အိမ္ေထာင္က်ျခင္းဟာေယာက္က်ားတစ္ေယာက္အတြက္ ကံဆိုးမႈတစ္ခုလား?

အခုတစ္ေလာ ႏိုး စိတ္ထဲ သေဘာမေတြ႕တဲ႕ကိစၥတစ္ခုရွိတယ္။

ဘာလဲဆိုေတာ႕ ႏိုးနဲ႕ လက္ထပ္ေတာ႕မယ္႕ သတို႕သားေလာင္းကို “သားႀကီးမွားမယ္ေနာ္။” “မိုက္ေတာ႕မလို႕လား” ဘာညာနဲ႕ ပတ္ဝန္းက်င္ (အထူးသျဖင္႕ အမ်ိဳးသားေတြအခ်င္းခ်င္း) က လာလာစေနာက္ေနၾကတဲ႕ ကိစၥပဲ။

စစခ်င္းေတာ႕ ဘာမွမျဖစ္ေပမယ္႕ တစ္ရက္လည္းမဟုတ္ ၊ ႏွစ္ရက္လည္းမဟုတ္ ၊ တစ္ခါလည္းမဟုတ္ ၊ ႏွစ္ခါလည္းမဟုတ္ အားအားရွိဒါပဲထပ္တလဲလဲၾကားရတာၾကာေတာ႕ လူကစိတ္နည္းနည္းေတာ႕ရႈပ္လာတယ္။

ႏိုးကခ်ည္း တစ္ဖက္သတ္ အတင္းအဓမၼစီစဥ္တာလည္းမဟုတ္ပါဘဲ  ႏွစ္ဦးသေဘာတူလက္ထပ္ၾကမွာကို ဘာလို႕ ဒီလိုေတြလာလာေျပာၾကလဲဆိုတာေတာ႕ စဥ္းစားမရႏိုင္ဘူး။

ကိုယ္႕ကိုယ္ကိုလည္း ေတြးတယ္။

ငါကတကယ္ကို သူ႕ဘဝအတြက္ အခ်ဳပ္အေႏွာင္တစ္ခုျဖစ္သြားေတာ႕မွာလား ? ေပါ႔။

ႏိုးနဲ႕လက္ထပ္လိုက္လို႕ သူ႕ဘဝကတစ္ကယ္ကို အခ်ဳပ္အေႏွာင္ထဲေရာက္သြားမယ္ဆိုတာ ေသခ်ာတယ္ဆိုရင္ ႏိုးသူ႕ကို လက္မထပ္ခ်င္ပါဘူး။

ခ်စ္တာေတြ ႀကိဳက္တာေတြအသာထားပါ။

၈ ႏွစ္ေလာက္နီးပါး ကိုယ္႕အနားမွာရွိလာတဲ႕ သူတစ္ေယာက္ စိတ္ဆင္းရဲမွာ ၊ ဒုကၡေရာက္မွာ ႏိုးမလိုလားဘူး။ အထူးသျဖင္႕ ႏိုးေၾကာင္႕ သူ အဆင္မေျပျဖစ္မွာ ၊ ေနာက္ဆံတင္းရမွာ ေတြ ပိုေၾကာက္တယ္။ ဒါဟာ သူ႕ကို ခ်စ္လို႕ ႀကိဳက္လို႕ ဆိုတာ ထက္ “ဘယ္သူတစ္ဦးတစ္ေယာက္ရဲ႕ ဝန္ထုတ္ဝန္ပိုးမွ မျဖစ္ခ်င္ဘူး” ဆိုတဲ႕ ႏိုးရဲ႕မာနေၾကာင္႕ဆို ပိုမွန္မယ္။ ႏိုးကိုယ္တိုင္လည္း ဝန္ထုတ္ဝန္ပိုးေတြသယ္ထမ္းထားရတာကိုမႀကိဳက္ဘူး။ ဒီေတာ႕ သူမ်ားေတြကိုလည္း ဝန္ထုတ္ဝန္ပိုးေတြမေပးခ်င္ဘူး။ ဘယ္ကိစၥမွာမဆို ႏိုးကို ငဲ႕လိုက္ရတယ္  ဆိုတာမ်ိဳး ၊ ႏိုးကို ၫွာလိုက္ရတယ္ဆိုတာမ်ိဳးေတြ ပိုမၾကားခ်င္ဘူး။

အထူးသျဖင္႕ ႏိုးလက္ထပ္မယ္႕ေယာက္က်ားတစ္ေယာက္က အစစအရာရာ ႏိုးကို ငဲ႕ေနရတာ ၊ ႏိုးအတြက္နဲ႕တာဝန္ေတြပိုထမ္းရတာ ၊ ႏိုးအတြက္နဲ႕ သူႀကိဳက္တဲ႕ အျခားအရာေတြကို စြန္႕လႊတ္လိုက္ရတယ္ဆိုတာမ်ိဳးဆို လံုးဝ (လံုးဝ) မၾကားခ်င္ ၊ မျဖစ္ေစခ်င္ ၊ မရွိေစခ်င္တဲ႕ ကိစၥေတြပါပဲ။

