ငနိုးနှင့် E – Ticket

ဒီမနက်ကပေါ့ အမေက အဖွား နယ်ပြန်မှာမို့ လေယာဉ်လက်မှတ်ဝယ်ဖို့ မြို့ထဲသွားမယ်ပြောတော့
လျှာရှည်တဲ့ ငနိုူးတစ်ယောက် “ဒီလောက်ခေတ်ကြီးမှာ လေယာဉ်လက်မှတ်ဝယ်ဖို့များ မြို့ထဲသွားစရာမလိုပါဘူး။Online ကနေလုပ်လိုက်ရုံပဲ”လို့ အာချောင်မိတယ်လေ။
ကိုယ်တွေက IT နယ်ပယ်ထဲကလေ။ IT သုံးရင် ဘယ်လောက် လွယ်ကုူတယ်ဆိုတာ သက်သေပြချင်တာကိုး။

“အဲ့လို့ဆိုလည်း ပိုက်ဆံယူသွား။စနေနေ့ပြန်မယ့် လေယာဉ်လက်မှတ်ကို ဒီနေ့အရောက်လိုချင်တယ်”ဟု မယ်တော် မားသားကြီးက တစ်ချက်လွှတ် မိန့်တော်မူတယ်။

ရုံးရောက်တော့ ကွန်ပြုူတာလေးဖွင့် ဟိုရှာ ၊ ဒီရှာလုပ်ပြီး စျေးတွေလိုက်ကြည့်။ သဘောတွေကျပြီး အသက်သာဆုံးဆိုတာလေးကို ရွေးပြီး Booking လုပ်။
Payment လည်းကြည့်လိုက်တော့မှ “ငါ့ လခွမ်း ” Online Banking နဲ့မရဘူးဟ။1-Stop လည်းမရဘူး။ Master , Visa နဲ့ပဲရမယ်တဲ့။ ဒါမှမဟုတ် သူတို့ ရုံးချုပ်မှာ ငွေလာသွင်းရမယ်တဲ့။

“မှန်းစမ်း။ “Online Banking ရတဲ့ Airline တွေပြန်ကြည့် လိုက်ပြန်တော့လည်း စျေးက ထက်ဝက်မကပိုများနေတယ်။
ဟူး…………………………………

ဘာလုပ်ရမယ်မှန်းကို မသိတော့ ဘူး။ရုံးအတွက်သုံးတဲ့ Master ကတ်ကြီးကိုလည်း Personal အတွက်မသုံးချင်ဘူး။အလကားနေ စျေးပိုတွေလည်း မပေးချင်ဘူူးရယ်။

နေ့လည်ကျမှ သူတို့ရုံးမှာငွေသွားသွင်းပြီး ညဘက် အိမ်ပြန်ရောက်မှ “အမေရေ ။ ဟော့ဒီမှာ Online ကနေဝယ်တဲ့E Ticket ဆိုတာကြီးလေး”ဆိုပြီး ခပ်တည်တည်နဲ့ပေးလိုက်တော့မယ်။
လွယ်တော့မလွယ်ဘူး။ ဒါပေမယ့် ကြံတတ်ရတာပေါ့လေ။

ချောင်ချင်ဦးအာ။

ရှည်ချင်ဦး လျှာ။

ပြည်တန်ပတ္တမြား (or) ဆယ်ပြားစေ့

ဘယ်သူရေးလဲတော့ မသိပါဘူး။
မိန်းကလေးတွေအတွက် ဆိုပြီး Facebook မှာ ခဏခဏ တက်တက်လာတဲ့ ပုံပြင်တစ်ပုဒ်ရှိတယ်။

