe

ဒီရက်ပိုင်းမှာ ထက်ထက်မိုးဦး Live လွှင့်ပြီးစျေးရောင်းတာတွေလိုက်ကြည့်ဖြစ်နေတယ်

ဒီရက်ပိုင်းမှာ ထက်ထက်မိုးဦး Live လွှင့်ပြီးစျေးရောင်းတာတွေလိုက်ကြည့်ဖြစ်နေတယ်။သူက ရတနာတွေနဲ့ အထည်တွေရောင်းတာဆိုတော့ မိမိအကြိုက်နဲ့က လုံးဝဆန့်ကျင်ဖက်တွေ။ဘာလို့ကြည့်လဲဆိုတော့ သူ့ကိုကြည့်ချင်လို့ကိုကြည့်တာ။ဘာလို့ကြည့်ချင်လဲဆိုတော့ မိမိလည်းမသိဘူး။သူ့ကိုကြည့်နေရရင် ပျော်ရွှင်ခြင်းတစ်မျိုးကို ခံစားရတယ်။ထက်ထက်မိုးဦးဟာ “မျက်နှာမြင်ချစ်ခင် ၊ အသံကြားသနား”ဆိုတဲ့ ဆုတောင်းများပြည့်နေလေသလားပဲ။သူများတွေလို ဟာသလည်းမပြော ၊ ပေါတောတောလုပ်တာမျိုးလည်းမရှိဘဲနဲ့ကို ဒီအတိုင်း စျေးရောင်းနေတာနဲ့တင် အဆင်ပြေနေတာမျိုး။စျေးရောင်းကတော့ တော်တော်ကောင်းတယ်။(Marketing Level ကိုပြောတာမဟုတ်ဘူးနော်။စျေးရောင်းတာကိုပြောတာ။)စျေးရောင်းတဲ့နေရာမှာ တော်တော်လေးကို ဆရာကျတယ်လို့ပြောလို့ရတယ်။မဝယ် ဝယ်ချင်အောင်ပြောပြီးကိုရောင်းတတ်တာမျိုး။နောက်ပြီးရတနာအကြောင်းလည်းတော်တော်လေးနားလည်ပုံပေါက်ပါတယ်။(အေးပေါ့… တစ်ခေတ်တစ်ခါက ရတနာဆိုင်ပေါင်းစုံကို ကြော်ငြာရိုက်ပေးပြီး ရတနာမျိုးစုံ ထည်လဲ ဝတ်ခဲ့ရတဲ့ မိုးကုတ်သူကိုး။)တစ်ချို့တွေကတော့ပြောတာပေါ့ “တစ်ချိန်က ကြော်ငြာဘုရင်မ အခုတော့ စျေးရောင်းစားနေရတယ်”ဘာညာနဲ့။ခိုးစားတာလည်းမဟုတ် ၊ ဓားပြတိုက်စားတာလည်းမဟုတ် ၊ သူများ မျက်ရည်ပေါက်ကြီးငယ်ပါတဲ့ အပူစာစားတာမှမဟုတ်တာ။သူ့ဟာသူ ရိုးရိုးသားသားစျေးရောင်းစားတာ သမ္မာအာဇီဝပါ။နောက်ပြီး မရှိတာကို အရှိလုပ် ၊ အတင်းကြီးတွေ ချမ်းသာပြပြီး ဟန်တစ်လုံး ပန်တစ်လုံးနဲ့လေကျယ်နေတဲ့ အထည်ကြီးပျက်တွေထက်စာရင် ထက်ထက်မိုးဦးက အများကြီးရိုးသားပါတယ်။လျှမ်းလျှမ်းတောက် အနေအထားပဲရောက်ရောက် ၊ အောက်ဆုံးမှာပဲနေရနေရ ကိုယ့်ဘဝကိုယ် (သူများကို ဒုက္ခမပေးဘဲ) အဆင်ပြေအောင်နေထိုင်ဖြတ်သန်းသွားနိုင်ဖို့က အရေးကြီးတယ်မလား?မသိဘူး။သဘောကျတယ်။ဒီရက်ပိုင်းမှာ ထက်ထက်မိုးဦး Live လွှင့်ပြီးစျေးရောင်းတာတွေလိုက်ကြည့်ဖြစ်နေတယ်။သူက ရတနာတွေနဲ့ အထည်တွေရောင်းတာဆိုတော့ မိမိအကြိုက်နဲ့က လုံးဝဆန့်ကျင်ဖက်တွေ။ဘာလို့ကြည့်လဲဆိုတော့ သူ့ကိုကြည့်ချင်လို့ကိုကြည့်တာ။ဘာလို့ကြည့်ချင်လဲဆိုတော့ မိမိလည်းမသိဘူး။သူ့ကိုကြည့်နေရရင် ပျော်ရွှင်ခြင်းတစ်မျိုးကို ခံစားရတယ်။