ေနာက္ၿပီး ႏိုးတို႕ ၂ ေယာက္ရဲ႕ လက္ထပ္ျခင္းက လက္ထပ္ျခင္းသီးသန္႕ပါပဲ။

တစ္ေယာက္နဲ႕တစ္ေယာက္ မခြဲႏိုင္ေတာ႕လို႕ တို႕ ၊

မ်က္စိေအာက္ကအေပ်ာက္မခံ ခ်စ္ၾကလြန္းလို႕တို႕ ၊

စီးပြားေရးေၾကာင္႕တို႕ ၊

မိဘေတြေၾကာင္႕တို႕ ၊

ပတ္ဝန္းက်င္ေၾကာင္႕တို႕  ဘာတစ္ခုမွမဟုတ္ဘူး။

အျခားဘာအေၾကာင္းျပခ်က္မွမရွိဘူး။ အတူရွိခဲ႕တဲ႕ ႏွစ္ေတြၾကာလို႕ အလိုလိုျဖစ္လာတဲ႕ သံေယာဇဥ္ကလြဲရင္ ဘာေႏွာင္ႀကိဳးနဲ႕မွလည္း ခ်ဳပ္ေႏွာင္ ခ်ည္တုတ္ထားတာ မရွိဘူး။

ႏိုးတို႕ လက္ထပ္ခ်င္တယ္ ၊ ဒါေၾကာင္႕ လက္ထပ္တယ္။

ဒီေလာက္ပဲ။

က်န္တာႏိုးတို႕ၾကားမွာ ဘာအကန္႕မွမရွိဘူး။

လက္ထပ္ၿပီးရင္လည္း ဘယ္သူက ဘာလုပ္ရမယ္ ၊ ဘယ္သူကေတာ႕ ဘာတာဝန္ယူပါ ဆိုတာမ်ိဳးလည္း မရွိပါဘူး။

ဥပမာ – ထမင္းခ်က္တဲ႕ကိစၥမ်ိဳးဆို သူအားသူခ်က္ ၊ ကိုယ္အားကိုယ္ခ်က္ပဲ။ ၂ ေယာက္လံုးမအားေတာ႕လည္း ဝယ္စား(ဒါမွမဟုတ္)မစားနဲ႕ေပါ႔။ ဒီလိုပဲသြားၾကမွာ။

ပြင္႕ပြင္႕လင္းလင္းေျပာရရင္ လက္ထပ္ၿပီးမွ အဆင္မေျပလည္း ႏွစ္ဦီးႏွစ္ဖက္သေဘာတူ ျပတ္စဲသြားႏိုင္တယ္ဆိုတာကို ႏိုးတို႕ ၂ ေယာက္လံုး နားလည္လက္ခံထားၿပီးသားမို႕ ေရွ႕ေလွ်ာက္လည္း တစ္ေယာက္ကိုတစ္ေယာက္ ခ်ည္ေႏွာင္သြားဖို႕မရွိပါဘူး။

ကုန္ကုန္ေျပာမယ္။

ေငြေရးေၾကးေရး အစ ၊ ကိုယ္ေရးကိုယ္တာ အဆံုး ဘာတစ္ခုမွ ခ်ဳပ္ေႏွာင္ထိန္းခ်ဳပ္ဖို႕ အစီအစဥ္ကိုမရွိတာ။

ဒီီေနရာမွာ  ေႏွာင္ႀကိဳးေလးတစ္မွ်ဥ္ေတာ႕မျဖစ္မေနထားရမယ္ လို႕ ကတ္သီးကတ္သတ္ေျပာလာရင္ေတာ႕ “သစၥာတရား”နဲ႕ေႏွာင္ဖြဲ႕ဖို႕ပဲရွိတယ္။

ဒါေပမယ္႕ ဒီသစၥာတရားကလည္း”တစ္သက္မွာ တစ္ေယာက္ပဲခ်စ္ၿပီး တစ္ေယာက္ပဲေပါင္းရမယ္ ” ဆိုတာမ်ိဳး (လံုးဝ) မဟုတ္ျပန္ဘူး။

ေနာင္တစ္ခ်ိန္ တစ္ေယာက္အနားမွာတစ္ေယာက္ေနလို႕အဆင္မေျပေတာ႕တဲ႕အခါ (ဒါမွမဟုတ္) ပိုအဆင္ေျပေစမယ္႕ ေနာက္တစ္ေယာက္ရွိလာတဲ႕အခါ တစ္ေယာက္ကိုတစ္ေယာက္ပြင္႕လင္းမွန္ကန္စြာ အသိေပးရမယ္ဆိုတဲ႕ သစၥာပဲ။

သစၥာ ဆိုတာကိုက အမွန္ လို႕ အဓိပၸာယ္ရတာေၾကာင္႕ အဆင္မေျပတာကို အဆင္ေျပပါတယ္ ဟန္ေဆာင္ၿပီး ဖံုးကြယ္ထားစရာမလိုဘူးေလေနာ္။

ဒီအေၾကာင္းေတြကို အခုလို ဖြင္႕ဟတယ္ဆိုတာကလည္း စေနာက္တာေတြမလုပ္ပါနဲ႕တားတာမဟုတ္ပါဘူး။

စိတ္သေဘာမေတြ႕ဘူးဆိုတာကို အသိေပးတာပါ။စိတ္လည္းမဆိုးပါဘူး။

စတာေနာက္တာလည္းသူတို႕လြတ္လပ္ခြင္႕ျဖစ္သလို ၊ စိတ္သေဘာမေတြ႕တာကလည္း ႏိုးလြတ္လပ္ခြင္႕ပဲေလ။