အဘိုးကြီးရယ် ၊ သူ့မြေးမလေးရယ် ၊ ဆယ်ပြားစေ့ရယ် ပါတဲ့ ပုံပြင်လေဗျာ။

ပုံပြင်ကို မှတ်မိသလောက်အတိုချုပ်ပြောရရင်

တစ်နေ့
အဘိုးကြီး
ဆယ်ပြားစေ့ကို
လက်မှာဆုတ်
မြေးမကိုခေါ်
ဒီလက်ထဲမှာဘာရှိလဲသိချင်လားမေး
မြေးမလေးကကြည့်ချင်တယ်ပြော
လွယ်လွယ်နဲ့မပြ
မြေးမလေးကပိုကြည့်ချင်
ထုံးစံအတိုင်း
တစ်ခုခုလုပ်ပေးဖို့ခိုင်း
ပြီးမှလက်ကိုဖြန့်ပြ
မြေးမလေးက ဆယ်ပြားစေ့ကိုတွေ့
အဘိုးကြီးကလက်ကိုပြန်ဆုတ်
ဒီလက်ထဲမှာဘာရှိလဲသိချင်လား နောက်တစ်ခေါက်ထပ်မေး
မြေးမလေးကမကြည့်ချင်တော့ဘူးပြော
အဲဒီမှာ “မိန်းကလေး ဆိုတာ ဒီလိုပဲ” အစချီ ဆုံးမစကားပြော
ပုံပြင်လည်းပြီး။
————————————————–

တွေးကြည့်ရင်တော့ ဟုတ်မလိုလိုပဲ။
သေချာစဉ်းစားကြည့်တော့
မြေးမလေးက နောက်တစ်ခေါက်ဘယ်ကြည့်ချင်ပါ့မလဲ။
အဘိုးကြီးက ဆယ်ပြားစေ့လေးဖွက်ပြတာလေ။
တန်ဖိုးမှမကြီးတာ။

ပြည်တန်ပတ္တမြားသာဖွက်ပြကြည့်ပါလား။
နောက်တစ်ခါကြည့်ချင်ရုံသာမက
ပိုင်ဆိုင်ရဖို့တောင်ကြိုးစားလိုက်ဦးမှာ။

တကယ်တော့ တန်ဖိုး ဆိုတာ
လုံခြုံအောင်ဖုံးထားတာ ဖွက်ထားတာနဲ့မဆိုင်ဘူးဗျ။
ပင်ကိုယ် အရည်အချင်း ၊ အရည်အသွေးနဲ့သာ တိုက်ရိုက်အချိုးကျတာမျိုး။

အဲလိုပဲ
မိန်းမတစ်ယောက်ရဲ့ တန်ဖိုးဆိုတာလည်း
သူ့ရဲ့ ခန္ဓာကိုယ်ကို လူမမြင်အောင် အချိန်ပြည့် ဖုံးထားရုံ ၊ ဖွက်ထားရုံးနဲ့ တိုက်ရိုက်အချိုးမကျဘူးဗျ။
အခြေအနေနဲ့အချိန်အခါဆိုတာရှိတယ်။
ဆယ်ပြားစေ့ဆိုရင်တော့ မသိဘူးလေနော်။

ဒါနဲ့စကားမစပ်
မိန်းမတစ်ယောက်အတွက် ယုံကြည်မှုအပြည့်နဲ့ Bikini ဝတ်နိုင်ဖို့ဆိုတာ
တော်ရုံအရည်အချင်း ၊ တန်ရုံကြိုးစားအားထုတ်မှုနဲ့မရဘူးဆိုတာလည်း
စဆကရ တွေ နားလည်အောင် ဘယ်လိုရှင်းပြရင်ကောင်းမလဲ ဟင်။

.mm Domain လေးသွားလျှောက်ခြင်း

တစ်ခုလောက်ပြောချင်တယ်သိလား?
မြန်မာနိုင်ငံမှာလေ com.mm domain လေးဝယ်တာလေ
Showroom ကိုလူကိုယ်တိုင်သွားရတယ်။
လျှောက်လွှာတင်ရတယ်။
မှတ်ပုံတင်မိတ္တူပေးရတယ်။
Company Register မိတ္တူပေးရတယ်။
USD 60 ကို In Cash ပေးရတယ်။
Domain Activate ဖြစ်ဖို့ ၁၀ ရက်စောင့်ရတယ်။
ပြီးလည်းပြီးရော ရလာတဲ့ Domain က Name Server Change မရဘူးတဲ့။

သားမှားတာပါ။
သားမှားတာပါ။
ဒီ Project ကို လက်ခံမိတာကိုက သားမှားတာပါ။

မတတ်သာတဲ့အဆုံးဆိုရင်
Customer ကို တောင်းပန်ကြောင်း စာ ပို့ပြီး
ငွေပြန်အမ်းပေးလိုက်ရမှာပေါ့ဗျာနော့်။