#NOe

Covid19 မှာကိစ္စအချို့ကိုတော်တော်လေးရှင်းရှင်းလင်းလင်းမြင်လိုက်ရတယ်

လူတန်းစားကွာခြားမှုကိစ္စဟာ မြန်မာနိုင်ငံအတွက် အလေးထားဖြေရှင်းရမယ့် စိန်ခေါ်မှုတစ်ခုဖြစ်နေတယ်ဆိုတာ COVID-19 ကာလမှာတော်တော်လေးရှင်းရှင်းလင်းလင်းမြင်လိုက်ရတယ်။ဘယ်လောက်တောင်ကွာဟနေသလဲဆိုရင် Q Center တွေမှာ ပျှမ်းမျှ Facilities ဆိုပြီး ချလို့မရလောက်တဲ့အထိကိုကွာဟနေတာမျိုး။အခုလို လူတန်းစားကွာဟလွန်းနေတဲ့အခါ လူတစ်ယောက်နဲ့တစ်ယောက် စာနာနားလည်ပေးဖို့ဆိုတာ တော်တော်မလွယ်တဲ့ကိစ္စ ဖြစ်သွားပြီ။

ဒီကာတွန်းထဲမှာလိုပေါ့…အပေါ်ကကောင်က အောက်ကိုကြည့်ရင် အီးပုံတွေပဲမြင်ရတယ်။အောက်ကကောင်တွေက အပေါ်ကိုကြည့်ရင် ဖင်ခေါင်းတွေပဲမြင်ရတယ်။(ဒီကြားထဲ ကွန်ဒိုအကောင်းစားမှာနေ ၊ ကိုယ်ပိုင်ကားစီး ၊ပျင်းလာရင် Five Star ဟိုတယ်မှာ Staycation တွေသွားသွားနေ၊ကောင်းပေ့တွေစား ၊ ညွန့်ပေ့တွေဝတ်ပြီး ကိုယ့်ကိုယ်ကို မြန်မာပြည်ရဲ့ လူလတ်တန်းစားပါလို့ ထင်နေကြတဲ့နိုင်ငံခြားပြန်တစ်သိုက်လည်းရှိသေးတယ်။အိမ်း….ဘာမှမပြောလိုတော့။)

#NOe

စျေးသွားရင် နိုးက အခုလို ဗူးလေးတွေ ယူသွားဖြစ်တယ်

စျေးသွားရင် အခုလို ဗူးလေးတွေ ယူသွားဖြစ်တယ်။သဘာဝပတ်ဝန်းကျင် ကို ဂရုစိုက်လွန်းလို့ဆိုတာထက် အသား ၊ ငါးတွေက ကြွတ်ကြွတ်အိတ်နဲ့ဆို အဆင်မပြေလို့။ဥပမာ – ပုစွန်လိုဟာမျိုးဆို ခေါင်းက အစူးတွေက အိတ်ကိုဖောက်တော့ ခြင်းထဲမှာ ပုစွန်အရည်တွေ စီးကျကုန်တာမျိုး။- ငါးတန်လို အသားပျော့တဲ့ ငါးတွေအရင်ဝယ်မိတဲ့အခါ သူ့အပေါ်မှာ အခြားပစ္စည်းတွေနဲ့ဖိမိသွားရင် ငါးအသားတွေနာသွားတာမျိုး။- အမဲသားတွေလိုအသားမာတဲ့ဟာတွေလည်း ကြွတ်ကြွတ်အိတ်နဲ့ဆို အပေါ်ကအဖိခံရရင် အသားထဲကအရည်တွေထွက် ၊ အဲ့အရည်တွေက ခြင်းထဲမှာထပ်ပွ။အဲလိုမျိုး ဒုက္ခတွေကို မခံစားချင်လို့ အခုလိုဗူးလေးတွေနဲ့ပဲဝယ်ဖြစ်တယ်။အသားငါးတင်မက ပဲပြားတို့ ၊ ပဲကြီးတို့ ဘာတို့ဝယ်လည်း ဒီလိုဗူးလေးနဲ့ပဲထည့်လာခဲ့တယ်။သီတာဈေးက မိမိဝယ်နေကျ ဈေးသည်တွေဆိုသိနေကြပြီ။”ဗူးလေးတွေ နဲ့ဝယ်တဲ့ အစ်မကြီး” ဆိုပြီး။တစ်ချို့က”အိမ်ရောက်ရင် ရေခဲသေတ္တာထဲတန်းထည့်ရုံပဲပေါ့” ဆိုပြီးပြောကြသေးတာ။အမှန်တော့ ဗူးနဲ့ပဲ ဝယ်ဝယ် ၊ အိတ်နဲ့ပဲဝယ်ဝယ် ရေခဲသေတ္တာထဲထည့်မယ်ဆို အိမ်ရောက်ရင် အကုန်ပြန်ဆေး ၊ ပြန်ကိုင်ရတာပါပဲ။ပုစွန်တို့ ၊ ငါးသေးသေးလေးတို့ပါတဲ့နေ့ဆိုပိုဆိုး။အခွံချွတ်ရတာနဲ့ ၊ ငါးလေးတွေခေါင်းချိုးရတာနဲ့။အသားတွေဆိုလည်း မထူးပါဘူး။ဆားနဲ့သေချာပွတ်ပြီး ၃-၄ ရေလောက်ဆေးရတာ လက်ချောင်းလေးတွေဆို ပဲကြီးခွံလို့တွန့်လို့။ဒီနေ့လိုမျိုးဆို ဘေစင်မှာရပ်ရတာကြာလွန်းလို့ ခြေထောက်တွေ အမြစ်တွယ်ပြီး အပင်ပေါက်လောက်တယ်။