လူတစ္ေယာက္နဲ႕တစ္ေယာက္အယူအဆေတြ ခံယူခ်က္ေတြမတူညီႏိုင္တာမို႕ ႏိုးတို႕ႏွစ္ေယာက္ရဲ႕ ဆက္ဆံေရးက အျခားသူေတြအတြက္ သူစိမ္းဆန္တယ္လို႕ ထင္ခ်င္ထင္ၾကမယ္ ဆိုေပမယ္႕ အခုအခ်ိန္ထိေတာ႕ ႏိုးတို႕ ၂ ေယာက္လံုးက အဆင္ေျပေျပပါပဲ။

အတၱအရမ္းႀကီးတဲ႕  မိန္းမတစ္ေယာက္အေနနဲ႕ “ကိုယ္လက္ထပ္မယ္႕ေယာက္က်ားတစ္ေယာက္ကို ကိုုယ္႕ေၾကာင္႕ စိတ္မဆင္းရဲေစရေအာင္၊ဒုကၡမေရာက္ရေအာင္ ၊ မ်က္ႏွာမငယ္ေစရေအာင္ ကိုယ္စြမ္းရွိသမွ် ၊ ဉာဏ္စြမ္းရွိသမွ် ႀကိဳးစားမယ္”ဆိုတာကေတာ႕ ဘဒၵကမၻာမွာ အမွန္ကန္ဆံုးေသာ မာနလွလွတစ္ခုပဲ။

#NOe

 

(Unicode)

အခုတစ်လော နိုး စိတ်ထဲ သဘောမတွေ့တဲ့ကိစ္စတစ်ခုရှိတယ်။

ဘာလဲဆိုတော့ နိုးနဲ့ လက်ထပ်တော့မယ့် သတို့သားလောင်းကို “သားကြီးမှားမယ်နော်။” “မိုက်တော့မလို့လား” ဘာညာနဲ့ ပတ်ဝန်းကျင် (အထူးသဖြင့် အမျိုးသားတွေအချင်းချင်း) က လာလာစနောက်နေကြတဲ့ ကိစ္စပဲ။

စစချင်းတော့ ဘာမှမဖြစ်ပေမယ့် တစ်ရက်လည်းမဟုတ် ၊ နှစ်ရက်လည်းမဟုတ် ၊ တစ်ခါလည်းမဟုတ် ၊ နှစ်ခါလည်းမဟုတ် အားအားရှိဒါပဲထပ်တလဲလဲကြားရတာကြာတော့ လူကစိတ်နည်းနည်းတော့ရှုပ်လာတယ်။

နိုးကချည်း တစ်ဖက်သတ် အတင်းအဓမ္မစီစဉ်တာလည်းမဟုတ်ပါဘဲ  နှစ်ဦးသဘောတူလက်ထပ်ကြမှာကို ဘာလို့ ဒီလိုတွေလာလာပြောကြလဲဆိုတာတော့ စဉ်းစားမရနိုင်ဘူး။

ကိုယ့်ကိုယ်ကိုလည်း တွေးတယ်။

ငါကတကယ်ကို သူ့ဘဝအတွက် အချုပ်အနှောင်တစ်ခုဖြစ်သွားတော့မှာလား ? ပေါ့။

နိုးနဲ့လက်ထပ်လိုက်လို့ သူ့ဘဝကတစ်ကယ်ကို အချုပ်အနှောင်ထဲရောက်သွားမယ်ဆိုတာ သေချာတယ်ဆိုရင် နိုးသူ့ကို လက်မထပ်ချင်ပါဘူး။

ချစ်တာတွေ ကြိုက်တာတွေအသာထားပါ။

၈ နှစ်လောက်နီးပါး ကိုယ့်အနားမှာရှိလာတဲ့ သူတစ်ယောက် စိတ်ဆင်းရဲမှာ ၊ ဒုက္ခရောက်မှာ နိုးမလိုလားဘူး။ အထူးသဖြင့် နိုးကြောင့် သူ အဆင်မပြေဖြစ်မှာ ၊ နောက်ဆံတင်းရမှာ တွေ ပိုကြောက်တယ်။ ဒါဟာ သူ့ကို ချစ်လို့ ကြိုက်လို့ ဆိုတာ ထက် “ဘယ်သူတစ်ဦးတစ်ယောက်ရဲ့ ဝန်ထုတ်ဝန်ပိုးမှ မဖြစ်ချင်ဘူး” ဆိုတဲ့ နိုးရဲ့မာနကြောင့်ဆို ပိုမှန်မယ်။ နိုးကိုယ်တိုင်လည်း ဝန်ထုတ်ဝန်ပိုးတွေသယ်ထမ်းထားရတာကိုမကြိုက်ဘူး။ ဒီတော့ သူများတွေကိုလည်း ဝန်ထုတ်ဝန်ပိုးတွေမပေးချင်ဘူး။ ဘယ်ကိစ္စမှာမဆို နိုးကို ငဲ့လိုက်ရတယ်  ဆိုတာမျိုး ၊ နိုးကို ညှာလိုက်ရတယ်ဆိုတာမျိုးတွေ ပိုမကြားချင်ဘူး။