စီးပွားရေးအရ ရှုံးပေမယ့် အတွေ့အကြုံရတာ အမြတ်ပါ။
နောက်ဆို ဆင်ခြင်ပါ့မယ်လို့……………….။

အရှိကို အရှိအတိုင်းသာ ဖွင့်ပြောမည်

နိုး အသက် (၁၃) နှစ် (၈တန်းကျောင်းသူအရွယ်) မှာ
ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ ရွေးချယ်ရမယ့် ကိစ္စတစ်ခုကြုံခဲ့ရပါတယ်။
တစ်ခုက တပ်မတော်နေ့ အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲဖြစ်ပြီး ၊ နောက်တစ်ခုက တပ်မတော်နေ့အထိမ်းအမှတ် ရုပ်မြင်သံကြား ဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲဖြစ်ပါတယ်။
ဉာဏ်စမ်းအတွက်က တပ်မတော် သမိုင်း လေးအုပ် ကို လေ့လာရပါမယ်။(အချိန် ၂ လရပါတယ်)။
ကျပန်းစကားပြောဖို့က ရ တန်းကတည်းက လေ့ကျင့်ပြီးသား။(မိတ်ဆက်စာသားတွေ အခုထိအလွတ်ရနေဆဲ)
ကလေးပီပီ TV မှာပါချင်တာရယ်။
အသစ်တွေကို စိတ်ဝင်စားတာရယ်။
စိန်ခေါ်မှုတစ်ရပ်ကိုလောင်းကြေးထပ်ချင်တာရယ်တွေကြောင့်
ဉာဏ်စမ်းကိုရွေးလိုက်ပါတယ်။
ဒီလိုနဲ့ ကံကောင်းထောက်မစွာပဲ
ကျောင်းအဆင့်
မြို့နယ်အဆင့်
တိုင်းအဆင့် အထပ်ထပ်ကို ပထမ အဆင့်နဲ့ကျော်လာပြီး
ဗဟိုအဆင့်ဖြေဖို့ အကြောင်းဖန်လာပါတယ်။
(TV မှာပါတော့မယ်ဆိုတာရယ် ၊ ပြိုင်ပွဲအကြောင်းပြပြီး စာမကျက်ရတာရယ် ပေါင်းပြီးအပျော်ကြီးပျော်တာပေါ့။ )
အဲ့ဒီနှစ်က ဉာဏ်စမ်းပြိုင်ပွဲ မတိုင်မီလုပ်တဲ့ တပ်မတော်နေ့အထိမ်းအမှတ် စာစီစာကုံး ၊ ပန်းချီ ၊ပိုစတာ ပြိုင်ပွဲတွေမှာ ရန်ကုန်တိုင်းက ပထမ မရလို့ တာဝန်ရှိသူတွေအားလုံး လူကြီးတွေဆီမှာ မုန့်ဟင်းခါးအကျွေးခံထားရပါတယ်။
ဒါကြောင့် ဉာဏ်စမ်းမှာ ပထမ ရမှဖြစ်မယ်ဆိုပြီး လူကြီးတွေက နိုးကို တစ်ပတ်တစ်ခါ အခြေခံ (၃) ကိုခေါ်ပြီး ပြိုင်ပွဲအတွက် သေသေချာချာ လေ့ကျင့်ပေးပါတယ်။( အနီးကပ်လေ့ကျင့်ပေးတာကတော့ အရမ်းချောတဲ့ အန်တီတစ်ယောက်ပါ။ နာမည်တော့မပြောတော့ပါဘူး။ဘာရာထူးလည်းဆိုတာတော့မမှတ်မိတော့ပါဘူး။)
ဒီလိုနဲ့ နိုးကို အတွေ့အကြံုရအောင်ဆိုပြီး မပြိုင်ခင် တစ်ပတ်အလိုမှာကျင်းပမယ့် လွတ်လပ်ရေးနေ့အထိမ်းအမှတ်ဉာဏ်စမ်းပြိုင်ပွဲကို သွားကြည့်ခွင့်ရအောင်လည်းစီစဉ်ထားပြီးပါပြီ။
မေးခွန်းတော်တေ်ာများများလည်းဖြေတတ်နေပါပြီ။
ဘယ်လိုနေထိုင် ပြောဆို ရမယ်ဆိုတာလည်း သိနေပါပြီ။
ပြိုင်ပွဲနေ့ဝတ်မယ့် အဖြူအစိမ်းလေးလည်း အဖွားချုပ်ပေးလို့ အဆင်သင့်ဖြစ်နေပါပြီ။