ကိုယ်တွေက လူနည်းတဲ့အိမ်မို့ ဒီလောက်လေးပဲပင်ပန်းတာ။အမေဆို မနက်စောစောဈေးသွားပြီး အခုလိုအသားတွေ ငါးတွေကိုင်ရင် နေ့တစ်ဝက်ကျိုးပဲ။ပြောချင်တာက အခုလို ဗူးလေးတွေနဲ့ ဈေးဝယ်ရတာအဆင်ပြေပါတယ်လို့။

#NOe

ဘဝမှာ မဖြစ်ချင်ဆုံးကိုပြောပါဆိုရင် “ ချီးထုတ်”ပဲ

ဘဝမှာ မဖြစ်ချင်ဆုံးကိုပြောပါဆိုရင် “ချီးထုတ်”ပဲ။ချီးထုတ်မဖြစ်ချင်ဘူး။ဘယ်သူတစ်ဦးတစ်ယောက်ရဲ့ ဘဝမှာမှ ကိုယ်ဟာ ချီးထုတ်မဖြစ်ချင်ဘူး။ဘယ်သူတစ်ဦးတစ်ယောက်ကမှ ကိုယ့်ကို မပတ်သက်ချင်ဘဲ မဆက်နွယ်ချင်ဘဲ သနားလို့သော်လည်းကောင်း ၊ မကောင်းတတ်လို့သော်လည်းကောင်း ၊ ကိုယ့်ကို ငဲ့ကွက်၍သော်လည်းကောင်း ၊ ကိုယ်နာကျင်သွားမှာစိုးလို့သော်လည်းကောင်း ဆက်လက်ပတ်သက်ဆက်နွယ်နေရတာမျိုးကိုမလိုချင်တာ။မချစ်သော်လည်း အောင့်ကာနမ်းခံရတာမျိုးကိုမလိုလားတာ။