အထူးသဖြင့် နိုးလက်ထပ်မယ့်ယောက်ကျားတစ်ယောက်က အစစအရာရာ နိုးကို ငဲ့နေရတာ ၊ နိုးအတွက်နဲ့တာဝန်တွေပိုထမ်းရတာ ၊ နိုးအတွက်နဲ့ သူကြိုက်တဲ့ အခြားအရာတွေကို စွန့်လွှတ်လိုက်ရတယ်ဆိုတာမျိုးဆို လုံးဝ (လုံးဝ) မကြားချင် ၊ မဖြစ်စေချင် ၊ မရှိစေချင်တဲ့ ကိစ္စတွေပါပဲ။

နောက်ပြီး နိုးတို့ ၂ ယောက်ရဲ့ လက်ထပ်ခြင်းက လက်ထပ်ခြင်းသီးသန့်ပါပဲ။

တစ်ယောက်နဲ့တစ်ယောက် မခွဲနိုင်တော့လို့ တို့ ၊

မျက်စိအောက်ကအပျောက်မခံ ချစ်ကြလွန်းလို့တို့ ၊

စီးပွားရေးကြောင့်တို့ ၊

မိဘတွေကြောင့်တို့ ၊

ပတ်ဝန်းကျင်ကြောင့်တို့  ဘာတစ်ခုမှမဟုတ်ဘူး။

အခြားဘာအကြောင်းပြချက်မှမရှိဘူး။ အတူရှိခဲ့တဲ့ နှစ်တွေကြာလို့ အလိုလိုဖြစ်လာတဲ့ သံယောဇဉ်ကလွဲရင် ဘာနှောင်ကြိုးနဲ့မှလည်း ချုပ်နှောင် ချည်တုတ်ထားတာ မရှိဘူး။

နိုးတို့ လက်ထပ်ချင်တယ် ၊ ဒါကြောင့် လက်ထပ်တယ်။

ဒီလောက်ပဲ။

ကျန်တာနိုးတို့ကြားမှာ ဘာအကန့်မှမရှိဘူး။

လက်ထပ်ပြီးရင်လည်း ဘယ်သူက ဘာလုပ်ရမယ် ၊ ဘယ်သူကတော့ ဘာတာဝန်ယူပါ ဆိုတာမျိုးလည်း မရှိပါဘူး။

ဥပမာ – ထမင်းချက်တဲ့ကိစ္စမျိုးဆို သူအားသူချက် ၊ ကိုယ်အားကိုယ်ချက်ပဲ။ ၂ ယောက်လုံးမအားတော့လည်း ဝယ်စား(ဒါမှမဟုတ်)မစားနဲ့ပေါ့။ ဒီလိုပဲသွားကြမှာ။

ပွင့်ပွင့်လင်းလင်းပြောရရင် လက်ထပ်ပြီးမှ အဆင်မပြေလည်း နှစ်ဦးနှစ်ဖက်သဘောတူ ပြတ်စဲသွားနိုင်တယ်ဆိုတာကို နိုးတို့ ၂ ယောက်လုံး နားလည်လက်ခံထားပြီးသားမို့ ရှေ့လျှောက်လည်း တစ်ယောက်ကိုတစ်ယောက် ချည်နှောင်သွားဖို့မရှိပါဘူး။

ကုန်ကုန်ပြောမယ်။

ငွေရေးကြေးရေး အစ ၊ ကိုယ်ရေးကိုယ်တာ အဆုံး ဘာတစ်ခုမှ ချုပ်နှောင်ထိန်းချုပ်ဖို့ အစီအစဉ်ကိုမရှိတာ။

ဒီနေရာမှာ  နှောင်ကြိုးလေးတစ်မျှဉ်တော့မဖြစ်မနေထားရမယ် လို့ ကတ်သီးကတ်သတ်ပြောလာရင်တော့ “သစ္စာတရား”နဲ့နှောင်ဖွဲ့ဖို့ပဲရှိတယ်။

ဒါပေမယ့် ဒီသစ္စာတရားကလည်း”တစ်သက်မှာ တစ်ယောက်ပဲချစ်ပြီး တစ်ယောက်ပဲပေါင်းရမယ် ” ဆိုတာမျိုး (လုံးဝ) မဟုတ်ပြန်ဘူး။

နောင်တစ်ချိန် တစ်ယောက်အနားမှာတစ်ယောက်နေလို့အဆင်မပြေတော့တဲ့အခါ (ဒါမှမဟုတ်) ပိုအဆင်ပြေစေမယ့် နောက်တစ်ယောက်ရှိလာတဲ့အခါ တစ်ယောက်ကိုတစ်ယောက်ပွင့်လင်းမှန်ကန်စွာ အသိပေးရမယ်ဆိုတဲ့ သစ္စာပဲ။

သစ္စာ ဆိုတာကိုက အမှန် လို့ အဓိပ္ပာယ်ရတာကြောင့် အဆင်မပြေတာကို အဆင်ပြေပါတယ် ဟန်ဆောင်ပြီး ဖုံးကွယ်ထားစရာမလိုဘူးလေနော်။

ဒီအကြောင်းတွေကို အခုလို ဖွင့်ဟတယ်ဆိုတာကလည်း စနောက်တာတွေမလုပ်ပါနဲ့တားတာမဟုတ်ပါဘူး။

စိတ်သဘောမတွေ့ဘူးဆိုတာကို အသိပေးတာပါ။စိတ်လည်းမဆိုးပါဘူး။

စတာနောက်တာလည်းသူတို့လွတ်လပ်ခွင့်ဖြစ်သလို ၊ စိတ်သဘောမတွေ့တာကလည်း နိုးလွတ်လပ်ခွင့်ပဲလေ။