ဒီလိုနဲ့ပေါ့ဗျာ

အဲဒီနေ့က စနေ ၊ တနင်္ဂနွေတက်ရတဲ့ English Class က အဖွဲ့တွေနဲ့ ကန်တော်ကြီးမှာ ပျော်ပွဲရွှင်ပွဲလိုက်သွားတာ ညနေ ၅ နာရီလောက်မှာအိမ်ပြန်ရောက်ပါတယ်။အိမ်ရောက်ရောက်ချင်းပဲ နိုးကို ပြိုင်ပွဲနဲ့ပက်သက်ပြီး အစစအရာရာ စီစဉ်ပေးနေတဲ့ ဆရာမကလာခေါ်လို့ ချက်ချင်းအဖြူအစိမ်းလဲပြီး အခြေခံ(၃)ကို လိုက်သွားရပါတယ်။
ဟိုရောက်တော့ ကျောင်းသူနှစ်ယောက်ကိုတွေ့ပါတယ်။
တစ်ယောက်က လသာ(၂)က ကိုးတန်းကျောင်းသူပါ။(ရန်ကုန်တိုင်းအဆင့်ဖြေတော့ နိုးက ပထမရပြီး သူက ဒုတိယ ရခဲ့တာပါ။)
နောက်တစ်ယောက်ကနိုးနဲ့ရွယ်တူပါ။သူနဲ့အတူဆရာမ(၃)ယောက်ပါလာပါတယ်။(သူ့ကိုတော့ နိုးမသိပါဘူး။ မြင်ဖူးသလိုလိုတော့ရှိပါတယ်။)
လူကြီးတွေအကုန်မျက်နှာမကောင်းတာ သတိထားမိပါတယ်။
ပြိုင်ပွဲအတွက် စာမေးပွဲပြန်ဖြေရမယ်ပြောပါတယ်။
မေးခွန်း (၁၀)ခုမေးပါတယ်။
နိူး အားလုံးဖြေနိုင်ခဲ့ပါတယ်။
အဖြေတွေစစ်နေတဲ့အချိန် လသာ(၂) က အမနဲ့ စကားတွေပြောဖြစ်ခဲ့ပါတယ်။( သူက ကျူရှင်ဖျက်ပြီးလာရတာဖြစ်လို့ စိတ်ညစ်ကြောင်း ညည်းသွားပါတယ်။)
(၁)နာရီလောက်ကြာတော့နိုးဆရာမ ထွက်လာပြီး ” ဆိုင်ရာပိုင်ရာက လူကြီးတစ်ယောက်ရဲ့ မြေးဖြစ်သူ (လသာ(၂) က အမ မဟုတ်တဲ့ တစ်ယောက်) က ဖြေချင်တယ် ဆိုလို့ နိုး ဒီ ဉာဏ်စမ်းကိုမဖြေရတော့ကြောင်း” ပြောပါတယ်။
ည (၉)နာရီကျော်မှာ အိမ်ပြန်ရောက်ပါတယ်။
ဆရာမက အမေနဲ့ အဖွားကို အကျိုးအကြောင်းပြောပြပါတယ်။
အားလုံးက နိုးကို စိတ်ဓာတ်ကျသွားမှာစိုးရိမ်နေပုံပေါက်ပါတယ်။
အရိုးသားဆုံး ၀န်ခံရရင် ၀မ်းနည်းမိတာကလွဲရင် စိတ်ဓါတ် (လုံးဝ) မကျခဲ့ပါဘူး။မျက်ရည်လည်းတစ်စက်မှမကျခဲ့ပါဘူး။
အဲ့ဒီ့အချိန် နိုးခေါင်းထဲမှာတွေးမိတာ တစ်ခုပဲရှိပါတယ်။
“မိဘဆွေမျိုး အသိုင်းအဝိုင်းကောင်းတာကလည်းမွေးရာပါ အရည်အချင်းတစ်ခု”ဆိုတာပါ။
မြန်မာ့အသံက ပြိုင်ပွဲအစီအစဉ်ကိုလွှင့်တော့ စောင့်ကြည့်ခဲ့ပါတယ်။
(ဘယ်လိုပဲဖြစ်ဖြစ် နိုးကို ကူညီခဲ့ကြတဲ့ ၊ လေ့ကျင့်သင်ကြားပေးကြတဲ့
အန်တီနဲ့တကွ တာဝန်ရှိသူတွေ အဆူမခံရအောင် ရန်ကုန်တိုင်းကိုယ်စားပြုတဲ့ သူ့ကို ပထမ ရစေချင်ခဲ့ပါတယ်။)ဒါပေမယ့် ဘာဆုမှမရခဲ့လို့လည်း ၀မ်းနည်းခဲ့ရပါတယ်။(၁၃ နှစ်သမီးရဲ့ စိတ်ရင်းအမှန်နဲ့ပြောတာပါ။အခုုအချိန်ဆိုရင်တော့ မပြောတတ်ဘူး။)