ပတ်သက် ဆက်နွယ်ချင်သည့်တိုင်အောင် တစ်ခုခုကြောင့် ကိုယ့်ကို ငဲ့လိုက်ရတာမျိုး လည်းမလိုချင်ဘူး။ဥပမာ – အများနဲ့ အုပ်စုလိုက်ခရီးသွားကြတဲ့အခါ အားလုံးက လေယာဉ်စီးသွားချင်ပေမယ့် ကိုယ့်က လေယာဉ်မစီးနိုင်လို့ဆိုပြီး ကားပြောင်းစီးလိုက်ရတာမျိုး။ စျေးပေါပေါ ဟိုတယ်တည်းဖို့လုပ်ထားပေမယ့် ကိုယ် ဂဂျီဂဂျောင်ကျလို့စျေးကြီးတဲ့ ဟိုတယ်ပြောင်းတည်းလိုက်ရတာမျိုး.. တွေ မဖြစ်ချင်ဘူး။နောက်ပြီး တစ်စုံတစ်ယောက်ကို မှီခိုပြီး ရှင်သန်နေထိုင် အသက်ဆက်ရတာမျိုးကိုယ်မဖြစ်ချင်ဘူး။စိတ်ပိုင်းဆိုင်ရာအရရော ၊ ရုပ်ပိုင်းဆိုင်ရာအရရော ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ မမှီချင်တာ။ကိုယ့်ဘဝမှာ ဘယ်သူမရှိလို့တော့မဖြစ်ပါဘူး ဆိုတာမျိုးမရှိအောင်လည်းအမြဲသတိထားတယ်။ဥပမာ – မင်္ဂလာဆောင်ပြီး ၃ လအတွင်းမှာ ကထွင်းကို အရမ်းတွယ်တာမိသွားလို့ ကိုယ့်စိတ်ကိုယ်ပြန်ထိန်းရတာမျိုး။လူတွေကိုပဲ မမှီချင်တာ မဟုတ်ဘူး။သက်ရှိ ၊ သက်မဲ့ ဘယ်အရာကိုမှ မတွယ်ချင်ဘူး။ဒါလေးမှမစားရရင် ၊ ဒါလေးမှမဝတ်ရရင် ၊ ဒါလေးမှ မသောက်ရရင် “ အဆင်မပြေဘူး “ ဆိုတဲ့အခြေအနေမျိုးတွေကို မကြိုက်ဘူးလေ။ငယ်ငယ်ကတည်းက မိဘ ဂရုစိုက်တာ မခံခဲ့ရလို့ ဒီလိုဖြစ်သွားတာလည်းမဟုတ်ပြန်ဘူး။ကိုယ်တွေက အသက် ၁၃ နှစ် (၈တန်းကျောင်းသူဘဝအထိ)ကျောင်းသွားရင် ကိုယ့်လွယ်အိတ်တောင်ကိုယ်မလွယ်ခဲ့ဖူးဘူး။သနပ်ခါးလည်း အမေပဲ ခြေဆုံးခေါင်းဆုံးလူးပေးတာ။ခေါင်းလည်းအမေပဲဖြီးပေးတာ။ထမင်းလည်း အမေပဲခွံကျွေးတာ။အမေ ဘူးသီးကို ကိုယ်ဝန်စရှိတော့ ကိုယ်နဲ့ပြဿနာတက်တယ်။ကိုယ်တွေရှိနေရက်နဲ့ အမေ ဘာကြောင့် ကလေးထပ်မွေးမလဲ ဆိုတာ အဖြေရှာမရဘဲ ကိုယ်တွေမှာ မိုးမီးတွေလောင်တာ။(မွေးလာမှ ဘူးသီးကိုချစ်သွားတာက သပ်သပ်။မမွေးခင်ကတော့ တော်တော်မုန်းတာ။မွေးတော့လည်း ဆေးရုံသွားမကြည့်ဘူး။)အဲဒီကတည်းကအမေ့ကိုမကပ်တော့တာ။ကျောင်း မပို့ခိုင်းတော့ဘူး။လာလည်းမကြိုခိုင်းတော့ဘူး။(လာကြိုရင်လည်းမသိချင်ယောင်ဆောင်ပြီး ပြေးတာ။ အမေက ဗိုက်တစ်လုံးနဲ့မို့လိုက်မရဘူးလေ။နောက်တော့လည်းလာမကြိုတော့ဘူး။)ထမင်းလည်းကိုယ့်ဟာကိုယ်ပဲစားတယ်။သနပ်ခါးလည်းအလူးမခံတော့ဘူး။ကိုယ့်ဟာကိုယ်လူးတယ်။မလူးချင်ရင် မျက်နှာပြောင်နဲ့ကျောင်းသွားတယ်။ခေါင်းမဖြီးနိုင်တဲ့အခါ စုတ်ဖွားကေနဲ့ပေါ့။အားလုံး ကိုယ့်လက်ကိုယ့်ခြေလုပ်ဖြစ်တယ်။ဒါတောင် ၁၀ တန်းအထိ အဝတ်လျှော်တာ ၊ ထမင်းချက်တာ အိမ်အလုပ် ဘာညာဝင်မလုပ်ရဘူး။(အိမ်အလုပ်တွေ တတ်အောင်သင်တာကတစ်ပိုင်း ၊ စာကျက်ပျက်မှာစိုးလို့ ဝင်မလုပ်ခိုင်းတာကတစ်ပိုင်း)အဲဒီမှာပိုနားလည်သွားတယ်ပဲပြောရမလား?