လူတစ်ယောက်နဲ့တစ်ယောက်အယူအဆတွေ ခံယူချက်တွေမတူညီနိုင်တာမို့ နိုးတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက အခြားသူတွေအတွက် သူစိမ်းဆန်တယ်လို့ ထင်ချင်ထင်ကြမယ် ဆိုပေမယ့် အခုအချိန်ထိတော့ နိုးတို့ ၂ ယောက်လုံးက အဆင်ပြေပြေပါပဲ။

မာနအရမ်းကြီးတဲ့  မိန်းမတစ်ယောက်အနေနဲ့ “ကိုယ်လက်ထပ်မယ့်ယောက်ကျားတစ်ယောက်ကို ကိုယ့်ကြောင့် စိတ်မဆင်းရဲစေရအောင်၊ဒုက္ခမရောက်ရအောင် ၊ မျက်နှာမငယ်စေရအောင် ကိုယ်စွမ်းရှိသမျှ ၊ ဉာဏ်စွမ်းရှိသမျှ ကြိုးစားမယ်”ဆိုတာကတော့ ဘဒ္ဒကမ္ဘာမှာ အမှန်ကန်ဆုံးသော အတ္တလှလှတစ်ခုပဲ။

#NOe

ဖြတ်ရအခက်ဆုံး သမုဒ္ဒယသစ္စာ

“ဘဝဆိုတာတိုက်ပွဲ”လို့ဆိုကြပါစို့။
သူဟာကိုယ့်ရဲ့
(သို့မဟုတ်)
ကိုယ်ဟာသူ့ရဲ့
ရဲဖော်ရဲဖက်ဖြစ်တယ်။

“ဘဝဟာခရီးရှည်တစ်ခု”လို့ဆိုကြပြန်တော့
သူဟာကိုယ့်ရဲ့
(သို့မဟုတ်)
ကိုယ်ဟာသူ့ရဲ့
ခရီးသွားဖော်ဖြစ်လာတယ်။

တစ်ခါတစ်ရံမှာ
သူဟာ ကိုယ့်အရှေ့ကရပ်တယ်။
တစ်ရံတစ်ခါမှာ
ကိုယ်ဟာ သူ့အရှေ့ကရပ်တယ်။
ရံဖန်ရံခါမှာ
နှစ်ယောက်သား ဘေးချင်းယှဉ်ရပ်ဖြစ်ကြတယ်။

သူ့ရဲ့ဒေါသဟာ ကိုယ့်ရဲ့အမျက်ဖြစ်သလို
ကိုယ့်ရဲ့မောဟဟာ သူ့အတွက် အဝိဇ္ဇာဖြစ်ရာဖြစ်ကြောင်း။

ဒီဘဝမှာတော့ နှစ်ယောက်သားအတူတွဲပြီး
တောင်တွေကိုလည်းတက်ခဲ့ကြပြီ။
ပင်လယ်ကျယ်လည်းဖြတ်ခဲ့ကြပြီ။

ဒီဘဝကအစ နိဗ္ဗာန်မဝင်မီအထိ
သံသရာတစ်လေ ျှာက် ကျင်လည်ရဦးမယ့်
ဘဝအဆက်ဆက်မှာ
သုခဘုံတွေမှာ စံကြရဦးမယ်။
ဒုက္ခဘုံတွေမှာ ခံကြရဦးမယ်။

ဘယ်အခြေအနေပဲရောက်ရောက်
သူဟာကိုယ့်ရဲ့(သို့မဟုတ်)ကိုယ်ဟာသူရဲ့
ဖြတ်ရအခက်ဆုံး သမုဒ္ဒယသစ္စာ။

#NOe

ချစ်သူ ကို ဘယ်လိုခေါ်လဲ ?

ငနိုးကတော့ တွေ့ခါစတုန်းက ဆရာလို့ ခေါ်တယ်။
သူကဆရာလေ။
ကိုယ်တပည့်ကို။

နောက်တော့ ဦးထွန်းလင်း လို့ပြောင်းခေါ်တယ်။

နည်းနည်းကြာတော့ Mr.CEO လို့ခေါ်တယ်။

အခုလောလောဆယ်တော့

ဆရာ လို့လည်းခေါ်တယ်။
ဦးထွန်းလင်း လို့လည်းခေါ်တယ်။
Mr.CEO လို့လည်းခေါ်တယ်။
ကိုထွန်းလင်း လို့လည်းခေါ်တယ်။
ဆရာသမား လို့လည်းခေါ်တယ်။
ကာလနဂါး လို့လည်းခေါ်တယ်။
ဘိုးတော် လို့လည်းခေါ်တယ်။
ကိုယ်တော်ချော လို့လည်းခေါ်တယ်။
သမုဒ္ဒယ သစ္စာရှင် လို့လည်းခေါ်တယ်။

ခေါ်ချင်သလိုခေါ်တယ်။
အရေးကြီးတာ ကိုယ်ခေါ်နေမှန်း သူသိဖို့ပဲ။

(တစ်ခုခုဆို “သည်းခံလိုက်ပါ။ မေတ္တာထားပါ။ ခွင့်လွှတ်လိုက်ပါ။ စိတ်ကိုကြည်ကြည်လင်လင်ထားပါ။” ဘာညာနဲ့ တရားတွေချတတ်လွန်းလို့ တမင်ရွဲ့ပြီး “ဘုရားဖြစ်မယ့် အုတ်နီခဲ” လို့လည်းခေါ်တယ်။ :P)