ဒီအကြောင်းတွေကို အခုလိုရေးနေတာဟာ ချီးခြောက်တွေကိုရေနူးတာမဟုတ်သလို တစ်ဦးတစ်ယောက်ကို ထိခိုက်နစ်နာစေလိုတာကြောင့်လည်းမဟုတ်ပါဘူး။ကိုယ်ရည်သွေးချင်တာလည်းမဟုတ်ရပါဘူး။
ဒီနေ့ နိုး တင်လိုက်တဲ့ Status တစ်ခုကို အဓိပ္ပါယ်တောင် သေချာမသိတဲ့ ပညာတတ်အမည်ခံတစ်ဦး (ဆရာဝန်မဟုတ်ပါ) က Chat Box မှတစ်ဆင့်မဟုတ်က ဟုတ်က ရိုင်းစိုင်းစွာ စွပ်စွဲလာလို့ ရေးတင်လိုက်တာပါ။
နိုးက တပ်မိသားစုက ပေါက်ဖွားလာတာ (လုံးဝ) မဟုတ်ပါဘူး။
တစ်ချိန်တစ်ခါက တန်ခိုးအာဏာ ကြီးထွားသူတွေထဲမှ တစ်ချို့ရဲ့ အနိုင်ကျင့်ဗိုလ်ကျမှုကို အသက် (၁၃)နှစ် အရွယ်မှာ နိုး ကိုယ်တိုင် ကိုယ်ကျ နဖူးတွေ့့ ၊ ဒူးတွေ့ ကြံုခဲ့ဖူးပါတယ်။
ဒါပေမယ့် အားလုံးကို ၀ါးလုံးရှည်နဲ့ ပတ်ရမ်းတတ်တဲ့ သူတွေထဲမှာ နိုးမပါဘူး။
ကိုယ်ရေးကိုယ်တာနဲ့ပတ်သတ်ပြီး အတ္တကြီးချင်ကြီးမယ် ။ အမြင်ကျဉ်းချင် ကျဉ်းမယ်။
နိုင်ငံ့အရေး (နိုင်ငံရေးမဟုတ်ပါ) နဲ့ပတ်သတ်ရင်တော့ အမှန်တွေ ၊ အမှားတွေ ခဏထားပြီး အရှိတရားကိုမြင်နိုင်ဖို့ပဲ ကြိုးစားတယ်။
(လောကီရေးရာမှာ အမှန် ၊ အမှား ဆိုတာက အခြေအနေပေါ်မူတည်ပြီးပြောင်းလဲနေတာလေ။)

“ထုံးလည်း အဖြူရောင် ၊ ဗျိုင်းလည်း အဖြူရောင် ဆိုပေမယ့် ထုံးနဲ့ ဗျိုင်းက မတူဘူးဆိုတာတော့ လက်ခံရမှာပဲ။”