“ဘဝမှာ ဘယ်သူ့ကိုမှ ကိုယ်အပိုင်မရနိုင်ဘူး ။ ကိုယ့်ကိစ္စကိုယ်ရှင်းတာအကောင်းဆုံး ။ ဘဝမှာ ဘယ်လောကဓံနဲ့ကြုံကြုံ အဆင်ပြေဆုံးဖြစ်အောင် ကိုယ်တိုင်ရင်ဆိုင်ရမှာပဲ”ဆိုတာကို တော်တော်နားလည်လိုက်တယ်။တကယ်တော့ မိမိဟာ လူမှန်းသိတတ်စကတည်းက “အသက် ၁၈ နှစ်ပြည့်ရင် ကိုယ့်ပိုက်ဆံကိုယ်ရှာပြီး ကိုယ့်ဘဝကိုယ်ကျောင်းမယ်။” ဆိုပြီးဆုံးဖြတ်ခဲ့ပြီးသား။(ဘဝပေးအခြေအနေအရ အသက် ၁၆ နှစ်ကတည်းက ကိုယ့်အတွက်သာမက မိသားတစ်စုလုံးအတွက်ပိုက်ဆံရှာခဲ့ရတယ်။ )မွေးကတည်းက အတ္တကြီး ၊ မာနကြီး ၊ ဒေါသကြီး ရတဲ့အထဲ ငယ်ငယ်ရွယ်ရွယ်နဲ့ ပိုက်ဆံရှာနိုင်ပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်လာနိုင်တဲ့အခါ မောက်မာထောင်လွှားဘဝမေ့တတ်တဲ့သူမဖြစ်ဖို့ ကိုယ့်ကိုယ်ကို အရမ်းထိန်းကျောင်းရတယ်။(ထိန်းကျောင်းပေးမယ့်သူလည်းမရှိသလို။ ထိန်းကျောင်းရင်လည်း ကိုယ်တွေကလက်ခံမှာမဟုတ်ဘူး။)အောင်မြင်တာလည်းရှိခဲ့တယ်။ကျဆုံးတာလည်းရှိခဲ့တယ်။အဆင်ပြေတာလည်းရှိခဲ့တယ်။သောက်တလွဲတွေလည်းကြုံဖူးခဲ့တယ်။ကိုယ်ပိုင်အိမ်ကောင်းကောင်းနဲ့နေဖူးသလို (စီးပွားပျက်တုံးက) ၁၂ ပေ x ပေ ၅၀ ပဲရှိတဲ့ စုတ်တိစုတ်ပဲ့ တိုက်ခန်းအဟောင်းလေးမှာ တစ်မိသားစုလုံး ကျပ်ကျပ်တည်းတည်းလည်းနေခဲ့ဖူးတယ်။ကိုယ်နဲ့သွေးမတော်သားမစပ် ကလေး ၃ ယောက်ကို တစ်လကို သိန်းချီအကုန်ခံပြီး နှစ်ပေါက်အောင် ကျောင်းစရိတ်ထောက်ပံ့ခဲ့ဖူး(နေဆဲဖြစ်)သလို ၊ Bus ကားခ ၅၀ ကုန်မှာစိုးလို့ ကျိုက္ကဆံ Super One နားကနေ (ဂိုက်သွားသင်ပြီးရင်) ကျောက်မြောင်းထိ ည ၉ နာရီလောက်ကြီး တစ်ယောက်တည်း လမ်းလျှောက်ပြန်ဖူးတယ်။ တစ်ခုချင်းစီပြန်ပြောမယ်ဆိုရင် အများကြီးပဲ။အဆင်မပြေတာတွေကြောင့် ဝမ်းမနည်းသလို ၊ အဆင်ပြေတာတွေကြောင့်လည်း ဂုဏ်မဆာချင်ဘူး။ဘဝမှာ ဘာလာလာ ရင်ဆိုင်ရဲတဲ့ သတ္တိ ရှိဖို့တော့ အမြဲကြိုးစားတယ်။တစ်ခုပဲ…ချီးထုတ်မဖြစ်ချင်ဘူး။ဘဝမှာ မဖြစ်ချင်ဆုံးကိုပြောပါဆိုရင် “ချီးထုတ်”ပဲ။ဘယ်သူတစ်ဦးတစ်ယောက်ရဲ့ ဘဝမှာမှ ကိုယ်ဟာ ချီးထုတ်မဖြစ်ချင်ဘူး။