#NOe

ကိုယ့် လက်တွဲဖော် ရဲ့ တန်ဖိုးကို မသိတဲ့သူတွေဟာ ဖောက်ပြားတတ်ကြတယ်။

ယောက်ကျားဖြစ်စေ ၊ မိန်းမဖြစ်စေ လူတွေမှာ ကိုယ်စီကိုယ်စီ မတူညီတဲ့ တန်ဖိုးလေးတွေရှိတယ်။
တန်ဖိုးထားတတ်တဲ့အရာလေးတွေရှိတယ်။

ဥပမာ
တစ်ချို့က လှတာကို တန်ဖိုးထားတယ် ။
တစ်ချို့က အတွေးအခေါ်မြင့်တာကို တန်ဖိုးထားတယ်။
တစ်ချို့ကျပြန်တော့လည်း ငွေကြေး ဥစ္စာတွေကို တန်ဖိုးထားတယ်။

ဒီတော့ ကိုယ်ချစ်ရတဲ့ ကိုယ့်ရဲ့လက်တွဲဖော် (ချစ်သူ၊ရည်းစား ၊ အိမ်ထောင်ဖက် )မှာ ကိုယ်တန်ဖိုးထားရတဲ့ အချက်လေးတွေမရှိဘူးဆိုတာသိရတဲ့အခါ (ဒါမှမဟုတ်) ပျောက်ဆုံးသွားတဲ့အခါ လူအများစုဟာ ဖောက်ပြန်ခြင်းကို ဦးတည်တတ်ကြတယ်။

ဒါဟာချစ်တယ် ၊ မချစ်ဘူးနဲ့မဆိုင်ဘူး။
ဖောက်ပြန်ခံရတဲ့သူမှာလည်းအပြစ်မရှိဘူး။
ချစ်ရက်နဲ့လက်တွဲခဲ့ကြပြီးမှ ဖောက်ပြန်ကြတဲ့ကိစ္စတွေအများကြီးပဲလေ။
ဥပမာ
ကိုယ့်တန်ဖိုးက အတွေးအခေါ်မြင့်တာဖြစ်နေပေမယ့် တစ်ဖက်လူရဲ့ တန်ဖိုးထားရာက ရုပ်ပိုင်းဆိုင်ရာအလှအပ ဖြစ်နေတဲ့အခါ ဖောက်ပြန်ခံရဖို့များတယ်။

လက်တွဲဖော်ရဲ့ တန်ဖိုးကိုသိပြီး အမှန်တကယ်တန်ဖိုးထားတယ်ဆိုတာကလည်း
ကားပေါ်ကအဆင်းထီးမိုးပေးတာ ၊
အိမ်ပြန်ချိန် အိမ်အောက်ထိလိုက်ပို့တာ ၊
ပိတ်ရက်တွေမှာ ဟင်းချက်ကျွေးတာ၊
အထိမ်းအမှတ်နေ့တွေမှာ အမှတ်တရတွေစီစဉ်ပေးတာ ၊
လိုချင်တဲ့ပစ္စည်းကို အလိုက်တသိဝယ်ပေးတာ၊
စသဖြင့်
စသဖြင့်
စသဖြင့် တွေထက် အများကြီး (အများကြီး) ပိုပါသေးတယ်။

အမှန်တကယ် တန်ဖိုးထားတယ်ဆိုတာရဲ့နောက်မှာ လေးစားခြင်းဆိုတာကပ်ပါလာတယ်။

ကြောက်တာမဟုတ်ဘူးနော်။
သူ့ရဲ့ဖြစ်တည်မှု ၊ ရပ်တည်မှု တွေကိုပါ လက်ခံနိုင်လာတဲ့ လေးစားမှုမျိုး။

နားငြီးလို့ခေါင်းညိတ်တာမျိုးမဟုတ်ဘဲ
သူ့ရဲ့ဆုံးဖြတ်ချက် ၊ ခံယူချက်တွေ က ကိုယ်နဲ့ သဘောထားမတိုက်ဆိုင်သည့်တိုင် ထောက်ခံပေးနိုင်တဲ့ လေးစားမှုမျိုး။

အလိုလိုက်တာမျိုးမဟုတ်ဘဲ
သူ့ရဲ့ ကြိုက်ခြင်း ၊ မကြိုက်ခြင်းတွေကိုပါ နားလည်ပေးနိုင်တဲ့ လေးစားမှုမျိုး တွေနဲ့ အမြတ်တနိုးလေးစားတာ။

အကယ်၍သာ လူတစ်ယောက်ဟာ သူ့ရဲ့လက်တွဲဖော်ကို ဒီလိုလေးစားမှုမျိုးတွေနဲ့တန်ဖိုးထားပြီး မြတ်နိုးရကောင်းမှန်း သိတတ်ခဲ့မယ်ဆိုရင် ဖောက်ပြားလိုစိတ်ဆိုတာ ဘယ်ဆီနေမှန်းတောင် သိမှာမဟုတ်ဘူး။