#NOe

Facebook မှာ အတတ်နိုင်ဆုံး ပေါ့ပေါ့ပါးပါးပဲနေချင်တာ

Facebook မှာ အတတ်နိုင်ဆုံး ပေါ့ပေါ့ပါးပါးပဲနေချင်တာ။ဒီလိုမျိုး မိတ်ပျက် ဆွေပျက်တွေတွေသိပ်ပြောချင်တာမဟုတ်ဘူး။ဒါပေမယ့် လူက ချုပ်တည်းတာများလာရင် “ချီးထုတ်” ဖြစ်လာမှာစိုးလို့ ပွင့်ပွင့်လင်းလင်းပြောတာ။ပြောချင်တာကရခိုင်မှာ COVID-19 လူနာတွေ အများကြီးတွေ့တုန်းက တကယ့်ဒေသခံတွေထက် မီးလောင်ရာလေပင့်ချင်တဲ့တောကြောင်တွေရဲ့“ဒါရခိုင်ကို သပ်သပ်မဲ့လုပ်ကြံတာ”“အစိုးရရဲ့ နိုင်ငံရေးလှည့်ကွက် “ “Q Center တွေမှာ ဘယ်လို ဘယ်ပုံ “ဘာညာသာရကာ post တွေ Facebook မှာမမြင်ချင်မှအဆုံးတွေ့ခဲ့ရတယ်။(တကယ်တော့ ရန်ကုန်က Q Center တွေလည်း ၁၀၀% အဆင်ပြေနေတာမဟုတ်ဘူး။အခုဆိုပိုဆိုး။နေရာတွေတောင်မလောက်။)တာဝန်ရှိတဲ့သူတွေက သူတို့အလုပ်သူတို့လုပ်ကြတယ်။လူမျိုးဘာသာမရွေး စေတနာ့ဝန်ထမ်းတွေသူ့ဆန္ဒနဲ့သူ ရခိုင်ကိုသွားကြတယ်။လူမျိုးသာဘာမရွေး အလှူရှင်တွေ လှူကြတယ်။အခုဆို အတိုင်းအတာတစ်ခုအထိထိန်းချုပ်နိုင်သွားပြီ။အဲဒီတောကြောင်တွေဆီက ဘာအသံမှထွက်မလာကြတော့ဘူး။အစိုးရကသူ့တာဝန်သူလုပ်တာမို့ အစိုးရကို ကျေးဇူးတင်ဖို့ပြောတာမဟုတ်ဘူးနော်။စေတနာ့ဝန်ထမ်းတွေကို အသိအမှတ်ပြုပေးဖို့ပဲ(မိမိအနေနဲ့)မျှော်လင့်မိတာ။ဒါပေမယ့် အဲဒီတောကြောင်တွေဟာ ဒီလိုကိစ္စမျိုးဆို ယုန်ကလေးနှာစေးနေသည်ပဲ။အခုစစ်တပ်က မုဒိန်းမှုတစ်ခုကို ဝန်ခံလာတယ်။ဆဲတာပဲ။အရင်ဝန်မခံပဲနေတုန်းကလည်း ဆဲ ၊ အခုဝန်ခံတော့လည်းဆဲ … ဆိုတော့ တစ်ဖက်က မထူးဇာတ်ခင်းကုန်ရင်မခက်ချေဘူးလား?

ဒီကာလဟာ မဲဆွယ်ကာလဖြစ်တော့ ပါတီအသီးသီးက သူ့နည်းသူ့ဟန်နဲ့မဲဆွယ် ကမ်ပိန်းတွေလုပ်ကြတယ်။မတရား ဆဲကြတာပဲ။(တောင်ကုတ်ကကလေးမတွေကိုဆို ရစရာမရှိအောင်ကို အဆဲခံရတာ။)တစ်ခုခုဆို သွေးဆူလွယ်ကြတာ သိပ်တော့အဆင်မပြေဘူး။ကိုယ်တွေနိုင်ငံက အခုမှ စလုံးရေတောင်မစရသေးဘူး။

ကိုယ်နဲ့လူမျိုးချင်းမတူလို့ အခြားလူမျိုးတွေကိုမှ မငဲ့ရင်တောင် နိုင်ငံကိုတော့ ငဲ့ကြစေချင်မိတယ်။အာဏာရပါတီကကိုယ်နဲ့သဘောထားချင်းမတိုက်ဆိုင်လို့ အစိုးရကိုမုန်းရင်တောင်နိုင်ငံကိုတော့ ချစ်ကြစေချင်မိတယ်။“နိုင်ငံချစ်စိတ်”ဆိုတာရှိတယ်။လူမျိုးချစ်စိတ် ၊ ပါတီချစ်စိတ် ၊ ပုဂ္ဂိုလ်ချစ်စိတ် မဟုတ်ဘူး။“နိုင်ငံချစ်စိတ်”။ကိုယ့်နိုင်ငံကို ကိုယ်ချစ်တဲ့စိတ်။မိမိကတော့ မိမိနိုင်ငံကိုမိမိချစ်တယ်။မချစ်နိုင်တဲ့တစ်နေ့ရောက်ရင် အခြားနိုင်ငံသားခံယူပြီးနိုင်ငံသားကတ်ကို သက်ဆိုင်ရာအပ်လိုက်မယ်။တောကြောင်တွေလိုမျိုးတော့ နည်းပေါင်းစုံနဲ့ နိုင်ငံကိုသိက္ခာချမနေဘူး။I love my Country , Myanmar

🇲🇲

.#NOe

ဘယ်ပါတီနိုင်မှ ၊ ညာပါတီနိုင်မှ ဆိုတာထက် ဒီရွေးကောက်ပွဲ အထမြောက်ဖို့ကိုပဲ ပိုရှေးရှုတယ်