ဒီနေရာမှတစ်ခုပြောချင်တာက လောဘမကြီးဘဲ သူ့ဖက် ကိုယ့်ဖက် မျှကြည့်တတ်ဖို့လည်းလိုသေးတယ်ဆိုတာပါပဲ။

“ကိုယ်ကြိုက်တဲ့ဟော့ပေါ့ကို မင်းလိုက်စားရမယ်။
မင်းကြိုက်တဲ့ ကော်ဖီတော့ ကိုယ်လိုက်မသောက်နိုင်ဘူး။” ဆိုတဲ့အကျင့်တွေနဲ့တော့ တန်ဖိုးထားလေးစားမှုတွေ တောင်းဆိုလို့မရဘူးပေါ့။

အချုပ်ပြောရရင်တော့
ဖောက်ပြန်မခံချင်ဘူးဆိုရင် ကိုယ့်တန်ဖိုးကို သိတဲ့သူနဲ့ပဲလက်တွဲပါ။
ဖောက်ပြန်တတ်သူမဖြစ်ချင်ဘူးဆိုရင် ကိုယ်တန်ဖိုးထားနိုင်တဲ့သူနဲ့လက်တွဲပါ။
ဖောက်ပြန်လည်း မခံချင်ဘူး ၊ ဖောက်ပြန်တတ်သူလည်း မဖြစ်ချင်ဘူးဆိုရင်တော့ နှစ်ဦးနှစ်ဖက်အပြန်အလှန်တန်ဖိုးသိပြီး တန်ဖိုးထားနိုင်တဲ့သူအချင်းချင်း လက်တွဲပါ။

နောက်ဆုံးအနေနဲ့ဖြည့်စွက်ပြောရရင်တော့
“ကိုယ့်ကိုကိုယ် လေးစားတတ်တဲ့သူတွေပဲ အခြားလူတွေကိုလေးစားရကောင်းမှန်းသိကြတာပါ။”

( ဟိုနေ့က ကိုထွန်းလင်းနဲ့ဆွေးနွေးရင်း ရလာတဲ့ အတွေးအခေါ်လေးကို အခြေခံရေးလိုက်တာပါ။ အမြင်မတူတာတွေလည်း ရှိပါလိမ့်မယ်။)
#NOe

ဦးဝိစာရအဝိုင်းနားရောက်တိုင်း ကိုထွန်းလင်းကို သတိရတယ်။

လွန်ခဲ့တဲ့ ၄ နှစ်လောက်က မြို့ထဲမှာ ရုပ်ရှင်ကြည့် ၊ ကြေးအိုးစားပြီး အိမ်ကိုလမ်းလျှောက်ပြန်တုန်း (ဘာကိစ္စနဲ့ ထငြိကြမှန်းတော့ မမှတ်မိဘူး) ငနိုးတစ်ယောက် စိတ်တွေဆိုးပြီး တစ်ယောက်တည်း ဒေါနဲ့မောနဲ့ ဆောင့်ဆောင့် ဆောင့်ဆောင့် လျှောက်သွားလိုက်တာ ဘယ်လိုကနေဘယ်လို အဲဒီအဝိုင်းပေါ်ရောက်သွားလဲမသိဘူး။
ကားတွေကလည်းမတရားရှုပ်နေလို့ ပြန်မဆင်းတတ်တော့မှ ကိုထွန်းလင်းဆီ ဖုန်းဆက်ပြီး လာခေါ်ခိုင်းရတယ်။ 😬😬
သူကလာခေါ်မယ်ထင်လား?
ဝေးသေး 😬
ဖုန်းထဲကပဲ ” ဟိုနားသွား ၊ ခဏစောင့် ၊ကူးတော့” ဘာညာနဲ့ညွှန်ကြားရေးတွေလုပ်တာ။

ဘာပဲပြောပြော လူသွားလမ်းပေါ်ပြန်ရောက်လာတော့ တော်သေးတာပေါ့။ 😜

တစ်ခါတစ်လေဆိုရင်လွမ်းမိတယ်။
ဘူတာရုံမှာထိုင်
ရထားစီး
ရုပ်ရှင်ကြည့်
မြို့ထဲလျှောက်ပတ်
ကြေးအိုးစား
အိမ်ကိုလမ်းလျှောက်ပြန်
လမ်းမှာ အကြောင်းအရာစုံအောင် စကားတွေဖောင်ဖွဲ့
တစ်ခါတစ်လေ သဘောတရား ကွဲလွဲကြတဲ့အခါ ရန်လေးဘာလေးဖြစ်
ပြောရင်းဆိုရင်း လွမ်းလာပြီ။ 😬😬