“ဟိုပါတီ ၊ ဒီပါတီ “ ဆိုတာထက်အဲဒီပါတီတွေရဲ့ မဲဆွယ် ကမ်ပိန်း Program တွေကိုပိုစိတ်ဝင်စားလို့ ကမ်ပိန်း မန်နေဂျာတွေရဲ့ အကွက်ရွှေ့မှုတွေကို ပိုအာရုံထားဖြစ်နေတယ်။လောလောဆယ်မှာ NLD ရဲ့ ကမ်ပိန်း Program တွေက Online /Offline ၂ မျိုးစလုံးမှာ အပြတ်အသတ်သာနေတယ်ဆိုတာကတော့ငြင်းမရ။နောက်ပြီး မြင်နေကျမဟုတ်တဲ့ အကွက်သစ်နဲ့ (ရွေးကောက်ပွဲကိုရည်ရွယ်ထားတဲ့)Facebook Page ၃ ခုလောက်တွေ့တယ်။ဒါဟာလည်း စောင့်ကြည့်စရာပဲ။မိမိအတွက်”၂၀၂၀ အထွေထွေရွေးကောက်ပွဲ”နဲ့ပတ်သတ်တဲ့အရေးအကြီးဆုံးကိစ္စက 2020 Nov 8 မှာ ရွေးကောက်ပွဲငြိမ်းငြိမ်းချမ်းချမ်းနဲ့အောင်မြင်သွားဖို့ပဲ။ဘယ်ပါတီနိုင်မှ ၊ ညာပါတီနိုင်မှ ဆိုတာထက် ဒီရွေးကောက်ပွဲ အထမြောက်ဖို့ကိုပဲ ပိုရှေးရှုတယ်။ဒါဟာ မိမိအတွက်အရေးအကြီးဆုံးပဲ။ကိုကျော်ထက်အောင်လေသံယူသုံးပြောရရင်“မြန်မာပြည်ကြီး Good Luck ပါ”

#NOe

လူတွေကတော့ပြောကြတာပဲ“ကြာပန်းတွေဘုရားမှာလှူရင် ကြာတတ်တယ်”

လူတွေကတော့ပြောကြတာပဲ။“ကြာပန်းတွေဘုရားမှာလှူရင် ကြာတတ်တယ်”တဲ့။သုမိတ္တာဟာ သုမေဓါ နဲ့စတွေ့ချိန်တုန်းက သူ့လက်ထဲမှာ ကြာတွေကိုင်ထားခဲ့တယ်တဲ့။အဲဒီဘဝကနေ ကြာပန်း တွေနဲ့ စလိုက်ကြတဲ့ သူတို့ဖူးစာဟာ ဒီဘဒ္ဒကမ္ဘာမှာ သံသရာလာဆုံးကြတဲ့အထိလေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းတောင်ကြာခဲ့တယ်။မိမိ မင်္ဂလာဆောင်တော့ ကြာပန်းတွေကိုင်ခဲ့တယ်။၏

(တကယ်တော့ အဲဒီနေ့က ဆံထုံးမှာပါ ကြာပန်းပန်ဖို့စီစဉ်ထားတာ။အဖွားက “ဘုရားပန်းမို့ မပန်ပါနဲ့ သမီးရယ်” ဆိုလို့ကြာပန်းမပန်ဘဲ Plan B အနေနဲ့စီစဉ်ထားတဲ့ နှင်းဆီဖြူပဲပန်ဖြစ်ခဲ့တယ်။)ဒီနေ့လည်း စျေးထဲမှာ ကြာတွေတွေ့တော့ မနေနိုင်ဘဲဝယ်ခဲ့မိပြန်တယ်။လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းတုန်းကသုမိတ္တာလေး တစ်ယောက်“ဘာတွေဆုတောင်းခဲ့လဲ?”ဘဒ္ဒကစ္စနာ သာအသိဆုံးဖြစ်လိမ့်မယ်။မိမိကတော့“နောက်ဆုံးကမ္ဘာမှာ ပေါက္ခရဝဿမိုးတွေရွာတဲ့အခါချစ်သူရဲ့ဘယ်ဖက်အရပ်မှာတစ်ယောက်တည်းရပ်မယ့်သူဟာကိုယ်ပဲဖြစ်လိုတယ်။”

#NOe

“ရန်ကုန်(သို့မဟုတ်)ရင့်ကျက်တဲ့မြို့။”

ကိုယ့်အသက်ထက်ကြီးတဲ့ သမိုင်းကြောင်းတွေမချီချင်လို့ကိုယ်ကိုယ်တိုင် မြင်ရ ကြုံရ ခံစားရတဲ့အတိုင်းပြောမယ်။ရန်ကုန်ဟာ ရင့်ကျက်လွန်းတယ်။အဝေးကြီးမကြည့်နဲ့ အခု COVID 19 ကိစ္စမှာပဲမြင်နိုင်တယ်။Positive Case တွေဘယ်လောက်များများ ရန်ကုန်ဟာ ဘယ်တုန်းကမှ ယိုင်နဲ့မသွားခဲ့ဘူး။ရှိတဲ့ အင်အားနဲ့ အကောင်းဆုံးတောင့်ခံနိုင်တယ်။ရန်ကုန်ဟာ လူမျိုး ဘာသာ ဆင်းရဲ ချမ်းသာ ဘာဆိုဘာမှ မခွဲခြားဘူး။ဒီတော့ ရန်ကုန်မှာ လူတွေစုံတယ်။(မိမိကိုယ်တိုင်က ရန်ကုန်ဇာတိမဟုတ်ခဲ့ဘူး။)အနယ်နယ်အရပ်ရပ်က လူစုံတွေ ရန်ကုန်ကိုလာကြတယ်။အဲဒီထဲက တော်တော်များများဟာ ***ရန်ကုန်မှာ ပညာရှာတယ်။ဥစ္စာရှာတယ်။ရန်ကုန်ကနေ ယူလို့ရသမျှအကုန်ယူတယ်။ရန်ကုန်မှာ စည်းကမ်းမဲ့ အမှိုက်ပစ်တယ်။ကွမ်းတံတွေးထွေးတယ်။ခြုံတိုးပြီးသေးပန်းတယ်။ရပ်ရွာကောင်းကျိုးလုပ်မယ်ဆိုရင်တော့ ကိုယ့်ဒေသကိုယ်ပြန်လုပ်တယ်။ဒီကြားထဲပြောကြသေးတယ်။”ရန်ကုန်မြို့က ညစ်ပတ်တယ်၊ စိတ်ရှုပ်ဖို့ကောင်းတယ်။”တဲ့။ရီစရာကောင်းသလို ၊ ရင်နာစရာလည်းကောင်းသား။ဒါပေမယ့်လည်း ရန်ကုန်ဟာအပြုံးမပျက်ခဲ့ဘူး။ဘယ်သူတစ်ဦးတစ်ယောက်ကိုမှလည်း အပြစ်မမြင်ခဲ့ဘူး။မိမိကတော့ ရန်ကုန်မှာမွေးတဲ့ ရန်ကုန်သူစစ်စစ်မဟုတ်ပေမယ့် ရန်ကုန်နဲ့ပတ်သတ်ပြီး အမြဲ ဂုဏ်ယူတယ်။ကိုယ့်ရဲ့ ကလေးဘဝဟာ ရန်ကုန်မှာဖြစ်တယ်။ကိုယ်တက်ခဲ့တဲ့ကျောင်းဟာ ရန်ကုန်မှာဖြစ်တယ်။တိုင်းနဲ့ပြည်နယ်ပွဲတွေမှာ ရန်ကုန်ကိုယ်စားပြု အဖြစ်ရပ်တည်ဖူးတယ်။ဆယ်ကျော်သက်အရွယ်က ရင်ခုန်စရာတွေဟာလည်းရန်ကုန်မှာဖြစ်တယ်။ကိုယ့်ရဲ့ ပျော်ရွှင်ရခြင်း ၊ ဝမ်းနည်းရခြင်းများဟာ ရန်ကုန်မှာဖြစ်တယ်။ကိုယ့်ဘဝရဲ့ ဖြတ်သန်းခဲ့တဲ့ ဘဝတစ်လျှောက်မှာ ရန်ကုန်ဟာအရေးပါတဲ့ အခန်းကဏ္ဍတစ်ခုဖြစ်တယ်။ရွှေတိဂုံမြေမှာကြီးပြင်းတယ်၊ အင်းလျားလေကိုရှုတယ်၊ ဂျိုးဖြူရေကိုသုံးတယ်။ရန်ကုန်ဟာ မိမိအတွက်တော့ အရင်းနှီးဆုံးတွေထဲကတစ်ခုဖြစ်တယ်။ကိုယ့်အသက်ထက်ကြီးတဲ့ သမိုင်းကြောင်းတွေမချီချင်လို့ကိုယ်ကိုယ်တိုင် မြင်ရ ကြုံရ ခံစားရတဲ့အတိုင်းပြောမယ်။”ရန်ကုန်ဟာ ရင့်ကျက်လွန်းတယ်။”

#ILoveYangon

#NOe