တစ်ရက်လောက် ချိန်းတွေ့ဦးမှပါလေ။

#NOe

ဟိုးတုန်းက Super Sunday များ ပြန်လည်တမ်းတမိ

နေ့လည် ၁၁ နာရီလောက် ဦးကျော်ထမင်းပေါင်း ဆိုင်မှာစောင့်ပါချစ်သူ။SUNDay
အခေါက်အသားရော ထမင်းပေါင်း ၂ပွဲခွဲကို နှစ်ယောက်သား ခေါင်းမဖော်တမ်းစားပြီးတဲ့အခါ ပက်စီတစ်လုံးသောက်ချင်တယ်။နောက်ပြီး ကျွဲခေါင်းသီးစားချင်တယ် ချစ်သူ။
မြို့ပတ်ရထားပေါ်ရောက်ရင် ဝယ်ကျွေးပါ။
အင်းစိန်ဘူတာမှာ တက်လေ့ရှိတဲ့
စျေးသည်တွေရဲ့ ပန်းခြင်းတောင်းကြီးတွေက
နှင်းဆီနံ့သင်းသင်းလေးတွေကိို ရှူရှိုက်ရင်း
ကမ္ဘာပေါ်မှာ ဘယ်သူမှမကြားဖူးတဲ့ ပုံပြင်တစ်ပုဒ်ကိုစပြောပါချစ်သူ။
ပုံပြင်အဆုံး မြို့ထဲဘက်ပြန်ရောက်တဲ့အခါ
ဘူတာကြီးမှာဆင်းပြီး နေပြည်တော်မှာ ရုပ်ရှင်ကြည့်ကြမယ်။
လက်မှတ်ကိုကျုပ်ဝယ်မယ်။
မုန့်ကိုရှင်ဝယ်ပါ။
ကျုပ်အတွက်ရေညှိပါပါစေ။
ရှင့်အတွက် ငုံးဥပါပါစေ။
နှစ်ယောက်လုံးအတွက် ရေသန့်ဘူးကြီးလိုအပ်တယ်။နေကြာစေ့က အလုပ်ရှုပ်တယ်။ခွါပြီးသားဖရုံစေ့ ၂ထုပ်ပဲဝယ်ပါ။
ရုပ်ရှင်အချိန်စောနေသေးရင် ရုံရှေ့က ပလပ်ဖောင်းတွေမှာထိုင်စောင့်ရင်း ဖြတ်သွားသမ ျှ ကားနံပါတ်တွေလိုက်ပေါင်းပြပါချစ်သူ။
ရုပ်ရှင်ပြီးရင် ရွှေတောင်တန်းလမ်းက စကားဝါမှာကြေးအိုးသွားစားမယ်။
ထုံးစံအတိုင်း ဝက်ကြေးအိုး ရိုးရိုး အရော ၂ ပွဲ။
အရင်ရောက်တာ ကျုပ်ပန်းကန်။
နောက်မှရောက်မယ့် ရှင့်ပန်းကန်ထဲက အသဲနဲ့ကလီစာတွေကကျုပ်ဝေစု။
ကျုပ်ပန်းကန်ထဲက ငုံးဥ ၂ လုံးနဲ့အသားလုံးက ရှင့်ခွဲတမ်း။
ကြေးအိုးစားပြီး ဖရူတို တစ်လုံးမှာပါ။
ငွေရှင်းပြီးရင် အိမ်ပြန်ချိန်။
အေးအေးဆေးဆေး လမ်းလေ ျှာက်ပြန်ရင်း
စကားလေးဘာလေးပြောကြတာပေါ့။
Steve Job ၊ Dota 2 ၊ စကြာဝဠာ ၊
SUNDEW ၊ နည်းပညာ၊ ဟစ်တလာ ၊
ကလီယိုပတ်ထရာ၊ မာရီလင်မွန်ရိုး၊
ကမ္ဘာစစ်တွေ ၊ မြန်မာခေတ်တွေ
စသဖြင့် စသဖြင့် စသဖြင့်
ရောက်တတ်ရာရာ။
ခြေထောက်တွေညောင်းတဲ့အခါ
သိမ်ဖြူမီးပွိုင့်က ပလပ်ဖောင်းမှာ ခဏထိုင်နားမယ်လေ။
အညောင်းပြေတဲ့အခါ ဆက်လေ ျှာက် ၊
ကျုပ် အိမ်အောက်ရောက်တဲ့အခါ တာ့တာပါ။

ချစ်တယ်(၁)

ကိုယ်စီ လိုအပ်မှုကွက်လပ်တွေကို ဖြည့်ဆည်းနိုင်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့
တစ်ယောက်ကိုတစ်ယောက် ပိုင်ဆိုင်နိုင်အောင် ကြိုးစားခဲ့ကြတာမဟုတ်ဘူး။

တစ်ယောက်တည်း အဆင်ပြေပြေ ရပ်တည်နိုင်တဲ့ ကိုယ်စီ ဘဝတွေမှာ
တစ်ယောက်ကိုတစ်ယောက် ချစ်ခင်တွယ်တာ ၊ မေတ္တာရှိလွန်းလို့သာ
သံသရာဆုံးတိုင် လက်တွေတွဲဖို့ အားထုတ်ခဲ့ကြခြင်းဖြစ်တယ်။

တစ်ယောက်ကိုတစ်ယောက် မရှိမဖြစ် လိုအပ်နေကြတာမဟုတ်လို့
“တစ်ယောက်မရှိမှာ တစ်ယောက်သေမလောက်အောင်ကြောက်တယ်” ဆိုတဲ့ စိတ်ကူးယဉ်မှုတွေထက်
“အရင်ထွက်သွားမယ့်သူ နောက်ဆံမတင်းရအောင်
ကျန်ခဲ့မယ့်သူက ဘယ်လိုအကောင်းဆုံးရပ်တည်ရမလဲ”
“ကျန်ခဲ့ရမယ့်သူ ဒုက္ခမများရအောင်
အရင်ထွက်သွားမယ့်သူက ဘယ်လိုတွေအကောင်းဆုံး တာဝန်ကျေသွားရမလဲ”ဆိုတာတွေပဲ
ခေါင်းထဲထည့်ထားတယ်။